(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×










ဖိုးသူတော် (www.phothutaw.com)
Credit: Trend

#Unicode Version#
(Cheesy Egg Ramen) ချိစ်အပြည့်နဲ့ ခေါက်ဆွဲပြုတ် ရှလွတ်ရှလွတ်လေးကို အိမ်မှာပဲ လွယ်လွယ်ကူကူပြုတ်စားလို့ရပါတယ်နော်။ ဖေ့စ်ဘွတ်မှာ တက်လာတဲ့ ဗီဒီယိုတွေကြည့်ပြီး သရေမျိုချနေမယ့်အစား ကိုယ်တိုင် ခေါက်ဆွဲထုတ်ဝယ်ပြီး စားချင်နေတဲ့ ဆန္ဒလေးကို အခုပဲ ဖြည့်ဆည်းလိုက်ပါ။

ကဲ.. လာပါပြီနော်.. ဘာတွေလိုအပ်လဲ.. ဘယ်လိုလုပ်ရမလဲဆိုတာ..

Ramen ခေါက်ဆွဲထုတ် တစ်ထုတ်ဝယ်ပြီး ပုံမှန် ခေါက်ဆွဲပြုတ်နေကြအတိုင်း ထည့်ပြုတ်လိုက်ပါ။
အရည်နဲ့ စားချင်တဲ့သူက အရည်ချန် ၊ အရည်မကြိုက်တဲ့သူက ခေါက်ဆွဲတွေအကုန်ဆယ်ပြီးသွားရင် အရသာမှုန့်တွေ ထည့်နယ်။ ပြီးရင် ချိစ်ပြားလေး အုပ် ၊ ကြက်ဥလေး အပေါ်ကတင် ဒါဆို အရသာရှိပြီးပြည့်စုံတဲ့ Cheesy Egg Ramen လေး ရပြီလေ။

အရည်နဲ့ကြိုက်တဲ့သူတွေကလည်း အရည်လေးထည့်ပြီး ချိစ်ပြားလေးအုပ်။ ပိုပြီးတောင် အရသာရှိဦးမယ်။ဖတ်ရင်းနဲ့ စားချင်နေပါပြီလား.. လုပ်နည်း ဗီဒီယိုလေးနဲ့အတူ ကိုယ်ပိုင် Cheesy Egg Ramen လေးဖန်တီးလိုက်တော့နော်။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top