(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ျမန္မာအမ်ိဳးသမီးေလးမ်ား၏ မသိနားမလည္မႈကို အသံုးခ်၍ တရုတ္ျပည္သို႔ တင္ပို႔ကာ လူကုန္ကူးမႈ က်ဴးလြန္သူႏွစ္ဦးကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဒကၡိဏခရိုင္တရား႐ုံးမွ ေထာင္ဒဏ္ႏွစ္(၄၀)ခ်မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျပစ္ဒဏ္ခ်မွတ္ခံရသူႏွစ္ဦးမွာ မ်ိဳးမင္းေအာင္(၂၄)ႏွစ္(ဘ)ဦးျမင့္ေရႊ(ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕ေနထိုင္သူ)ႏွင့္ ေဒၚစန္းျမင့္(၄၇)ႏွစ္(ဘ)ဦးသန္းလိႈင္(မႏၱေလး၊ ျပင္ဦးလြင္ၿမိဳ႕၊ရြာသစ္ရြာေနသူ)တို႔ႏွစ္ဦးျဖစ္ၿပီး ဒကၡိဏခရိုင္တရား႐ုံးမွ ရာႀကီးအမႈအမွတ္ ၇၅/၂၀၁၇၊ လူကုန္ကူးမႈတားဆီး ကာကြယ္ေရးဥပေဒပုဒ္မ ၂၄ အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္(၁၀)ႏွစ္၊ ရာႀကီးအမႈအမွတ္ ၈၅/ ၂၀၁၇၊ လူကုန္ကူးမႈတားဆီး ကာကြယ္ေရးဥပေဒပုဒ္မ ၂၄ အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္(၁၀)ႏွစ္၊ ရာႀကီးအမႈအမွတ္၈၄/၂၀၁၇၊ လူကုန္ကူးမႈတားဆီး ကာကြယ္ေရးဥပေဒပုဒ္မ၂၄/၃၂အရအလုပ္ၾကမ္း ႏွင့္ေထာင္ဒဏ္(၁၀)ႏွစ္၊ ရာႀကီးအမႈအမွတ္ ၈၀/၂၀၁၇၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒ ပုဒ္မ ၂၄/၃၂ အရ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္(၁၀)ႏွစ္အသီးသီး ခ်မွတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းသို႔ျပစ္ဒဏ္ကို ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၂၈ ရက္၌ ဒကၡိဏခရိုင္တရား႐ုံးမွ စီရင္ခ်က္ခ်မွတ္လိုက္ျခင္းေၾကာင့္ မ်ိဳးမင္းေအာင္(၂၄)ႏွစ္ ႏွင့္ ေဒၚစန္းျမင့္(၄၇)ႏွစ္တို႔ႏွစ္ဦးမွာ စုစုေပါင္း ေထာင္ဒဏ္(၄၀)ႏွစ္စီ ခ်မွတ္ခံရၿပီျဖစ္ေၾကာင္း ယမန္ေန႔(ဒီဇင္ဘာလ ၃ ရက္)တြင္ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ဖိုးသူေတာ္(www.photutaw.com0
Credit:tawthu.com
#Unicode Version#
မြန်မာအမျိုးသမီးလေးများ၏ မသိနားမလည်မှုကို အသုံးချ၍ တရုတ်ပြည်သို့ တင်ပို့ကာ လူကုန်ကူးမှု ကျူးလွန်သူနှစ်ဦးကို နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်တရားရုံးမှ ထောင်ဒဏ်နှစ်(၄၀)ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ မျိုးမင်းအောင်(၂၄)နှစ်(ဘ)ဦးမြင့်ရွှေ(နေပြည်တော်၊ ပျဉ်းမနားမြို့နေထိုင်သူ)နှင့် ဒေါ်စန်းမြင့်(၄၇)နှစ်(ဘ)ဦးသန်းလှိုင်(မန္တလေး၊ ပြင်ဦးလွင်မြို့၊ရွာသစ်ရွာနေသူ)တို့နှစ်ဦးဖြစ်ပြီး ဒက္ခိဏခရိုင်တရားရုံးမှ ရာကြီးအမှုအမှတ် ၇၅/၂၀၁၇၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ်၊ ရာကြီးအမှုအမှတ် ၈၅/ ၂၀၁၇၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ်၊ ရာကြီးအမှုအမှတ်၈၄/၂၀၁၇၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ၂၄/၃၂အရအလုပ်ကြမ်း နှင့်ထောင်ဒဏ်(၁၀)နှစ်၊ ရာကြီးအမှုအမှတ် ၈၀/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ်အသီးသီး ချမှတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ပြစ်ဒဏ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်၌ ဒက္ခိဏခရိုင်တရားရုံးမှ စီရင်ချက်ချမှတ်လိုက်ခြင်းကြောင့် မျိုးမင်းအောင်(၂၄)နှစ် နှင့် ဒေါ်စန်းမြင့်(၄၇)နှစ်တို့နှစ်ဦးမှာ စုစုပေါင်း ထောင်ဒဏ်(၄၀)နှစ်စီ ချမှတ်ခံရပြီဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာလ ၃ ရက်)တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


ဖိုးသူတော်(www.photutaw.com0

Credit:tawthu.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top