ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကမာၻ႕အေခ်ာဆုံးအက်ဥ္းသားအျဖစ္သတ္မွတ္ခံထားရတဲ့JeremyMeeksဟာေၾကာ္ျငာ႐ုိက္ကူးဖုိ႔အတြက္အက်ဥ္းဌာနတာ၀န္ရွိသူေတြက နာရီပုိင္းမွ် လႊတ္ေပးခဲ့တယ္လုိ႔ သိရပါတယ္။ Meeks ဟာ အေမရိကန္ႏုိင္ငံမွာ ဖမ္းဆီးခံထားရၿပီး၊ ေၾကာ္ျငာ႐ုိက္ဖုိ႔အတြက္ ၿဗိတိန္ကို ေလယာဥ္နဲ႔ သြားေရာက္ခြင့္ ရခဲ့တယ္လုိ႔ သိရပါတယ္။

Meeks ဟာ အေမရိကန္ေလေၾကာင္းလုိင္းနဲ႔ ဟီးသ႐ုိးေလဆိပ္ကို ရဲအေစာင့္အေရွာက္နဲ႔ဆုိက္ေရာက္လာခဲ့ၿပီး၊သူနဲ႔အတူ မန္ေနဂ်ာ Jim Jordan၊ ဇနီးျဖစ္သူ Melissa တုိ႔လည္း ပါ၀င္ပါတယ္။ ဒါေပမယ့္ ေၾကာ္ျငာရုိက္ကူးၿပီးတာနဲ႔ မန္ေနဂ်ာနဲ႔ Meeksရဲ႕ဇနီးသည္တုိ႔ကေတာအဂၤလန္မွာေနရစ္ခဲ့ၿပီး၊၎ကိုေတာ့အေမရိကန္ေလေၾကာင္းလုိင္းနဲ႔ျပန္လည္ေခၚေဆာင္ခဲ့တယ္လုိ႔ သိရပါတယ္။

Meeks ဟာ ရဲတပ္ဖြဲ႕ဖမ္းဆီးခံရၿပီးေနာက္ ရဲတပ္ဖြဲ႕က ထုတ္ျပန္တဲ့ တရားခံဓာတ္ပုံဟာ လူမႈကြန္ယက္မွာ ေပါက္ေရာက္ သြားခဲ့ပါတယ္။ သူရဲ႕မ်က္ႏွာေပးဟာ ဖတ္ရွင္သမားေတြ သေဘာက်စရာ ျဖစ္ခဲ့ရၿပီး၊ ေၾကာ္ျငာေတြအတြက္ အၿပိဳင္အဆုိင္ ကမ္းလွမ္းမႈေတြ ရွိခဲ့ပါတယ္။

ဒါေပမယ့္အခုခရီးစဥ္မွာယူေကဘက္ကတာ၀န္ရွိသူေတြဟာႏုိင္ငံျခားသားရာဇ၀တ္သားတစ္ေယာက္ကို၎တုိ႔ႏုိင္ငံမွာလက္ခံလုိစိတ္ ရွိပုံမရဘူးလုိ႔ Meeks ဆုိပါတယ္။ သူဟာ သတ္မွတ္ထားတဲ့ ၾကာခ်ိန္ၿပီးေနာက္ နယ္ျခားစည္းျပင္ပမွာေနဖုိ႔ ၿဗိတိန္ဘက္က ျပင္ႏွင္ဒဏ္ေပးခဲ့လုိ႔ စည္းအျပင္မွာ နာရီေပါင္းမ်ားစြာ ထုိင္ေနခဲ့ရေသးတယ္လုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ရက္ပုိင္းကပင္MeeksဟာLAရွိပါတီတစ္ခုကိုတက္ေရာက္ခဲ့ရၿပီး၊ManAboutTownအတြက္လည္းမ်က္ႏွာဖုံးကာဗာဖုိတုိ အ႐ုိက္ခံခဲ့ေသးတယ္လုိ႔ သိရပါတယ္။ သူရဲ႕မန္ေနဂ်ာ Jim က သူ႕ကို အဂၤလန္သုိ႔ ေခၚေဆာင္စဥ္မွာ ရဲေတြက အတင္းအၾကပ္ ခ်ဳပ္ေႏွာင္တာမ်ိဳး မရွိဘဲ၊ ေဘးကေန ၀န္းရံလုိက္႐ုံသာရွိခဲ့တယ္လုိ႔ ထုတ္ေဖာ္ခဲ့ပါတယ္။

