ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အိႏိၵယႏုိင္ငံမွာ ကိုယ္ထိလက္ေရာက္ ေစာ္ကားမႈကို တိုင္ၾကားအၿပီး အမ်ိဳးသမီးတဦး မီး႐ိႈ႕ခံခဲ့ရပါတယ္။

အိႏိၵယႏုိင္ငံေျမာက္ပိုင္း ဥတၱာပရာေဒ့ရွ္ျပည္နယ္ စီတာပူၿမိဳ႕မွာ အသက္ ၂၀ အရြယ္ အမ်ိဳးသမီးကို ကိုယ္ထိလက္ေရာက္ ေစာ္ကားဖို႔ ႀကိဳးစားတယ္လို႔ စြပ္စြဲခံရတဲ့ အမ်ိဳးသား ၂ ဦးက သူ႔ကို ေရနံဆီေလာင္း မီး႐ိႈႈ႕ခဲ့တယ္လို႔ အာဏာပိုင္ေတြနဲ႔ အမ်ိဳးသမီးရဲ႕ မိသားစုက ေျပာပါတယ္။

ရဲကိုတိုင္အၿပီး ၂ ရက္အၾကာ အမ်ိဳးသမီးရဲ႕အိမ္နားက လယ္ကြင္းထဲမွာ မီး႐ိႈႈ႕ တိုက္ခိုက္ခံခဲ့ရတာပါ။

တုိက္ခုိက္ခဲ့တဲ့ အမ်ဳိးသား ၂ ဦးစလံုးဟာ အမ်ိဳးသမီးနဲ႔ အိမ္နီးခ်င္းေတြျဖစ္ၿပီး အမ်ိဳးသမီးရဲ႕ မိသားစုနဲ႔ သိကၽြမ္းသူေတြလည္း ျဖစ္တယ္၊ အမ်ိဳးသမီးကို လာစကားေျပာအၿပီး ဆြဲေခၚထုတ္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ အမ်ိဳးသမီးရဲ႕ အစ္ကို ဗီေနာ့ဒ္ ကူမားက ေျပာပါတယ္။

အမ်ိဳးသမီးက သူတို႔လက္ေတြကို ကိုက္ခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး အမ်ိဳးသမီးရဲ႕ ဖခင္က ရဲကို အဲဒီေန႔မွာပဲ သြားတုိင္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ အေရးယူမႈမရွိလို႔ ဒုတိယအႀကိမ္ မိသားစုက ထပ္တိုင္ခဲ့တာပါ။

ဒီဇင္ဘာ ၁ ရက္ေန႔မွာေတာ့ အမ်ိဳးသမီး အလုပ္လုပ္ေနခ်ိန္မွာ အမ်ဳိးသား ၂ ဦး လယ္ကြင္းထဲလာခဲ့ၿပီး ေရနံဆီေလာင္း မီး႐ႈိ႕ခဲ့တယ္၊ မီးေလာင္ၿပီး ေအာ္ဟစ္ေနတဲ့ သူ႔ကို ပစ္ထားခဲ့တယ္လို႔ မီး႐ိႈ႕ခံအမ်ိဳးသမီးရဲ႕မိခင္ ကမ္လာေဒဗီက ေျပာပါတယ္။

အမ်ိဳးသမီးဟာ ခႏၶာကိုယ္ ၄၀ ရာခိုင္ႏႈန္း မီးေလာင္ခံရလို႔ ေဆး႐ုံတက္ ကုသခေနရတယ္လို႔ ျပည္နယ္ရဲမႉး ပရာဘာခါ ေခ်ာင္ဒရီက ေျပာပါတယ္။

တိုက္ခိုက္သူတဦးကို ဖမ္းထားၿပီး ေနာက္တဦးကို ဖမ္းဖို႔ ႀကိဳးစားေနတယ္၊ ရဲ ၃ ေယာက္ကိုလည္း တာဝန္ေပါ့ေလ်ာ့မႈနဲ႔ တာဝန္က ရပ္ဆိုင္းထားတယ္လို႔ သူက ဆက္ေျပာပါတယ္။

အိႏိၵယရဲေတြဟာ စံုစမ္းစစ္ေဆးတာေတြ ဖံုးကြယ္ထားေရး ေဒသခံ ႏိုင္ငံေရးသမားေတြရဲ႕ ဖိအားေၾကာင့္ ငံု႔ခံေနတယ္လို႔ လူ႔အခြင့္အေရး အုပ္စုေတြက စြပ္စြဲပါတယ္။

