ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီနည္းကို စမ္းသပ္ခဲ႔သူတစ္ဦးကေတာ႔ တကယ္ကိုအသံုး၀င္ၿပီး တစ္ပတ္အတြင္း ကိုယ္အေလးခ်ိန္ ၉ ေပါင္ခန္႔ ေလ်ာ႔က်သြားကာ၊ ခါးဆိုဒ္ကိုလည္း ၄ လက္မခန္႔အထိ ေလွ်ာ႔ခ်ႏိုင္ခဲ႔တယ္လို႔ ညႊန္းဆိုထားပါတယ္။ အကုန္အက်လည္းနညး္ၿပီး လြယ္ကူတဲ႔နည္းမို႔ စမ္းသပ္လိုသူမ်ားအတြက္ မွ်ေ၀လိုက္ပါတယ္။ ဒီနည္းအတြက္ သဘာ၀ေဖ်ာ္ရည္တစ္မ်ိဳးကို ေန႔စဥ္ေသာက္သံုးရမွာ ျဖစ္ပါတယ္။

ေဖ်ာ္ရည္ရဲ႕ ပါ၀င္ပစၥည္းေတြကေတာ႔

- ပူစီနံအနည္းငယ္
- ဂ်င္းအနည္းငယ္
- သံပယိုသီးတစ္လံုး
- သခြားသီးတစ္လံုး
- ေရသန္႔ ၈ ခြက္ခန္႔ (၂၅၀ ml ဆန္႔ခြက္ျဖင္႔)

ျပဳလုပ္နည္း

ဦးစြာ သံပယိုသီးကို ေရေႏြးပူျဖင္႔ စင္ၾကယ္ေအာင္ ေဆးေၾကာလိုက္ပါ။ ထို႔ေနာက္ ႏွစ္ၿခမ္းပိုင္းလို႔ အေစ႔ေလးေတြကိုဖယ္ထုတ္ကာ၊ အစိတ္ေသးေသးေလးမ်ားအျဖင္႔ ထပ္မံပိုင္းျဖတ္လိုက္ပါ။ အဆိုပါ ပိုင္းျဖတ္ထားေသာ သံပယိုသီးစိတ္မ်ားကို ေရထဲထားေသာ ပန္းကန္လံုး (သို႔မဟုတ္) ဇလံုထဲသို႔ ၈နာရီခန္႔ ထည္႔၍ စိမ္ထားပါ။

ထို႔ေနာက္ သခြားသီးကို အခြံႏႊာ၊ အစိတ္၀ိုင္းေလးေတြလွီးလို႔ သံပယိုသီးစိမ္ထားေသာ ေရထဲသို႔ထည္႔ပါ။ ၿပီးေနာက္ ပူစီနံအနညး္ငယ္ (၁၂ ရြက္ခန္႔)၊ အခြံႏႊာထားေသာ ဂ်င္းစိတ္အနည္းငယ္တို႔ကိုပါ ထည္႔၍ ေရာစိမ္ပါ။ ၿပီးရင္ေတာ႔ အရည္ကိုေမႊလို႔ အဖံုးအုပ္ကာ ေရခဲေသတၱာထဲသို႔ထည္႔ၿပီး တစ္ညခန္႔ သိပ္ထားပါ။

ေနာက္တစ္ေန႔တြင္ေတာ႔ ၎၀ိတ္ေလွ်ာ႔ေဖ်ာ္ရည္ကို ေရစစ္ျဖင္႔စစ္၍ သင္ေရဆာတိုင္း ေသာက္သံုးေပးပါ။ အထက္ပါနည္းဟာ တစ္ရက္စာအတြက္ျဖစ္ၿပီး ထိုကဲ႔သုိ႔ ၄ ရက္ခန္႔ ေသာက္သံုးေပးလွ်င္ သင္႔အတြက္ သိသာေလး ရလာဒ္တစ္ခု ရရွိမယ္လို႔ ဆိုပါတယ္။ လြယ္ကူၿပီး အကုန္အက်သက္သာကာ အႏၱရာယ္ကင္းတဲ႔နည္းမို႔ မွ်ေ၀လိုက္ပါတယ္။

