(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×






# Unicode Version ဖြင့် ဖတ်ပါ #

အ ခုနောက်ပိုင်းမှာ နှုတ်ခမ်းထူထူလေးတွေဖြစ်အောင် ထိုးဆေးနဲ့ ပြုပြင်တာမျိုးတွေခေတ်စားလာပါတယ်။ဒီအသက် ၂၃ နှစ်အရွယ် နာ့စ်မလေး Billie Roocroft ကလည်း သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းလေးကို သဘောမကျတဲ့အတွက် နှုတ်ခမ်းထိုးဆေးထိုးခဲ့တာပါ။ Billie ကို Belissimo Rivington Aesthetics မှ နှုတ်ခမ်းထိုးဆေးထိုးပေးတဲ့အချိန်မှာ သူ့နှုတ်ခမ်းဟာချက်ချင်းယောင်တက်လာတာကြောင့် ဓါတ်မတည့်တာဖြစ်နိုင်တယ်လို့ယူဆပြီး သူ့ကိုအမြန်ဆုံးဆေးရုံသွားခိုင်းခဲ့တာပဲဖြစ်ပါတယ်။ အခုလိုဖြစ်နိုင်ချေရှိတဲ့အကြောင်းကိုလည်း Billie ကိုပြောပြထားပြီးဖြစ်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

“ကျွန်မ နှုတ်ခမ်းက ဆေးထိုးပြီး နာရီပိုင်းအတွင်းမှာ ပေါက်ထွက်မလိုကြီးလာတာ ။ နှုတ်ခမ်းဘယ်လောက်တောင်ကြီးသွားလဲဆိုရင် မေးစိနဲ့ အောက်နှုတ်ခမ်းနဲ့ထိမတတ်ပဲ ။နှုတ်ခမ်းတစ်ခုလုံးလည်းစူးပြီးတော့ တင်းနေတယ် ။ လည်ပင်း ၊မေးရိုး နဲ့ လည်ပင်းတွေလည်းနာတော့ ကျွန်မငိုချင်တယ် ” လို့ Billie ကပြောပါတယ် .

The Plastic Surgery Group အဖွဲ့ဝင်The British Association of Aesthetic Plastic Surgeons ရဲ့ဆရာဝန်စေယာက်ဖြစ်တဲ့ ဒေါက်တာ Dan Marsh ကတော့..

“နှုတ်ခမ်းထိုးဆေးထိုးပေးတဲ့သူတွေဟာ ဆေးဘက်ဆိုင်ရာလေ့ကျင့်မှုအပြည့်အဝမရှိတဲ့သူတွေပါ ။ဖြစ်လာတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ဒါကြောင့်မို့ ဆေးဘက်ဆိုင်ရာကိုနားလည်တဲ့ ပလတ်စတစ်ဆာဂျရီဆရာဝန်နဲ့သာ အခုလိုမျိုးပြုလုပ်သင့်ပါတယ်။ပြီးတော့ လေ့ကျင့်မထားတဲ့လူတွေကို ကိုယ့်မျက်နှာကိုဆေးထိုးခိုင်းတယ်ဆိုတာ အလွန်အန္တရာယ်များလွန်းတဲ့ကိစ္စတစ်ခုပါ ။

အပြင်မှာ နှုတ်ခမ်းလှစေတဲ့ဆေးထိုးပေးတဲ့ မိတ်ကပ်ပညာရှင်အများကြီးရှိပါတယ် ။ ဒါပေမယ့် သူတို့ မှားသွားလို့ ပြဿနာတက်သွားခဲ့ရင် ခံရမယ့်သူကဘယ်သူလဲဆိုတာ သေချာသိထားဖို့လိုပါတယ်” လို့ သတိပေးပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top