ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ႏွစ္ကိုယ္တူခ်စ္ရည္မွွ်၍ဘဲျဖစ္ျဖစ္၊ မိဖဘိုးဘြားမ်ား
ဆႏၵကိုမလြန္ဆန္နိုင္၍ဘဲျဖစ္ျဖစ္ အိမ္ေထာင္က်ျပီဆိုပါစို ့။ မဂၤလာရက္ျမတ္
မွသည္ ရတုအဆက္ဆက္တိုင္ေအာင္ “ ဒီလင္ ဒီမယား
အိုေအာင္မင္းေအာင္ေပါင္းရပါေစ” လို ့လူၾကီးသူမေတြက ဘယ္လိုပင္
၀ိုင္း၀န္းဆုေတာင္းေပးၾကပါေစ…ကာယကံရွင္္ဇနီးေမာင္ႏွံရဲ့အျပန္အလွန္ တာ၀န္ယူသိတတ္မႈကသာ ပဓာဏက်လွပါတယ္။ ၾကင္စဦးကာလမွာ အမွတ္မထင္
လက္လြတ္စပယ္ ျပဳမူ-ေျပာဆို-ဆက္ဆံလိုက္ျခင္းက တစ္ဖက္သားကို စိတ္ဒဏ္ရာရေစကာ
အိမ္ေထာင္သက္တေလွွ်ာက္လံုး အဖုအထစ္ေလးေတြ ျဖစ္လာေစနိုင္တာေၾကာင့္ ေအာက္ပါ
နည္းလမ္းေကာင္းမ်ားျဖင့္ ၾကိဳးစား က်င့္ၾကံေစလိုပါတယ္။

(၁) ကေလး(အစ)/လူၾကီး(အဆံုး) လူသားတိုင္းခ်ီးမႊမ္းခံရတာကို
ႏွစ္ျခိဳက္သူမ်ားေပမို ့၊ သူ(အိမ္ေထာင္ဖက္)က ျပဳလုပ္နိုင္ခဲ့တဲ့
ေအာင္ျမင္မႈတစ္ခုခုအတြက္ ပိုပိုသာသာေလး ခ်ီးမြမ္းစကားေျပာေပးလိုက္ပါ။

(၂) အကယ္၍ သင္က သင့္အိမ္ေထာင္ဖက္ထက္ ေတာ္ေတာ္ေလး အသက္ၾကီးေနပါေစ “ငါသိ
ငါတတ္ ဆရာၾကီးေလသံ” မ်ိဳးနဲ ့ ဘယ္ေတာ့မွ မေျပာမိပါေစနဲ ့။

(၃) “လင္နဲ ့မယား လွ်ာနဲ ့သြား” ဆိုသလို အျမင္မတူလို ့
ခြန္းၾကီးခြန္းငယ္ စကားမ်ားၾကျပီဆိုပါစို ့။ “စကားနည္း ရန္စဲ” ဆိုတဲ့
အတိုင္း ႏႈတ္မကြ်ံမိရေစေအာင္ စကားကိုကုန္ေအာင္မေျပာဘဲ
အစားကိုကုန္ေအာင္စားျပီး၊ အိပ္ေရး၀၀သာအိပ္ပစ္လိုက္ပါ။
ေဘးထိုင္ဘုေျပာေနတာမ်ိဳးကို (လံုး၀) မလုပ္မိပါေစနဲ ့။

(၄) အျပန္အလွန္နားလည္ေအာင္ ၾကိဳးစားေနတဲ့ ၾကင္စဦးကာလမွာ၊
အေပးအယူမမွွ်ခင္ ဘယ္လိုအေၾကာင္းအရာကို၊ ဘယ္လို
အေျခအေနမ်ိဳးမွာဘဲျဖစ္ျဖစ္၊ ဘယ္လိုစကားမ်ိဳးေတြဘဲေျပာေျပာ၊
မိမိေျပာဆိုတဲ့ စကားအဓိပၸါယ္ဟာ ေလာဘ-ေဒါသ-အတၱ -မာန ကင္းျပီး
“ခ်စ္ခင္ရင္းႏွီးမႈ” ကို ျပတဲ့ အသံုးအႏႈန္းမ်ိဳးကိုသာ ေရြးခ်ယ္တတ္ပါေစ။

