ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေသြးရယ္လို႕ဆိုလိုက္တာနဲ႕ အမ်ိဳးအစားေလးမ်ိဳးရွိတယ္ဆိုတာကို အားလံုးသိၿပီးသားပါ။ အေရးႀကီးတဲ့အခ်ိန္ေတြ ႀကံဳလာရတဲ့အခါ ေသြးသြင္းေသြးလွဴေတြအတြက္ ကိုယ့္ရဲ႕ေသြးက ဘယ္လိုအမ်ိဳးအစားလဲဆိုတာ သိထားဖို႕လိုအပ္ပါတယ္။ ဒီလိုမ်ိဳး မတူညီကြဲျပားတဲ့ ေသြးအမ်ိဳးအစားေပၚမူတည္ၿပီးေတာ့ ကၽြႏု္ပ္တို႕ရဲ႕ က်န္းမာေရးအေပၚမွာ လႊမ္းမိုးမႈရွိႏိုင္ရံုသာမက အခ်ိဳ႕သူမ်ားအေနနဲ႕လည္း သူတို႕ရဲ႕ ဥစၥာဓနနဲ႕ အက်င့္စရိုက္ေတြနဲ႕ လည္း ဆက္စပ္ေနတယ္ဆိုၿပီး ယံုႀကည္ထားႀကပါတယ္။
အိုေသြးပိုင္ရွင္မ်ားနဲ႕ပတ္သက္လို႕ သီအိုရီဆိုင္ရာ အေႀကာင္းအရာေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

အိုေသြးပိုင္ရွင္မ်ား ေသြးလိုအပ္သည့္အခါ အိုေသြးတစ္မ်ိဳးတည္းသာ လက္ခံႏိုင္ပါတယ္။

O+ ေသြးပိုင္ရွင္မ်ားဟာဆိုရင္ O+ ႏွင့္ O- ႏွစ္မ်ိဳးလံုးကို လက္ခံသြင္းယူႏိုင္ေပမယ့္ O- ေသြးပိုင္ရွင္မ်ားကေတာ့ တူညီတဲ့ O- ေသြးကိုသာ ရယူႏိုင္ပါတယ္။ အေရးေပၚအေျခအေနမ်ားကို ႀကံဳေတြ႕လာရခ်ိန္ O- ေသြး လက္ဝယ္ မရွိပါက O+ ေသြးျဖင့္ အစားထိုးႏိုင္ပါတယ္။

က်န္းမာေရးဆိုင္ရာ စိုးရိမ္ဖြယ္အေျခအေနမ်ား

ကၽြႏု္ပ္တို႕ရဲ႕ က်န္းမာေရးကို ေသြးဇီဝဓာတုေဗဒက အဆံုးအျဖတ္ေပးတဲ့ အေျခအေနေတြအမ်ားႀကီးရွိပါတယ္။ က်န္းမာေရးကို ေသြးအမ်ိဳးအစားက လႊမ္းမိုးထားျခင္းနဲ႕ ပတ္သက္လို႕ သုေတသနျပဳလုပ္ဆဲဆိုေပမယ့္ မတူညီတဲ့ေသြးအမ်ိဳးအစားရွိတဲ့ လူမ်ားအတြက္ က်န္းမာေရးနဲ႕ပတ္သက္လို႕ အႏၱရာယ္မ်ားတဲ့အေျခအေနေတြ၊ အက်ိဳးေက်းဇူးေတြလည္း ရရွိႏိုင္တယ္ဆိုတာကို ျပသေနတဲ့ သီအိုရီေတြလည္းရွိပါတယ္။

ေသြးအမ်ိဳးအစားေလးမ်ိဳးထဲကမွ အိုေသြးပိုင္ရွင္မ်ားဟာဆိုရင္ အျခားေသြးအမ်ိဳးအစားေတြထက္ ဘတ္တီးရီးယားမ်ားအျပင္ ပုလိပ္ေရာဂါ၊ ကာလဝမ္းေရာဂါ၊ ပါးခ်ိတ္ေရာင္နာ၊ တီဘီေရာဂါမ်ားကဲ့သို႕ ျပင္းထန္တဲ့ ေရာဂါမ်ားကူးစက္ဖို႕ ပိုၿပီးလြယ္ကူႏိုင္ပါတယ္။

