ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေဆး၀ါးေဖာ္စပ္ေရာင္းခ်သူ အမ်ိဳးသားတစ္ဦးဟာ လိင္တူခ်စ္သူနဲ႔ ဘ၀သစ္ထူေထာင္ႏိုင္ဖို႔ ဇနီးသည္ကို ကိုယ္တိုင္လည္ပင္းညွစ္ကာ သတ္ျဖတ္ခဲ့ပါတယ္။ လူသတ္မႈက်ဴးလြန္သူဟာ အဂၤလန္ႏိုင္ငံ မစ္ဒယ္ဘရိုးၿမိဳ႕ေန မီတစ္ရွ္ပီတယ္ဆိုသူပါ။ မီတစ္ရွ္ဟာ ဇနီးသည္ကို သတ္ျဖတ္ၿပီး ဇနီးရဲ႕ အသက္အာမခံေၾကးေငြ ေပါင္(၂) သန္းကို ရယူကာ ၄င္းရဲ႕ လိင္တူခ်စ္သူနဲ႔အတူ ၾသစေတးလ်မွာ အေျခခ်ဖို႔ ၾကံရြယ္ခဲ့တာ ျဖစ္ပါတယ္။

မီတစ္ရွ္က ၄င္းရဲ႕ဇနီးသည္ဟာ အိမ္ေဖာက္ထြင္းခံရၿပီး အသတ္ခံရသေယာင္ အကြက္ခ်စီမံခဲ့တာပါ။ ဒါေပမယ့္ စစ္ေဆးေရးအရာရွိေတြက မီတစ္ရွ္ရဲ႕ အိုင္ဖုန္းထဲမွာ ထည့္သြင္းထားတဲ့ Health App ေပၚ ေျခရာခံၿပီး သူ႔ရဲ႕ လႈပ္ရွားပံုေတြကို မသကၤာခဲ့ရာက အမႈမွန္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ App က တစ္ေန႔တာအတြင္း လူတစ္ေယာက္ရဲ႕ ေျခလွမ္းေတြကို ေထာက္လွမ္းတိုင္းတာေပးတဲ့ App ပါ။

App ကေဖာ္ျပေနတဲ့ အခ်က္အလက္ေတြမွာ မီတစ္ရွ္ ဇနီးသည္ရဲ႕ လႈပ္ရွားမႈႏႈန္းဟာ ၿငိမ္သက္ေနပါတယ္။ မီတစ္ရွ္ကေတာ့ အိမ္တြင္း ေဖာက္ထြင္းမႈျဖစ္သေယာင္ စီစဥ္ရ၊ ေလွကားကို အေပၚတက္၊ ေအာက္ဆင္း ခဏခဏ ျပဳလုပ္ရတာေၾကာင့္ App မွာ မူမမွန္တဲ့ လႈပ္ရွားမႈမ်ိဳး ေတြ႔ခဲ့ရတာပါ။ ဇနီးသည္ကို လည္ပင္းညွစ္သတ္ၿပီးေနာက္မွာ ေဖာက္ထြင္းသမားကပဲ အျပင္မွာထားခဲ့တဲ့ပံုစံမ်ိဳး ေပါက္ေအာင္ မီတစ္ရွ္က ၾကံစည္ခဲ့ပါေသးတယ္။

မီတစ္ရွ္ရဲ႕ လက္ခ်က္နဲ႔ ေသဆံုးသြားတဲ့ ဇနီးသည္ကေတာ့ ဂ်က္စီကာ ျဖစ္ပါတယ္။ သိရသေလာက္မွာ အသက္(၃၄) ႏွစ္အရြယ္ ဂ်က္စီကာဟာ (၆) ႏွစ္လံုးလံုး စိတ္မခ်မ္းေျမ့စရာေကာင္းတဲ့ သူမအိမ္ေထာင္ေရးကို ႏႈတ္ပိတ္ေနခဲ့တယ္လို႔ သိရပါတယ္။ မီတစ္ရွ္ဟာ အျခားအမ်ိဳးသားတစ္ေယာက္နဲ႔ ခ်စ္ၾကိဳက္ေနတဲ့အျပင္ တစိမ္းလူေတြနဲ႔လည္း လိင္ပိုင္းဆိုင္ရာ စပ္စပ္ယွက္ယွက္လုပ္တာေတြ ရွိတယ္လို႔လည္း သိရပါတယ္။