(၅) အကယ္၍ မိမိဘက္ကအမွားတစ္ခုခုလုပ္မိပါက၊ သူ (အိမ္ေထာင္ဖက္)ကို
“မွားသြားတယ္… ေဆာရီးေနာ္.. ေတာင္းပန္ပါ တယ္” လို ့ ေျပာဆိုရတဲ့အခါ၊ သူ
့ကို မိမိမ်က္ေစ့နဲ ့ ေသေသခ်ာခ်ာၾကည့္ျပီး (လိုအပ္ရင္လက္ကေလးကိုကိုင္၍)
လႈိက္လိႈက္ လွဲလွဲ ေျပာေပးပါ။

(၆) သူ(အိမ္ေထာင္ဖက္)က ၄င္းရဲ ့စိတ္ကူးယဥ္အိပ္မက္ကို ရင္ဖြင့္လာတဲ့အခါ
ျပက္ရယ္မျပဳမိပါေစနဲ ့။ “အနာဂတ္အတြက္ ပစၥဳ ပၸန္မွာ အိပ္မက္တစ္ခုခုေတာ့
ရွိကိုရွိသင့္တာေပါ့ ” လို ့ အားေပးႏွစ္သိမ့္လိုက္ပါ။

(၇) အရာရာတိုင္းမွာ ငါနဲ ့အျမင္ခ်င္း ထပ္တူက်ေနရမယ္လို
့ေမွ်ာ္လင္မထားပါနဲ ့။ အျပန္အလွန္ နားလည္မႈနဲ ့ ခြင္လႊတ္တတ္ပါမွ
ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ကို ဖန္တီးနိုင္မွာပါ။
 (ဒီနည္းက ၁၀၀% မလြယ္ကူေပမယ့္ ျဖည္းျဖည္းခ်င္း က်င့္ယူရမွာပါဘဲ)

(၈) အေပးအယူမမွ်လို ့ စကားစစ္ထိုးၾကျပီဆိုပါစို ့။ “အခ်စ္” “အသက္”
ခ်စ္စနိုးအေခၚအေ၀ၚေတြေပ်ာက္ကာ “နင္-ငါ-မင္း-ခင္ဗ်ား-က်ဳပ္” (သို ့မဟုတ္)
အမည္နာမေတြ တပ္ျပီးမေခၚမိပါေစႏွင့္။ (တစိမ္းဆန္သြားေစပါတယ္)

(၉) သူ ့ေဆြမ်ိဳး၊ ငါ့ေဆြမ်ိဳးရယ္လို ့ ခြဲျခားျပီး မျမင္မိေအာင္
ၾကိဳးစားက်င့္ၾကံပါ။

(၁၀) အျမင္မတူတာေလးေတြကို ညွိႏိႈင္းရာမွာ၊ သူ (အိမ္ေထာင္ဖက္)က
နား၀င္လာေအာင္ စကားကိုျဖည္းျဖည္းေျပာရင္း၊ သူ က မိမိအျမင္ကို လက္ ခံ/မခံ
မ်က္လံုး-ဦးေႏွာက္တို ့ျဖင့္ အကဲခတ္တတ္ပါေစ။ (သင္ေျပာတာကို
လက္ခံတဲ့ပံုေပၚရင္ ေရွ ့ဆက္ေျပာ ပါ၊ လက္ခံနိုင္ပံုမေပၚရင္ေတာ့ ဒီေန ့အဖို
့အဲဒီစကားကိုတခန္းရပ္ျပီး ေနာက္အလ်ဥ္းသင့္တဲ့အခါမွထပ္ေျပာပါ)

(၁၁) အထူးသျဖင့္ အမ်ိဳးသမီးတို ့သဘာ၀အရ သိခ်င္စိတ္အားၾကီးတာေၾကာင့္
ခေရေစ့တြင္းေမးခြန္းထုတ္ေလ့ရွိပါတယ္။ အဲဒီ လိုအခါမ်ိဳးမွာ
အမ်ိဳးသားအေနျဖင့္ “မင္းစပ္စုလွခ်ည္လားကြာ၊ အရာရာမင္းသိဖို ့မလိုဘူးေလ”
လို ့ မာမာထန္ထန္ျပန္မေျပာဘဲ “ေမးခြန္းေတြကလဲ မ်ားလွခ်ည္လားကြာ” လို
့အတတ္နိုင္ဆံုး ျပံဳး၍ ခပ္ေပါ့ေပါ့ေျဖပါ။