က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

အိုေသြးပိုင္ရွင္မ်ားဟာဆိုရင္ျဖင့္ ေအ၊ ဘီ ႏွင့္ ေအဘီေသြးပိုင္ရွင္မ်ားထက္ပိုၿပီးေတာ့ ႏွလံုးႏွင့္သက္ဆိုင္ေသာ ေရာဂါျဖစ္ပြားႏိုင္ေျခ အနည္းဆံုးရွိပါတယ္။ ဒါ့အျပင္ အုိေသြးအမ်ိဳးအစားရွိသူမ်ားသည္ ေသြးလည္ပတ္မႈဆိုင္ရာ ေရာဂါမ်ားႏွင့္ အသိအျမင္ဆိုင္ရာ ကစဥ့္ကလ်ားျဖစ္ျခင္းတို႕လို အေျခအေနမ်ား ျဖစ္ပြားႏိုင္ေျခ အလြန္နည္းပါးပါတယ္။ သို႕ေသာ္လည္း ဘယ္လိုေသြးအမ်ိဳးအစားပဲျဖစ္ေနပါေစ က်န္းမာႀကံ႕ခိုင္တဲ့ လူေနမႈဘဝကို ထိန္းသိမ္းထားျခင္းဟာ ေရာဂါမ်ားကိုေရွာင္ရွားရာမွာ အေရးႀကီးတဲ့ အခန္းက႑တစ္ခုအေနနဲ႕ ပါဝင္ေနပါတယ္။

အိုေသြးပိုင္ရွင္မ်ားႏွင့္ စားေသာက္မႈပံုစံ

အခ်ိဳ႕သူမ်ားအေနနဲ႕ကေတာ့ ေသြးအမ်ိဳးအစားေပၚမူတည္ၿပီး စားေသာက္မႈပံုစံမတူညီကြဲျပားတယ္ဆိုတဲ့ ဗဟုသုတ တခ်ိဳ႕တေလကို ႀကားဖူးႀကမွာပါ။ ဒါေပမယ့္လည္း အာဟာရပညာရွင္မ်ားရဲ႕ အႀကံျပဳခ်က္မ်ားကေတာ့ ေသြးအမ်ိဳးအစားနဲ႕မဆိုင္ဘဲ ကိုယ့္ရဲ႕က်န္းမာေရးအေျခအေနအလိုက္ ဆက္စပ္မႈရွိၿပီး ကိုက္ညီမႈရွိတဲ့ စားေသာက္မႈပံုစံကို က်င့္သံုးဖို႕ အႀကံေပးထားပါတယ္။

အိုေသြးနဲ႕ ပင္ကိုယ္စရိုက္

ေသြးအမ်ိဳးအစားေပၚမူတည္ၿပီး လူတစ္ဦးတစ္ေယာက္ရဲ႕ ဝိေသသလကၡဏာက ကြဲျပားျခားနားသြားတယ္ဆိုတဲ့အခ်က္ဟာ အျငင္းပြားဖြယ္ရာရွိေပမယ့္လည္း အခ်ိဳ႕ႏိုင္ငံေတြမွာ အထူးသျဖင့္ ဂ်ပန္လိုႏိုင္ငံမွာဆိုရင္ျဖင့္ ဒီလိုမ်ိဳး သီအိုရီဟာ အလြန္ကိုနာမည္ေက်ာ္ႀကားပါတယ္။ တီဗြီအစီအစဥ္မ်ား၊ သတင္းစာမ်ားႏွင့္ မဂၢဇင္းေတြထဲမွာ ေသြးအမ်ိဳးအစားအလိုက္ ဇာတာခြင္၊ ခ်စ္ေရးခ်စ္ရာ အေျခအေနမ်ားကို ပံုႏွိပ္ထည့္သြင္းထားတာကို ေတြ႕ျမင္ရႏိုင္ပါတယ္။