Meeks ဟာ 2014 ခုႏွစ္မွာ လက္နက္အက္ဥပေဒနဲ႕အဖမ္းခံခဲ့ရၿပီး၊ေထာင္ဒဏ္27လက်ခံခဲ့ရပါတယ္။ သူဟာမၾကာမီမွာ ေထာင္က ျပန္လည္လြတ္ေျမာက္ေတာ့မွာျဖစ္ၿပီး၊ က်န္ရွိတဲ့ဘ၀ကိုသ႐ုပ္ေဆာင္၊ေၾကာ္ျငာေမာ္ဒယ္နဲ႔အသက္ေမြး၀မ္းေၾကာင္းျပဳသြားမယ္လုိ႔ သိရပါတယ္။ အခုအခ်ိန္ထိ သူဟာ လုပ္ငန္းစာခ်ဳပ္ေတြ မနားရေအာင္ လက္ခံေနရဆဲလုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese  Asia
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ့အချောဆုံးအကျဉ်းသားအဖြစ်သတ်မှတ်ခံထားရတဲ့JeremyMeeksဟာကြော်ငြာရိုက်ကူးဖို့အတွက်အကျဉ်းဌာနတာဝန်ရှိသူတွေက နာရီပိုင်းမျှ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ Meeks ဟာ အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခံထားရပြီး၊ ကြော်ငြာရိုက်ဖို့အတွက် ဗြိတိန်ကို လေယာဉ်နဲ့ သွားရောက်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။

Meeks ဟာ အမေရိကန်လေကြောင်းလိုင်းနဲ့ ဟီးသရိုးလေဆိပ်ကို ရဲအစောင့်အရှောက်နဲ့ဆိုက်ရောက်လာခဲ့ပြီး၊သူနဲ့အတူ မန်နေဂျာ Jim Jordan၊ ဇနီးဖြစ်သူ Melissa တို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ကြော်ငြာရိုက်ကူးပြီးတာနဲ့ မန်နေဂျာနဲ့ Meeksရဲ့ဇနီးသည်တို့ကတောအင်္ဂလန်မှာနေရစ်ခဲ့ပြီး၊၎င်းကိုတော့အမေရိကန်လေကြောင်းလိုင်းနဲ့ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Meeks ဟာ ရဲတပ်ဖွဲ့ဖမ်းဆီးခံရပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ တရားခံဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ပေါက်ရောက် သွားခဲ့ပါတယ်။ သူရဲ့မျက်နှာပေးဟာ ဖတ်ရှင်သမားတွေ သဘောကျစရာ ဖြစ်ခဲ့ရပြီး၊ ကြော်ငြာတွေအတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်အခုခရီးစဉ်မှာယူကေဘက်ကတာဝန်ရှိသူတွေဟာနိုင်ငံခြားသားရာဇဝတ်သားတစ်ယောက်ကို၎င်းတို့နိုင်ငံမှာလက်ခံလိုစိတ် ရှိပုံမရဘူးလို့ Meeks ဆိုပါတယ်။ သူဟာ သတ်မှတ်ထားတဲ့ ကြာချိန်ပြီးနောက် နယ်ခြားစည်းပြင်ပမှာနေဖို့ ဗြိတိန်ဘက်က ပြင်နှင်ဒဏ်ပေးခဲ့လို့ စည်းအပြင်မှာ နာရီပေါင်းများစွာ ထိုင်နေခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပင်MeeksဟာLAရှိပါတီတစ်ခုကိုတက်ရောက်ခဲ့ရပြီး၊ManAboutTownအတွက်လည်းမျက်နှာဖုံးကာဗာဖိုတို အရိုက်ခံခဲ့သေးတယ်လို့ သိရပါတယ်။ သူရဲ့မန်နေဂျာ Jim က သူ့ကို အင်္ဂလန်သို့ ခေါ်ဆောင်စဉ်မှာ ရဲတွေက အတင်းအကြပ် ချုပ်နှောင်တာမျိုး မရှိဘဲ၊ ဘေးကနေ ဝန်းရံလိုက်ရုံသာရှိခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

Meeks ဟာ 2014 ခုနှစ်မှာ လက်နက်အက်ဥပဒေနဲ့အဖမ်းခံခဲ့ရပြီး၊ထောင်ဒဏ်27လကျခံခဲ့ရပါတယ်။ သူဟာမကြာမီမှာ ထောင်က ပြန်လည်လွတ်မြောက်တော့မှာဖြစ်ပြီး၊ ကျန်ရှိတဲ့ဘဝကိုသရုပ်ဆောင်၊ကြော်ငြာမော်ဒယ်နဲ့အသက်မွေးဝမ်းကြောင်းပြုသွားမယ်လို့ သိရပါတယ်။ အခုအချိန်ထိ သူဟာ လုပ်ငန်းစာချုပ်တွေ မနားရအောင် လက်ခံနေရဆဲလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese  Asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top