(၁၂) ေဆြမ်ိဳး-အသိုင္းအ၀ိုင္း-မိတ္ေဆြေတြေရွ ့မွာ တဦးေပၚတဦးအႏိုင္ယူတဲ့
အျပဳအမူမ်ိဳးကိုေရွာင္ျပီး၊ ေဖးေဖးမမ နဲ ့ ပြဲထုတ္ တတ္ပါေစ။(ဒီနည္းက
သင့္အိမ္ေထာင္ဖက္က သင့္ကို “ႏွစ္ကို္ယ့္တစ္စိတ္”အျဖစ္ ႏွလံုးသားထဲထိေအာင္
ယံုၾကည္မႈျဖစ္ေစနိုင္ပါ တယ္)

(၁၃) ျပႆနာ ေသးေသးေလးကို ရိုးမယ္ဖြဲ ့ျပီး ျမည္တြန္ေတာက္တီး ဇာခ်ဲ
့မေနပါနဲ ့။ “ေက်ာပူသာခံလိုက္မယ္၊ နားပူေတာ့ မခံခ်င္ၾကဘူး” ေလ။

(၁၄) အကယ္၍ မိမိဘက္က အမွားတစ္ခုလုပ္မိခ့ဲတယ္ဆိုပါစို ့၊ သိသိခ်င္းမွာဘဲ
အဲဒီအမွားကို (အျမန္ဆံုး) ျပန္လည္ျပဳျပင္နိုင္ ေအာင္ၾကိဳးစားပါ။

(၁၅) သူ(အိမ္ေထာင္ဖက္)ဆီက ဖုန္းေခၚဆိုလာတဲ့အခါ၊ ဘယ္ေလာက္ပဲ အလုပ္မ်ားလို
့စိတ္ရႈပ္ေထြးေနပါေစ အတတ္နိုင္ဆံုး ႏႈတ္္ခမ္းတစ္စံုကိုျပံဳးျပီး
ဖုန္းေျဖဆိုလိုက္ပါ။ သင့္ရဲ ့သာယာနာေပ်ာ္ဖြယ္ တုန္ ့ျပန္မႈက သူ ့ကို
ဟတ္(heart) ထိသြားေစပါတယ္။

(၁၆) မိမိတစ္ေယာက္တည္းရွိေနခ်ိန္မွာ တစ္ေန ့လွွ်င္ ၁၀-
မိနစ္ေလာက္အခ်ိန္ေပးျပီးေတာ့၊ “ ငါ ဒီေန ့အဖို ့သူ ့ကို စိတ္အေႏွာင့္
အယွက္ျဖစ္ေစတာမ်ိဳး လုပ္ခဲ့မိလား ” စသည္ျဖင့္
မိမိကုိယ္ကိုေ၀ဖန္သံုးသပ္ပါ။

အထက္ပါ နည္းလမ္းမ်ားစြာျဖင့္က်င့္ၾကံရင္း၊ ေရႊေရာင္လႊမ္းတဲ့ေန ့သစ္ဆီသိုု
့ ေလွ်ာက္လွမ္းၾကည့္ပါလို ့တိုက္တြန္းလိုက္ပါရေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Pauk Pauk

#Unicode Version#
 နှစ်ကိုယ်တူချစ်ရည်မျှ၍ဘဲဖြစ်ဖြစ်၊ မိဖဘိုးဘွားများ
ဆန္ဒကိုမလွန်ဆန်နိုင်၍ဘဲဖြစ်ဖြစ် အိမ်ထောင်ကျပြီဆိုပါစို့။ မင်္ဂလာရက်မြတ်
မှသည် ရတုအဆက်ဆက်တိုင်အောင် “ ဒီလင် ဒီမယား
အိုအောင်မင်းအောင်ပေါင်းရပါစေ” လို့လူကြီးသူမတွေက ဘယ်လိုပင်
ဝိုင်းဝန်းဆုတောင်းပေးကြပါစေ…ကာယကံရှင်ဇနီးမောင်နှံရဲ့အပြန်အလှန် တာဝန်ယူသိတတ်မှုကသာ ပဓာဏကျလှပါတယ်။ ကြင်စဦးကာလမှာ အမှတ်မထင်
လက်လွတ်စပယ် ပြုမူ-ပြောဆို-ဆက်ဆံလိုက်ခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာရစေကာ
အိမ်ထောင်သက်တလျှောက်လုံး အဖုအထစ်လေးတွေ ဖြစ်လာစေနိုင်တာကြောင့် အောက်ပါ
နည်းလမ်းကောင်းများဖြင့် ကြိုးစား ကျင့်ကြံစေလိုပါတယ်။