ဂ်ပန္လူမ်ိဳးမ်ားအေနနဲ႕ အိုေသြးပိုင္ရွင္မ်ားဟာဆိုရင္ သဒၵါတရားရက္ေရာျခင္း၊ စိတ္အားထက္သန္ျခင္း၊ ေဖာ္ေဖာ္ေရြေရြရွိျခင္းတို႕လို စရိုက္လကၡဏာမ်ား ရွိတယ္လို႕ ယံုႀကည္ႀကၿပီး ေငြေႀကးပိုင္းအားျဖင့္လည္း ေအာင္ျမင္တဲ့အေျခအေနမွာရွိတယ္လို႕ ယူဆထားပါတယ္။ ထိုမွ်သာမက ခ်စ္ေရးခ်စ္ရာပိုင္းမွာဆိုရင္လည္း အိုေသြးမ်ားအတြက္ ေအေသြးပိုင္ရွင္မ်ားက ေရွ႕သြားေနာက္လိုက္အညီဆံုးလို႕ ယံုႀကည္ထားႀကပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:MyHealthymyanmar

#Unicode Version#
သွေးရယ်လို့ဆိုလိုက်တာနဲ့ အမျိုးအစားလေးမျိုးရှိတယ်ဆိုတာကို အားလုံးသိပြီးသားပါ။ အရေးကြီးတဲ့အချိန်တွေ ကြုံလာရတဲ့အခါ သွေးသွင်းသွေးလှူတွေအတွက် ကိုယ့်ရဲ့သွေးက ဘယ်လိုအမျိုးအစားလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး မတူညီကွဲပြားတဲ့ သွေးအမျိုးအစားပေါ်မူတည်ပြီးတော့ ကျွနု်ပ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှုရှိနိုင်ရုံသာမက အချို့သူများအနေနဲ့လည်း သူတို့ရဲ့ ဥစ္စာဓနနဲ့ အကျင့်စရိုက်တွေနဲ့ လည်း ဆက်စပ်နေတယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။

အိုသွေးပိုင်ရှင်များနဲ့ပတ်သက်လို့ သီအိုရီဆိုင်ရာ အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။

အိုသွေးပိုင်ရှင်များ သွေးလိုအပ်သည့်အခါ အိုသွေးတစ်မျိုးတည်းသာ လက်ခံနိုင်ပါတယ်။

O+ သွေးပိုင်ရှင်များဟာဆိုရင် O+ နှင့် O- နှစ်မျိုးလုံးကို လက်ခံသွင်းယူနိုင်ပေမယ့် O- သွေးပိုင်ရှင်များကတော့ တူညီတဲ့ O- သွေးကိုသာ ရယူနိုင်ပါတယ်။ အရေးပေါ်အခြေအနေများကို ကြုံတွေ့လာရချိန် O- သွေး လက်ဝယ် မရှိပါက O+ သွေးဖြင့် အစားထိုးနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများ

ကျွနု်ပ်တို့ရဲ့ ကျန်းမာရေးကို သွေးဇီဝဓာတုဗေဒက အဆုံးအဖြတ်ပေးတဲ့ အခြေအနေတွေအများကြီးရှိပါတယ်။ ကျန်းမာရေးကို သွေးအမျိုးအစားက လွှမ်းမိုးထားခြင်းနဲ့ ပတ်သက်လို့ သုတေသနပြုလုပ်ဆဲဆိုပေမယ့် မတူညီတဲ့သွေးအမျိုးအစားရှိတဲ့ လူများအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ အန္တရာယ်များတဲ့အခြေအနေတွေ၊ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်တယ်ဆိုတာကို ပြသနေတဲ့ သီအိုရီတွေလည်းရှိပါတယ်။