မီတစ္ရွ္ဟာ ဂ်က္စီကာကို သတ္ျဖတ္ဖို႔ ၾကံစည္ေနခဲ့တာေတာ့ ၾကာေနၿပီလို႔ မွတ္ယူရပါတယ္။ မီတစ္ရွ္ရဲ႕ အင္တာနက္ History ထဲမွာ “မိန္းမကို သတ္ဖို႔လိုအပ္တယ္” စာေၾကာင္းပါ ရွာေဖြမႈေတြလည္း ေတြ႔ရွိရပါတယ္။ မီတစ္ရွ္ဟာ ဂ်က္စီကာနဲ႔ အငွားကိုယ္၀န္ေဆာင္ၿပီး ကေလးယူဖို႔ (၃) ၾကိမ္တုိင္တိုင္ ၾကိဳးပမ္းခဲ့ပါေသးတယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ (၄) ၾကိမ္ေျမာက္မွာေတာ့ ဂ်က္စီကာရဲ႕ သေႏၶခဲေလးဟာ ရင့္မွည့္လာၿပီး သေႏၶေအာင္ဖို႔ အသင့္ျဖစ္တဲ့ အေနအထားျဖစ္လာခဲ့ပါတယ္။ သေႏၶခဲေလးကိုေတာ့ မ်ိဳးဗီဇေဖာက္ေပးတဲ့ ေဆးခန္းတစ္ခုမွာ သိမ္းဆည္းထားပါတယ္။ ဒီအခါမွာ မီတစ္ရွ္ဟာ ၄င္းသေႏၶခဲေလးကိုလည္း ၾသစေတးလ်ကို ယူေဆာင္ဖို႔ ၾကံစည္ခဲ့ပါတယ္။ လိင္တူခ်စ္သူ အာမစ္နဲ႔ အတူ ကေလးေမြးၿပီး မိသားစုဘ၀တစ္ခုထူေထာင္ဖို႔ အခုလို အၾကံပက္စက္စြာနဲ႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ အခုအခါ တရားခံမီတစ္ရွ္ကို တစ္သက္တစ္ကြ်န္းေထာင္ဒဏ္ေပးလိုက္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese - Asia
# Unicode Version ျဖင့္ ဖတ္ပါ #
ဆေးဝါးဖော်စပ်ရောင်းချသူ အမျိုးသားတစ်ဦးဟာ လိင်တူချစ်သူနဲ့ ဘဝသစ်ထူထောင်နိုင်ဖို့ ဇနီးသည်ကို ကိုယ်တိုင်လည်ပင်းညှစ်ကာ သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်မှုကျူးလွန်သူဟာ အင်္ဂလန်နိုင်ငံ မစ်ဒယ်ဘရိုးမြို့နေ မီတစ်ရှ်ပီတယ်ဆိုသူပါ။ မီတစ်ရှ်ဟာ ဇနီးသည်ကို သတ်ဖြတ်ပြီး ဇနီးရဲ့ အသက်အာမခံကြေးငွေ ပေါင်(၂) သန်းကို ရယူကာ ၎င်းရဲ့ လိင်တူချစ်သူနဲ့အတူ သြစတေးလျမှာ အခြေချဖို့ ကြံရွယ်ခဲ့တာ ဖြစ်ပါတယ်။

မီတစ်ရှ်က ၎င်းရဲ့ဇနီးသည်ဟာ အိမ်ဖောက်ထွင်းခံရပြီး အသတ်ခံရသယောင် အကွက်ချစီမံခဲ့တာပါ။ ဒါပေမယ့် စစ်ဆေးရေးအရာရှိတွေက မီတစ်ရှ်ရဲ့ အိုင်ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ Health App ပေါ် ခြေရာခံပြီး သူ့ရဲ့ လှုပ်ရှားပုံတွေကို မသင်္ကာခဲ့ရာက အမှုမှန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ App က တစ်နေ့တာအတွင်း လူတစ်ယောက်ရဲ့ ခြေလှမ်းတွေကို ထောက်လှမ်းတိုင်းတာပေးတဲ့ App ပါ။

