(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကိုယ့္ရည္ရြယ္ခ်က္အတြက္ ကုိယ္တုိင္ႀကိဳးစားခဲ့တယ္။

သရုပ္ေဆာင္လမင္းကဗ်ာဟာ အႏုပညာအလုပ္ကုိစလုပ္ကတည္းက ရည္ရြယ္ခ်က္ေတြရွိပါတယ္တဲ့။ ကုိယ္ပုိင္စီးပြားေရးလုပ္ဖုိ႔၊ ဝါသနာပါတဲ့ ဂီတအလုပ္ေတြလုပ္မယ္ဆုိတဲ့ သူ႔ရဲ႕ ရည္ရြယ္ခ်က္ေတြက အခုဆုိရင္တကယ္ျဖစ္လာပါၿပီ။ ဒီအေၾကာင္းအရာ ေပၚမွာ လည္း စပြန္ဆာရသြားလုိ႔လား ဆုိတဲ့ ေဝဖန္သံေတြအတြက္ media ကေန ေျပာျပခဲ့ပါတယ္။

” သတင္းေတြၾကားမိေသးတယ္ စပြန္ဆာရသြားလုိ႔လား ဆုိတဲ့ အသံေတြၾကားရတယ္၊ ဘား လည္းဖြင့္တယ္၊ အေခြလည္းထုတ္တယ္ ဆုိေတာ့ေလ။ ဒါေပမယ့္ ကုိယ့္ကုိယ္ကုိမုိ႔လုိ႔ေျပာတာမဟုတ္ဘူး လမင္းတကယ္ကုိ ပုိက္ဆံစုတယ္၊ အရမ္းစုတယ္၊ ရရင္ ရသေလာက္ စုတယ္။ ဒါကလည္း ဆုိင္ေလးဖြင့္ခ်င္တဲ့ ရည္ရြယ္ခ်က္ရွိတယ္ေပ့ါ။ အခုလည္း အဲ့ဒီဆုိင္ေလးက အခုဆုိတစ္ေန႔ကုိ ၅ သိန္းဖုိး ေလာက္ ေရာင္း ရတယ္၊ ဆုိင္ဖြင့္ရင္အဆင္ေျပမယ္ဆုိတာကုိ လမင္းသိတဲ့အတြက္ ရင္းရဲတယ္” လုိ႔ဆုိပါတယ္။

” သီခ်င္းအေခြက်ေတာ့ ကုိယ့္ရဲ႕ မွတ္တုိင္ေလးလည္းျဖစ္ခ်င္တယ္၊ ၿပီးေတာ့ နယ္က ပရိသတ္ေတြကုိ လမင္းေပးဆပ္ခ်င္တဲ့အတြက္ အေခြထုတ္လုိက္တာပါ။ ပရိသတ္ေတြက ဇာတ္ကားရုိက္ေစခ်င္ေပမယ့္ ဇာတ္ကားရုိက္ဖုိ႔ လမင္းက အခ်ိန္မေပးႏုိင္ဘူး။ အဲ့ဒီအတြက္ သီခ်င္းဘက္မွာလည္း မ်က္ေျခမျပတ္ေအာင္ ေတာက္ေလွ်ာက္လုပ္ေပးေနမွာပါ။ သီခ်င္းဘက္ကုိေတာ့ လုံးဝေျပာင္းလုိက္မွာပါ။ အခုေလာေလာဆယ္ေတာ့ ဇာတ္ကားေတြရုိက္ဦးမယ္ လက္မလႊတ္ခ်င္ေသးဘူး” လုိ႔ သူကဆုိပါတယ္။

သရုပ္ေဆာင္လမင္းကဗ်ာကုိ ပရိသတ္ေတြက ဇာတ္ပုိ႔ ဇာတ္ရံတစ္ေယာက္အေနနဲ႔ စတင္အားေပးခဲ့ၾကတာပါ။ အခုဆုိရင္ေတာ့ ဂီတအပုိင္း ကုိပါ ေျခလွမ္းစတင္လုိက္ၿပီျဖစ္တာေၾကာင့္ ဝီစကီ ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြကုိလည္း ထြက္ရွိႏုိင္ခဲ့ပါၿပီ။ အဲ့ဒီေနာက္ ကုိယ္ပုိင္စီးပြားေရး တစ္ခုကုိပါ ဦးေဆာင္လုပ္ကုိင္ေနၿပီလုိ႔ သိရပါတယ္။