သွေးအမျိုးအစားလေးမျိုးထဲကမှ အိုသွေးပိုင်ရှင်များဟာဆိုရင် အခြားသွေးအမျိုးအစားတွေထက် ဘတ်တီးရီးယားများအပြင် ပုလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ပါးချိတ်ရောင်နာ၊ တီဘီရောဂါများကဲ့သို့ ပြင်းထန်တဲ့ ရောဂါများကူးစက်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

အိုသွေးပိုင်ရှင်များဟာဆိုရင်ဖြင့် အေ၊ ဘီ နှင့် အေဘီသွေးပိုင်ရှင်များထက်ပိုပြီးတော့ နှလုံးနှင့်သက်ဆိုင်သော ရောဂါဖြစ်ပွားနိုင်ခြေ အနည်းဆုံးရှိပါတယ်။ ဒါ့အပြင် အိုသွေးအမျိုးအစားရှိသူများသည် သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများနှင့် အသိအမြင်ဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းတို့လို အခြေအနေများ ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။ သို့သော်လည်း ဘယ်လိုသွေးအမျိုးအစားပဲဖြစ်နေပါစေ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ထိန်းသိမ်းထားခြင်းဟာ ရောဂါများကိုရှောင်ရှားရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

အိုသွေးပိုင်ရှင်များနှင့် စားသောက်မှုပုံစံ

အချို့သူများအနေနဲ့ကတော့ သွေးအမျိုးအစားပေါ်မူတည်ပြီး စားသောက်မှုပုံစံမတူညီကွဲပြားတယ်ဆိုတဲ့ ဗဟုသုတ တချို့တလေကို ကြားဖူးကြမှာပါ။ ဒါပေမယ့်လည်း အာဟာရပညာရှင်များရဲ့ အကြံပြုချက်များကတော့ သွေးအမျိုးအစားနဲ့မဆိုင်ဘဲ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေအလိုက် ဆက်စပ်မှုရှိပြီး ကိုက်ညီမှုရှိတဲ့ စားသောက်မှုပုံစံကို ကျင့်သုံးဖို့ အကြံပေးထားပါတယ်။

အိုသွေးနဲ့ ပင်ကိုယ်စရိုက်

သွေးအမျိုးအစားပေါ်မူတည်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ ဝိသေသလက္ခဏာက ကွဲပြားခြားနားသွားတယ်ဆိုတဲ့အချက်ဟာ အငြင်းပွားဖွယ်ရာရှိပေမယ့်လည်း အချို့နိုင်ငံတွေမှာ အထူးသဖြင့် ဂျပန်လိုနိုင်ငံမှာဆိုရင်ဖြင့် ဒီလိုမျိုး သီအိုရီဟာ အလွန်ကိုနာမည်ကျော်ကြားပါတယ်။ တီဗွီအစီအစဉ်များ၊ သတင်းစာများနှင့် မဂ္ဂဇင်းတွေထဲမှာ သွေးအမျိုးအစားအလိုက် ဇာတာခွင်၊ ချစ်ရေးချစ်ရာ အခြေအနေများကို ပုံနှိပ်ထည့်သွင်းထားတာကို တွေ့မြင်ရနိုင်ပါတယ်။

ဂျပန်လူမျိုးများအနေနဲ့ အိုသွေးပိုင်ရှင်များဟာဆိုရင် သဒ္ဒါတရားရက်ရောခြင်း၊ စိတ်အားထက်သန်ခြင်း၊ ဖော်ဖော်ရွေရွေရှိခြင်းတို့လို စရိုက်လက္ခဏာများ ရှိတယ်လို့ ယုံကြည်ကြပြီး ငွေကြေးပိုင်းအားဖြင့်လည်း အောင်မြင်တဲ့အခြေအနေမှာရှိတယ်လို့ ယူဆထားပါတယ်။ ထိုမျှသာမက ချစ်ရေးချစ်ရာပိုင်းမှာဆိုရင်လည်း အိုသွေးများအတွက် အေသွေးပိုင်ရှင်များက ရှေ့သွားနောက်လိုက်အညီဆုံးလို့ ယုံကြည်ထားကြပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:MyHealthymyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top