App ကဖော်ပြနေတဲ့ အချက်အလက်တွေမှာ မီတစ်ရှ် ဇနီးသည်ရဲ့ လှုပ်ရှားမှုနှုန်းဟာ ငြိမ်သက်နေပါတယ်။ မီတစ်ရှ်ကတော့ အိမ်တွင်း ဖောက်ထွင်းမှုဖြစ်သယောင် စီစဉ်ရ၊ လှေကားကို အပေါ်တက်၊ အောက်ဆင်း ခဏခဏ ပြုလုပ်ရတာကြောင့် App မှာ မူမမှန်တဲ့ လှုပ်ရှားမှုမျိုး တွေ့ခဲ့ရတာပါ။ ဇနီးသည်ကို လည်ပင်းညှစ်သတ်ပြီးနောက်မှာ ဖောက်ထွင်းသမားကပဲ အပြင်မှာထားခဲ့တဲ့ပုံစံမျိုး ပေါက်အောင် မီတစ်ရှ်က ကြံစည်ခဲ့ပါသေးတယ်။

မီတစ်ရှ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ ဇနီးသည်ကတော့ ဂျက်စီကာ ဖြစ်ပါတယ်။ သိရသလောက်မှာ အသက်(၃၄) နှစ်အရွယ် ဂျက်စီကာဟာ (၆) နှစ်လုံးလုံး စိတ်မချမ်းမြေ့စရာကောင်းတဲ့ သူမအိမ်ထောင်ရေးကို နှုတ်ပိတ်နေခဲ့တယ်လို့ သိရပါတယ်။ မီတစ်ရှ်ဟာ အခြားအမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတဲ့အပြင် တစိမ်းလူတွေနဲ့လည်း လိင်ပိုင်းဆိုင်ရာ စပ်စပ်ယှက်ယှက်လုပ်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

မီတစ်ရှ်ဟာ ဂျက်စီကာကို သတ်ဖြတ်ဖို့ ကြံစည်နေခဲ့တာတော့ ကြာနေပြီလို့ မှတ်ယူရပါတယ်။ မီတစ်ရှ်ရဲ့ အင်တာနက် History ထဲမှာ “မိန်းမကို သတ်ဖို့လိုအပ်တယ်” စာကြောင်းပါ ရှာဖွေမှုတွေလည်း တွေ့ရှိရပါတယ်။ မီတစ်ရှ်ဟာ ဂျက်စီကာနဲ့ အငှားကိုယ်ဝန်ဆောင်ပြီး ကလေးယူဖို့ (၃) ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ (၄) ကြိမ်မြောက်မှာတော့ ဂျက်စီကာရဲ့ သန္ဓေခဲလေးဟာ ရင့်မှည့်လာပြီး သန္ဓေအောင်ဖို့ အသင့်ဖြစ်တဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ သန္ဓေခဲလေးကိုတော့ မျိုးဗီဇဖောက်ပေးတဲ့ ဆေးခန်းတစ်ခုမှာ သိမ်းဆည်းထားပါတယ်။ ဒီအခါမှာ မီတစ်ရှ်ဟာ ၎င်းသန္ဓေခဲလေးကိုလည်း သြစတေးလျကို ယူဆောင်ဖို့ ကြံစည်ခဲ့ပါတယ်။ လိင်တူချစ်သူ အာမစ်နဲ့ အတူ ကလေးမွေးပြီး မိသားစုဘဝတစ်ခုထူထောင်ဖို့ အခုလို အကြံပက်စက်စွာနဲ့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ တရားခံမီတစ်ရှ်ကို တစ်သက်တစ်ကျွန်းထောင်ဒဏ်ပေးလိုက်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top