(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အမ်ိဳးသားတစ္ေယာက္ဟာ တစ္ၿပိဳင္တည္းမွာပင္ ေကာင္မေလးႏွစ္ေယာက္ကုိ ပ႐ုိပုိ႔စ္လုပ္ခဲ့ပါတယ္။ ပ႐ုိပုိ႔စ္အလုပ္ခံရတဲ့ ေကာင္မေလးႏွစ္ေယာက္ကလည္း သူရဲ႕ ေတာင္းဆုိခ်က္ေတြကို သေဘာတူၾကည္ျဖဴခဲ့ၿပီး၊ သူတုိ႔သုံးေယာက္အတြက္ ေပ်ာ္ရႊင္ဖြယ္ရာ ဘဝေန႔ရက္ေလးေတြကို စတင္ခဲ့ပါတယ္။

Derrick လုိ႔ အမည္ရတဲ့ အမ်ိဳးသားဟာ Single မိခင္တစ္ဦးျဖစ္တဲ့ Jessica နဲ႔ ေမတၱာမွ်ေနခဲ့တာ ကာလအားျဖင့္ အေတာ္ေလးကို ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ Jessica ကုိ လက္ထပ္ခြင့္ေတာင္းဖုိ႔ အခ်ိန္အခါသင့္ေနၿပီလုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါေၾကာင့္ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အတူ Jessica ရဲ႕ သမီးငယ္ Gianna ကုိပါ ေလွစီးအပန္းေျဖခရီးထြက္ဖုိ႔ ေခၚလာခဲ့တာပါ။ တံတားတစ္ခုကို ျဖတ္သန္းအၿပီးမွာ Derrick ႀကိဳတင္ေစာင့္ဆုိင္းခုိင္းထားတဲ့ Propose အဖြဲ႕က “Will you marry me ?”ဆုိတဲ့ စာတန္းႀကီးကုိ ကိုင္ၿပီးေစာင့္ေနၾကပါတယ္။

အစကေတာ့ ဒါဟာ Jessica အဖုိ႔ တုိက္ဆုိင္တာလုိ႔ ထင္ျမင္ခဲ့ေပမယ့္ ေနာက္ပုိင္းမွ ခ်စ္သူ Derrick ရဲ႕ ႀကိဳတင္စီစဥ္မႈေတြဆုိတာ သေဘာေပါက္သြားပါေတာ့တယ္။ သူမဟာ အေပ်ာ္မ်က္ရည္ေတြ သုတ္ခဲ့ရၿပီး၊ သမီးေလး Gianna ကလည္း အူျမဴးေနရွာပါတယ္။ Derrick က လက္ဝတ္ရတနာဘူးကို ေဖာက္လုိက္ပါတယ္။

Jessica အတြက္ မဟုတ္ပါဘူး။ သူ႕ရဲ႕သမီးျဖစ္လာမယ့္ Gianna အတြက္ မိသားစုကုိ ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္ပါ့မယ္အေၾကာင္း ကတိကဝတ္ျပဳတဲ့ ဆြဲႀကိဳးေလးပါ။ ေနာက္မွ Jessica ေရွ႕မွာ ဒူးေထာက္ၿပီး လက္ထပ္လက္စြပ္ကုိ ဝတ္ေပးခဲ့ပါတယ္။ သုံးဦးသား တစ္မိသားစုတည္း အတူတူေနထုိင္ဖုိ႔ သေဘာတူသြားခဲ့ၿပီး၊ တံတားေပၚက လူေတြကလည္း က်ယ္ေလာင္စြာ ေအာ္ဟစ္ဂုဏ္ျပဳခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Via,နတ္စည္ေတာ္ (myanmarnote.com)
source : elitereaders.com
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသားတစ်ယောက်ဟာ တစ်ပြိုင်တည်းမှာပင် ကောင်မလေးနှစ်ယောက်ကို ပရိုပို့စ်လုပ်ခဲ့ပါတယ်။ ပရိုပို့စ်အလုပ်ခံရတဲ့ ကောင်မလေးနှစ်ယောက်ကလည်း သူရဲ့ တောင်းဆိုချက်တွေကို သဘောတူကြည်ဖြူခဲ့ပြီး၊ သူတို့သုံးယောက်အတွက် ပျော်ရွှင်ဖွယ်ရာ ဘဝနေ့ရက်လေးတွေကို စတင်ခဲ့ပါတယ်။

Derrick လို့ အမည်ရတဲ့ အမျိုးသားဟာ Single မိခင်တစ်ဦးဖြစ်တဲ့ Jessica နဲ့ မေတ္တာမျှနေခဲ့တာ ကာလအားဖြင့် အတော်လေးကို ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ Jessica ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်အခါသင့်နေပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ Jessica ရဲ့ သမီးငယ် Gianna ကိုပါ လှေစီးအပန်းဖြေခရီးထွက်ဖို့ ခေါ်လာခဲ့တာပါ။ တံတားတစ်ခုကို ဖြတ်သန်းအပြီးမှာ Derrick ကြိုတင်စောင့်ဆိုင်းခိုင်းထားတဲ့ Propose အဖွဲ့က “Will you marry me ?”ဆိုတဲ့ စာတန်းကြီးကို ကိုင်ပြီးစောင့်နေကြပါတယ်။

အစကတော့ ဒါဟာ Jessica အဖို့ တိုက်ဆိုင်တာလို့ ထင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှ ချစ်သူ Derrick ရဲ့ ကြိုတင်စီစဉ်မှုတွေဆိုတာ သဘောပေါက်သွားပါတော့တယ်။ သူမဟာ အပျော်မျက်ရည်တွေ သုတ်ခဲ့ရပြီး၊ သမီးလေး Gianna ကလည်း အူမြူးနေရှာပါတယ်။ Derrick က လက်ဝတ်ရတနာဘူးကို ဖောက်လိုက်ပါတယ်။

Jessica အတွက် မဟုတ်ပါဘူး။ သူ့ရဲ့သမီးဖြစ်လာမယ့် Gianna အတွက် မိသားစုကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါ့မယ်အကြောင်း ကတိကဝတ်ပြုတဲ့ ဆွဲကြိုးလေးပါ။ နောက်မှ Jessica ရှေ့မှာ ဒူးထောက်ပြီး လက်ထပ်လက်စွပ်ကို ဝတ်ပေးခဲ့ပါတယ်။ သုံးဦးသား တစ်မိသားစုတည်း အတူတူနေထိုင်ဖို့ သဘောတူသွားခဲ့ပြီး၊ တံတားပေါ်က လူတွေကလည်း ကျယ်လောင်စွာ အော်ဟစ်ဂုဏ်ပြုခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Via,နတ်စည်တော် (myanmarnote.com)
source : elitereaders.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top