ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

‘‘ဒီမွာ ၂၀၁၂ ၾကားျဖတ္က ေန ေနခဲ့ရတာ။ ေန႔စဥ္ဒီမွာပဲ ေန ခဲ့ရတာေပါ့။ ကြၽန္ေတာ္က အဲဒီ တုန္းက ယာဥ္ေမာင္းပါ။ ကြၽန္ ေတာ့္ဇနီးကိုလုိက္ပို႔တာ။ ယာဥ္ ေမာင္းဘ၀နဲ႔ ကြၽန္ေတာ္ေနခဲ့ရ တာပါ။ အဲဒါေတြသတိရပါတယ္’’ ဟု ၎ကဆုိသည္။

ေနျပည္ေတာ္ရွိ စည္ပင္ဧည့္ ရိပ္သာတြင္ ယမန္ေန႔က လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဦးေဆာင္ျပဳလုပ္ေသာ နိဗၺာန္ေစ်းပဲြေတာ္သို႔ လာေရာက္စဥ္ ဦးထင္ေက်ာ္က ယင္းကဲ့သို႔ ေျပာၾကားျခင္းျဖစ္သည္။ နိဗၺာန္ေစ်းပြဲေတာ္သို႔ သမၼတဦး၀င္းျမင့္ႏွင့္ ဇနီး၊ လြတ္ေတာ္ဥကၠ႒တို႔လည္း တက္ေရာက္ခဲ့သည္။

ယာဥ္ေမာင္းဘ၀ျဖင့္ ေနခဲ့ရေသာအခ်ိန္မ်ားသည္ စိတ္လႈပ္ရွားရသလို အလြန္ေပ်ာ္စရာ ေကာင္းသည့္အ ခ်ိန္မ်ားျဖစ္သည္ ဟု ဦးထင္ေက်ာ္က ျဖည့္စြက္ ေျပာၾကားသည္။

ယခင္ကထက္ ကိုယ္အေလးခ်ိန္ေပါင္ ၂၀ တက္လာသည္ဟု ဦးထင္ေက်ာ္က ၎၏ က်န္းမာေရးႏွင့္ ပတ္သက္၍ သတင္း ေကာင္းပါးသည္။ လက္ရွိတြင္ စာေရးျခင္း၊ စာအုပ္စုေဆာင္းျခင္းမ်ား ျပဳလုပ္ေနေၾကာင္း သမၼတေဟာင္းက ဆုိသည္။

‘‘စာအုပ္ေတာ့ မဟုတ္ပါ ဘူး။ ေဆာင္းပါးပဲ ျဖည္းျဖည္း၊ ျဖည္းျဖည္း ေရးသြားမွာပါ။ စာ အုပ္ကေတာ့ အရင္တုန္းကဟာ ေတြ၊ ေဆာင္းပါးေတြေပါင္းၿပီး ထုတ္ၾကတာပါ။ ျဖည္းျဖည္းခ်င္း ပဲ လုပ္သြားပါမယ္’’ ဟု ၎က ဆက္လက္ေျပာၾကားသည္။

ဆရာႀကီး မင္းသု၀ဏ္၏သားျဖစ္သူ ဦးထင္ေက်ာ္သည္ စာေရးဆရာ ဒလဘန္းလည္းျဖစ္ သည္။ သမၼတေဟာင္းက နိဗၺာန္ ေစ်းသုိ႔လာေရာက္စဥ္ တည္ခင္း ထားသည့္ ကခ်င္ေခါင္ရည္အ နည္းငယ္ကို မိတ္ေဆြေဟာင္းမ်ား ႏွင့္အတူ ျမည္းစမ္းေသာက္သုံး ခဲ့ေၾကာင္း ေတြ႕ရသည္။

အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ ခ်ဳပ္ ၂၀၁၅ ေရြးေကာက္ပဲြအႏုိင္ ရၿပီးေနာက္ ဦးထင္ေက်ာ္သည္ ျမန္မာႏုိင္ငံ၏ န၀မေျမာက္သမၼ တ ျဖစ္လာသည္။

သမၼတေဟာင္း ဦးထင္ေက်ာ္သည္ ပထမဆုံး အရပ္သား အစိုးရလက္ထက္တြင္ ရာထူးသက္တမ္း ၂ ႏွစ္ျပည့္ရန္ ကိုးရက္အလို ၂၀၁၈မတ္လ ၂၁ ရက္က တာ၀န္မွအနားယူလို ၍ ႏုတ္ထြက္ေၾကာင္း ႏုိင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္ေၾကညာသည္။