Photo: လမင္းကဗ်ာေဖ့စ္ဘုတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DUWUN
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ့်ရည်ရွယ်ချက်အတွက် ကိုယ်တိုင်ကြိုးစားခဲ့တယ်။

သရုပ်ဆောင်လမင်းကဗျာဟာ အနုပညာအလုပ်ကိုစလုပ်ကတည်းက ရည်ရွယ်ချက်တွေရှိပါတယ်တဲ့။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့၊ ဝါသနာပါတဲ့ ဂီတအလုပ်တွေလုပ်မယ်ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေက အခုဆိုရင်တကယ်ဖြစ်လာပါပြီ။ ဒီအကြောင်းအရာ ပေါ်မှာ လည်း စပွန်ဆာရသွားလို့လား ဆိုတဲ့ ဝေဖန်သံတွေအတွက် media ကနေ ပြောပြခဲ့ပါတယ်။

” သတင်းတွေကြားမိသေးတယ် စပွန်ဆာရသွားလို့လား ဆိုတဲ့ အသံတွေကြားရတယ်၊ ဘား လည်းဖွင့်တယ်၊ အခွေလည်းထုတ်တယ် ဆိုတော့လေ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုမို့လို့ပြောတာမဟုတ်ဘူး လမင်းတကယ်ကို ပိုက်ဆံစုတယ်၊ အရမ်းစုတယ်၊ ရရင် ရသလောက် စုတယ်။ ဒါကလည်း ဆိုင်လေးဖွင့်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်ပေ့ါ။ အခုလည်း အဲ့ဒီဆိုင်လေးက အခုဆိုတစ်နေ့ကို ၅ သိန်းဖိုး လောက် ရောင်း ရတယ်၊ ဆိုင်ဖွင့်ရင်အဆင်ပြေမယ်ဆိုတာကို လမင်းသိတဲ့အတွက် ရင်းရဲတယ်” လို့ဆိုပါတယ်။

” သီချင်းအခွေကျတော့ ကိုယ့်ရဲ့ မှတ်တိုင်လေးလည်းဖြစ်ချင်တယ်၊ ပြီးတော့ နယ်က ပရိသတ်တွေကို လမင်းပေးဆပ်ချင်တဲ့အတွက် အခွေထုတ်လိုက်တာပါ။ ပရိသတ်တွေက ဇာတ်ကားရိုက်စေချင်ပေမယ့် ဇာတ်ကားရိုက်ဖို့ လမင်းက အချိန်မပေးနိုင်ဘူး။ အဲ့ဒီအတွက် သီချင်းဘက်မှာလည်း မျက်ခြေမပြတ်အောင် တောက်လျှောက်လုပ်ပေးနေမှာပါ။ သီချင်းဘက်ကိုတော့ လုံးဝပြောင်းလိုက်မှာပါ။ အခုလောလောဆယ်တော့ ဇာတ်ကားတွေရိုက်ဦးမယ် လက်မလွှတ်ချင်သေးဘူး” လို့ သူကဆိုပါတယ်။

သရုပ်ဆောင်လမင်းကဗျာကို ပရိသတ်တွေက ဇာတ်ပို့ ဇာတ်ရံတစ်ယောက်အနေနဲ့ စတင်အားပေးခဲ့ကြတာပါ။ အခုဆိုရင်တော့ ဂီတအပိုင်း ကိုပါ ခြေလှမ်းစတင်လိုက်ပြီဖြစ်တာကြောင့် ဝီစကီ ဆိုတဲ့ တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိနိုင်ခဲ့ပါပြီ။ အဲ့ဒီနောက် ကိုယ်ပိုင်စီးပွားရေး တစ်ခုကိုပါ ဦးဆောင်လုပ်ကိုင်နေပြီလို့ သိရပါတယ်။

Photo: လမင်းကဗျာဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: DUWUN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top