(၁) ကလေး(အစ)/လူကြီး(အဆုံး) လူသားတိုင်းချီးမွှမ်းခံရတာကို
နှစ်ခြိုက်သူများပေမို့၊ သူ(အိမ်ထောင်ဖက်)က ပြုလုပ်နိုင်ခဲ့တဲ့
အောင်မြင်မှုတစ်ခုခုအတွက် ပိုပိုသာသာလေး ချီးမွမ်းစကားပြောပေးလိုက်ပါ။

(၂) အကယ်၍ သင်က သင့်အိမ်ထောင်ဖက်ထက် တော်တော်လေး အသက်ကြီးနေပါစေ “ငါသိ
ငါတတ် ဆရာကြီးလေသံ” မျိုးနဲ့ ဘယ်တော့မှ မပြောမိပါစေနဲ့။

(၃) “လင်နဲ့မယား လျှာနဲ့သွား” ဆိုသလို အမြင်မတူလို့
ခွန်းကြီးခွန်းငယ် စကားများကြပြီဆိုပါစို့။ “စကားနည်း ရန်စဲ” ဆိုတဲ့
အတိုင်း နှုတ်မကျွံမိရစေအောင် စကားကိုကုန်အောင်မပြောဘဲ
အစားကိုကုန်အောင်စားပြီး၊ အိပ်ရေး၀၀သာအိပ်ပစ်လိုက်ပါ။
ဘေးထိုင်ဘုပြောနေတာမျိုးကို (လုံးဝ) မလုပ်မိပါစေနဲ့။

(၄) အပြန်အလှန်နားလည်အောင် ကြိုးစားနေတဲ့ ကြင်စဦးကာလမှာ၊
အပေးအယူမမျှခင် ဘယ်လိုအကြောင်းအရာကို၊ ဘယ်လို
အခြေအနေမျိုးမှာဘဲဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးတွေဘဲပြောပြော၊
မိမိပြောဆိုတဲ့ စကားအဓိပ္ပါယ်ဟာ လောဘ-ဒေါသ-အတ္တ -မာန ကင်းပြီး
“ချစ်ခင်ရင်းနှီးမှု” ကို ပြတဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်တတ်ပါစေ။

(၅) အကယ်၍ မိမိဘက်ကအမှားတစ်ခုခုလုပ်မိပါက၊ သူ (အိမ်ထောင်ဖက်)ကို
“မှားသွားတယ်… ဆောရီးနော်.. တောင်းပန်ပါ တယ်” လို့ ပြောဆိုရတဲ့အခါ၊ သူ
့ကို မိမိမျက်စေ့နဲ့ သေသေချာချာကြည့်ပြီး (လိုအပ်ရင်လက်ကလေးကိုကိုင်၍)
လှိုက်လှိုက် လှဲလှဲ ပြောပေးပါ။

(၆) သူ(အိမ်ထောင်ဖက်)က ၎င်းရဲ့စိတ်ကူးယဉ်အိပ်မက်ကို ရင်ဖွင့်လာတဲ့အခါ
ပြက်ရယ်မပြုမိပါစေနဲ့။ “အနာဂတ်အတွက် ပစ္စု ပ္ပန်မှာ အိပ်မက်တစ်ခုခုတော့
ရှိကိုရှိသင့်တာပေါ့ ” လို့ အားပေးနှစ်သိမ့်လိုက်ပါ။

(၇) အရာရာတိုင်းမှာ ငါနဲ့အမြင်ချင်း ထပ်တူကျနေရမယ်လို
့မျှော်လင်မထားပါနဲ့။ အပြန်အလှန် နားလည်မှုနဲ့ ခွင်လွှတ်တတ်ပါမှ
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို ဖန်တီးနိုင်မှာပါ။
 (ဒီနည်းက ၁၀၀% မလွယ်ကူပေမယ့် ဖြည်းဖြည်းချင်း ကျင့်ယူရမှာပါဘဲ)

(၈) အပေးအယူမမျှလို့ စကားစစ်ထိုးကြပြီဆိုပါစို့။ “အချစ်” “အသက်”
ချစ်စနိုးအခေါ်အဝေါ်တွေပျောက်ကာ “နင်-ငါ-မင်း-ခင်ဗျား-ကျုပ်” (သို့မဟုတ်)
အမည်နာမတွေ တပ်ပြီးမခေါ်မိပါစေနှင့်။ (တစိမ်းဆန်သွားစေပါတယ်)