သမၼတေဟာင္း ဦးထင္ ေက်ာ္လက္ထက္တြင္ အမွတ္တ ရမ်ားစြာရွိသည့္အနက္ ေနျပည္ ေတာ္၌ ျပဳလုပ္ေသာ ကေလးစာ ေပပဲြေတာ္၌ ဖခင္ ဆရာႀကီးမင္းသု၀ဏ္ကို သတိရၿပီး လူျမင္ကြင္းတြင္ မ်က္ရည္က်ခဲ့သည္။

အသက္(၇၂) ႏွစ္ျပည့္ၿပီး ျဖစ္ေသာ ဦးထင္ေက်ာ္သည္ ႏုိင္ငံေတာ္သမၼတတာ၀န္ကို ၇၂၁ ရက္ထမ္းေဆာင္ခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:  7 Day

#Unicode Version#
‘‘ဒီမှာ ၂၀၁၂ ကြားဖြတ်က နေ နေခဲ့ရတာ။ နေ့စဉ်ဒီမှာပဲ နေ ခဲ့ရတာပေါ့။ ကျွန်တော်က အဲဒီ တုန်းက ယာဉ်မောင်းပါ။ ကျွန် တော့်ဇနီးကိုလိုက်ပို့တာ။ ယာဉ် မောင်းဘဝနဲ့ ကျွန်တော်နေခဲ့ရ တာပါ။ အဲဒါတွေသတိရပါတယ်’’ ဟု ၎င်းကဆိုသည်။

နေပြည်တော်ရှိ စည်ပင်ဧည့် ရိပ်သာတွင် ယမန်နေ့က လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြုလုပ်သော နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်စဉ် ဦးထင်ကျော်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ နိဗ္ဗာန်ဈေးပွဲတော်သို့ သမ္မတဦးဝင်းမြင့်နှင့် ဇနီး၊ လွတ်တော်ဥက္ကဋ္ဌတို့လည်း တက်ရောက်ခဲ့သည်။



ယာဉ်မောင်းဘဝဖြင့် နေခဲ့ရသောအချိန်များသည် စိတ်လှုပ်ရှားရသလို အလွန်ပျော်စရာ ကောင်းသည့်အ ချိန်များဖြစ်သည် ဟု ဦးထင်ကျော်က ဖြည့်စွက် ပြောကြားသည်။

ယခင်ကထက် ကိုယ်အလေးချိန်ပေါင် ၂၀ တက်လာသည်ဟု ဦးထင်ကျော်က ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်၍ သတင်း ကောင်းပါးသည်။ လက်ရှိတွင် စာရေးခြင်း၊ စာအုပ်စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း သမ္မတဟောင်းက ဆိုသည်။

‘‘စာအုပ်တော့ မဟုတ်ပါ ဘူး။ ဆောင်းပါးပဲ ဖြည်းဖြည်း၊ ဖြည်းဖြည်း ရေးသွားမှာပါ။ စာ အုပ်ကတော့ အရင်တုန်းကဟာ တွေ၊ ဆောင်းပါးတွေပေါင်းပြီး ထုတ်ကြတာပါ။ ဖြည်းဖြည်းချင်း ပဲ လုပ်သွားပါမယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆရာကြီး မင်းသုဝဏ်၏သားဖြစ်သူ ဦးထင်ကျော်သည် စာရေးဆရာ ဒလဘန်းလည်းဖြစ် သည်။ သမ္မတဟောင်းက နိဗ္ဗာန် ဈေးသို့လာရောက်စဉ် တည်ခင်း ထားသည့် ကချင်ခေါင်ရည်အ နည်းငယ်ကို မိတ်ဆွေဟောင်းများ နှင့်အတူ မြည်းစမ်းသောက်သုံး ခဲ့ကြောင်း တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၂၀၁၅ ရွေးကောက်ပွဲအနိုင် ရပြီးနောက် ဦးထင်ကျော်သည် မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မ တ ဖြစ်လာသည်။

သမ္မတဟောင်း ဦးထင်ကျော်သည် ပထမဆုံး အရပ်သား အစိုးရလက်ထက်တွင် ရာထူးသက်တမ်း ၂ နှစ်ပြည့်ရန် ကိုးရက်အလို ၂၀၁၈မတ်လ ၂၁ ရက်က တာဝန်မှအနားယူလို ၍ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

သမ္မတဟောင်း ဦးထင် ကျော်လက်ထက်တွင် အမှတ်တ ရများစွာရှိသည့်အနက် နေပြည် တော်၌ ပြုလုပ်သော ကလေးစာ ပေပွဲတော်၌ ဖခင် ဆရာကြီးမင်းသုဝဏ်ကို သတိရပြီး လူမြင်ကွင်းတွင် မျက်ရည်ကျခဲ့သည်။

အသက်(၇၂) နှစ်ပြည့်ပြီး ဖြစ်သော ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတတာဝန်ကို ၇၂၁ ရက်ထမ်းဆောင်ခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:  7 Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top