လိင္ပိုင္းေႏွာင့္ယွက္မႈဆိုင္ရာ စံုစမ္းစစ္ေဆးမႈ တခ်ိဳ႕ကေတာ့ ရဲေတြရဲ႕ စိတ္မဝင္စားမႈေၾကာင့္ ေပ်ာက္ပ်က္ကုန္တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:DVB
#Unicode Version#
အိန္ဒိယနိုင်ငံမှာ ကိုယ်ထိလက်ရောက် စော်ကားမှုကို တိုင်ကြားအပြီး အမျိုးသမီးတဦး မီးရှို့ခံခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် စီတာပူမြို့မှာ အသက် ၂၀ အရွယ် အမျိုးသမီးကို ကိုယ်ထိလက်ရောက် စော်ကားဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား ၂ ဦးက သူ့ကို ရေနံဆီလောင်း မီးရှိုှု့ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ အမျိုးသမီးရဲ့ မိသားစုက ပြောပါတယ်။

ရဲကိုတိုင်အပြီး ၂ ရက်အကြာ အမျိုးသမီးရဲ့အိမ်နားက လယ်ကွင်းထဲမှာ မီးရှိုှု့ တိုက်ခိုက်ခံခဲ့ရတာပါ။

တိုက်ခိုက်ခဲ့တဲ့ အမျိုးသား ၂ ဦးစလုံးဟာ အမျိုးသမီးနဲ့ အိမ်နီးချင်းတွေဖြစ်ပြီး အမျိုးသမီးရဲ့ မိသားစုနဲ့ သိကျွမ်းသူတွေလည်း ဖြစ်တယ်၊ အမျိုးသမီးကို လာစကားပြောအပြီး ဆွဲခေါ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ အမျိုးသမီးရဲ့ အစ်ကို ဗီနော့ဒ် ကူမားက ပြောပါတယ်။

အမျိုးသမီးက သူတို့လက်တွေကို ကိုက်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အမျိုးသမီးရဲ့ ဖခင်က ရဲကို အဲဒီနေ့မှာပဲ သွားတိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရေးယူမှုမရှိလို့ ဒုတိယအကြိမ် မိသားစုက ထပ်တိုင်ခဲ့တာပါ။

ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ အမျိုးသမီး အလုပ်လုပ်နေချိန်မှာ အမျိုးသား ၂ ဦး လယ်ကွင်းထဲလာခဲ့ပြီး ရေနံဆီလောင်း မီးရှို့ခဲ့တယ်၊ မီးလောင်ပြီး အော်ဟစ်နေတဲ့ သူ့ကို ပစ်ထားခဲ့တယ်လို့ မီးရှို့ခံအမျိုးသမီးရဲ့မိခင် ကမ်လာဒေဗီက ပြောပါတယ်။

အမျိုးသမီးဟာ ခန္ဓာကိုယ် ၄၀ ရာခိုင်နှုန်း မီးလောင်ခံရလို့ ဆေးရုံတက် ကုသခနေရတယ်လို့ ပြည်နယ်ရဲမှူး ပရာဘာခါ ချောင်ဒရီက ပြောပါတယ်။

တိုက်ခိုက်သူတဦးကို ဖမ်းထားပြီး နောက်တဦးကို ဖမ်းဖို့ ကြိုးစားနေတယ်၊ ရဲ ၃ ယောက်ကိုလည်း တာဝန်ပေါ့လျော့မှုနဲ့ တာဝန်က ရပ်ဆိုင်းထားတယ်လို့ သူက ဆက်ပြောပါတယ်။

အိန္ဒိယရဲတွေဟာ စုံစမ်းစစ်ဆေးတာတွေ ဖုံးကွယ်ထားရေး ဒေသခံ နိုင်ငံရေးသမားတွေရဲ့ ဖိအားကြောင့် ငုံ့ခံနေတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက စွပ်စွဲပါတယ်။

လိင်ပိုင်းနှောင့်ယှက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တချို့ကတော့ ရဲတွေရဲ့ စိတ်မဝင်စားမှုကြောင့် ပျောက်ပျက်ကုန်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top