(၉) သူ့ဆွေမျိုး၊ ငါ့ဆွေမျိုးရယ်လို့ ခွဲခြားပြီး မမြင်မိအောင်
ကြိုးစားကျင့်ကြံပါ။

(၁၀) အမြင်မတူတာလေးတွေကို ညှိနှိုင်းရာမှာ၊ သူ (အိမ်ထောင်ဖက်)က
နားဝင်လာအောင် စကားကိုဖြည်းဖြည်းပြောရင်း၊ သူ က မိမိအမြင်ကို လက် ခံ/မခံ
မျက်လုံး-ဦးနှောက်တို့ဖြင့် အကဲခတ်တတ်ပါစေ။ (သင်ပြောတာကို
လက်ခံတဲ့ပုံပေါ်ရင် ရှေ့ဆက်ပြော ပါ၊ လက်ခံနိုင်ပုံမပေါ်ရင်တော့ ဒီနေ့အဖို
့အဲဒီစကားကိုတခန်းရပ်ပြီး နောက်အလျဉ်းသင့်တဲ့အခါမှထပ်ပြောပါ)

(၁၁) အထူးသဖြင့် အမျိုးသမီးတို့သဘာဝအရ သိချင်စိတ်အားကြီးတာကြောင့်
ခရေစေ့တွင်းမေးခွန်းထုတ်လေ့ရှိပါတယ်။ အဲဒီ လိုအခါမျိုးမှာ
အမျိုးသားအနေဖြင့် “မင်းစပ်စုလှချည်လားကွာ၊ အရာရာမင်းသိဖို့မလိုဘူးလေ”
လို့ မာမာထန်ထန်ပြန်မပြောဘဲ “မေးခွန်းတွေကလဲ များလှချည်လားကွာ” လို
့အတတ်နိုင်ဆုံး ပြုံး၍ ခပ်ပေါ့ပေါ့ဖြေပါ။

(၁၂) ဆွေမျိုး-အသိုင်းအဝိုင်း-မိတ်ဆွေတွေရှေ့မှာ တဦးပေါ်တဦးအနိုင်ယူတဲ့
အပြုအမူမျိုးကိုရှောင်ပြီး၊ ဖေးဖေးမမ နဲ့ ပွဲထုတ် တတ်ပါစေ။(ဒီနည်းက
သင့်အိမ်ထောင်ဖက်က သင့်ကို “နှစ်ကိုယ့်တစ်စိတ်”အဖြစ် နှလုံးသားထဲထိအောင်
ယုံကြည်မှုဖြစ်စေနိုင်ပါ တယ်)

(၁၃) ပြဿနာ သေးသေးလေးကို ရိုးမယ်ဖွဲ့ပြီး မြည်တွန်တောက်တီး ဇာချဲ
့မနေပါနဲ့။ “ကျောပူသာခံလိုက်မယ်၊ နားပူတော့ မခံချင်ကြဘူး” လေ။

(၁၄) အကယ်၍ မိမိဘက်က အမှားတစ်ခုလုပ်မိခဲ့တယ်ဆိုပါစို့၊ သိသိချင်းမှာဘဲ
အဲဒီအမှားကို (အမြန်ဆုံး) ပြန်လည်ပြုပြင်နိုင် အောင်ကြိုးစားပါ။

(၁၅) သူ(အိမ်ထောင်ဖက်)ဆီက ဖုန်းခေါ်ဆိုလာတဲ့အခါ၊ ဘယ်လောက်ပဲ အလုပ်များလို
့စိတ်ရှုပ်ထွေးနေပါစေ အတတ်နိုင်ဆုံး နှုတ်ခမ်းတစ်စုံကိုပြုံးပြီး
ဖုန်းဖြေဆိုလိုက်ပါ။ သင့်ရဲ့သာယာနာပျော်ဖွယ် တုန့်ပြန်မှုက သူ့ကို
ဟတ်(heart) ထိသွားစေပါတယ်။

(၁၆) မိမိတစ်ယောက်တည်းရှိနေချိန်မှာ တစ်နေ့လျှင် ၁၀-
မိနစ်လောက်အချိန်ပေးပြီးတော့၊ “ ငါ ဒီနေ့အဖို့သူ့ကို စိတ်အနှောင့်
အယှက်ဖြစ်စေတာမျိုး လုပ်ခဲ့မိလား ” စသည်ဖြင့်
မိမိကိုယ်ကိုဝေဖန်သုံးသပ်ပါ။

အထက်ပါ နည်းလမ်းများစွာဖြင့်ကျင့်ကြံရင်း၊ ရွှေရောင်လွှမ်းတဲ့နေ့သစ်ဆီသို
့ လျှောက်လှမ်းကြည့်ပါလို့တိုက်တွန်းလိုက်ပါရစေ။


ဖိုးသူတော်(www.phothutaw.com)
Credit: Pauk Pauk
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top