အားလံုးပဲ ဆြဲေဆာင္မႈ႔ျပည္႔၀ေသာ ခႏၶာကိုယ္ေလးမ်ားကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Ref: healthandhealthytips
ဖိုးသူေတ္ာ(www.phothutaw.com)
Credit:Popolay

#Unicode Version#
ဒီနည်းကို စမ်းသပ်ခဲ့သူတစ်ဦးကတော့ တကယ်ကိုအသုံးဝင်ပြီး တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၉ ပေါင်ခန့် လျော့ကျသွားကာ၊ ခါးဆိုဒ်ကိုလည်း ၄ လက်မခန့်အထိ လျှော့ချနိုင်ခဲ့တယ်လို့ ညွှန်းဆိုထားပါတယ်။ အကုန်အကျလည်းနည်းပြီး လွယ်ကူတဲ့နည်းမို့ စမ်းသပ်လိုသူများအတွက် မျှဝေလိုက်ပါတယ်။ ဒီနည်းအတွက် သဘာဝဖျော်ရည်တစ်မျိုးကို နေ့စဉ်သောက်သုံးရမှာ ဖြစ်ပါတယ်။

ဖျော်ရည်ရဲ့ ပါဝင်ပစ္စည်းတွေကတော့

- ပူစီနံအနည်းငယ်
- ဂျင်းအနည်းငယ်
- သံပယိုသီးတစ်လုံး
- သခွားသီးတစ်လုံး
- ရေသန့် ၈ ခွက်ခန့် (၂၅၀ ml ဆန့်ခွက်ဖြင့်)

ပြုလုပ်နည်း

ဦးစွာ သံပယိုသီးကို ရေနွေးပူဖြင့် စင်ကြယ်အောင် ဆေးကြောလိုက်ပါ။ ထို့နောက် နှစ်ခြမ်းပိုင်းလို့ အစေ့လေးတွေကိုဖယ်ထုတ်ကာ၊ အစိတ်သေးသေးလေးများအဖြင့် ထပ်မံပိုင်းဖြတ်လိုက်ပါ။ အဆိုပါ ပိုင်းဖြတ်ထားသော သံပယိုသီးစိတ်များကို ရေထဲထားသော ပန်းကန်လုံး (သို့မဟုတ်) ဇလုံထဲသို့ ၈နာရီခန့် ထည့်၍ စိမ်ထားပါ။

ထို့နောက် သခွားသီးကို အခွံနွှာ၊ အစိတ်ဝိုင်းလေးတွေလှီးလို့ သံပယိုသီးစိမ်ထားသော ရေထဲသို့ထည့်ပါ။ ပြီးနောက် ပူစီနံအနည်းငယ် (၁၂ ရွက်ခန့်)၊ အခွံနွှာထားသော ဂျင်းစိတ်အနည်းငယ်တို့ကိုပါ ထည့်၍ ရောစိမ်ပါ။ ပြီးရင်တော့ အရည်ကိုမွှေလို့ အဖုံးအုပ်ကာ ရေခဲသေတ္တာထဲသို့ထည့်ပြီး တစ်ညခန့် သိပ်ထားပါ။

နောက်တစ်နေ့တွင်တော့ ၎င်းဝိတ်လျှော့ဖျော်ရည်ကို ရေစစ်ဖြင့်စစ်၍ သင်ရေဆာတိုင်း သောက်သုံးပေးပါ။ အထက်ပါနည်းဟာ တစ်ရက်စာအတွက်ဖြစ်ပြီး ထိုကဲ့သို့ ၄ ရက်ခန့် သောက်သုံးပေးလျှင် သင့်အတွက် သိသာလေး ရလာဒ်တစ်ခု ရရှိမယ်လို့ ဆိုပါတယ်။ လွယ်ကူပြီး အကုန်အကျသက်သာကာ အန္တရာယ်ကင်းတဲ့နည်းမို့ မျှဝေလိုက်ပါတယ်။

အားလုံးပဲ ဆွဲဆောင်မှု့ပြည့်ဝသော ခန္ဓာကိုယ်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref: healthandhealthytips

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top