(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ေနထိုင္မႈပုံစံအတိုင္းေနမယ္ဆိုရင္ အသားအေရလွဖို႔နဲ႔ အာဟာရတန္ဖိုးေတြရေအာင္ သဘာဝအခ်ိဳဓာတ္ပါဝင္တဲ့ အသီးေဖ်ာ္ရည္ေတြ ေန႔စဥ္ေသာက္သုံးေပးသင့္ပါတယ္။မအားလပ္တဲ့အခ်ိန္ေတြ ေၾကာင့္ ေန႔တိုင္းသစ္သီးေဖ်ာ္ရည္ ေဖ်ာ္မေသာက္ႏိုင္တဲ့အခါ ဘယ္လိုစီစဥ္ထားသင့္လဲ။

မ်ားေသာအားျဖင့္ သစ္သီးေဖ်ာ္ရည္ဆို တေန႔စာတေန႔ေဖ်ာ္သင့္တာမလို႔ မနက္အခ်ိန္မီ႐ုံးေျပးရတဲ့သူေတြအတြက္ ဘယ္ေလာက္ပဲ က်န္းမာေရးနဲ႔ညီၫြတ္တယ္ဆိုေပမယ့္ ေန႔တိုင္းေသာက္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

ဒီလိုဆိုရင္ ၂ ရက္တခါ ၃ ရက္တခါေလာက္ပဲ ေသာက္မလား ဒါမွမဟုတ္ ပိတ္ရက္က်မွပဲေသာက္ရေတာ့မလားဆိုၿပီး စိုးရိမ္ ေနသူေတြအတြက္ သတင္းေကာင္းရွိပါတယ္။ အသီးေဖ်ာ္ရည္ေတြက တရက္ပဲခံတယ္လို႔ သတ္မွတ္ၾကေပမယ့္ စနစ္တက် ျပင္ဆင္ထားရင္ အသီးေဖ်ာ္ရည္ေတြလဲ သိမ္းထားလို႔ရပါတယ္။


ဒါဆိုရင္ ဘယ္ေလာက္ၾကာၾကာေဖ်ာ္ၿပီး သိမ္းထားႏိုင္မလဲ၊ ကိုယ္တိုင္ေဖ်ာ္ထားတဲ့ အသီးေဖ်ာ္ရည္ေတြက ဘယ္ေလာက္ၾကာေအာင္ သိမ္းထားသင့္လဲ၊ ဘယ္အခ်ိန္အတိုင္းအတာထိဆို လတ္ဆတ္တဲ့အသီးေဖ်ာ္ရည္အ ျဖစ္ေသာက္သုံးသင့္လဲ စတဲ့ေမးခြန္းေတြလဲ ေမးစရာရွိလာပါတယ္။

ပုံမွန္အားျဖင့္ေတာ့ သဘာဝအသီးေဖ်ာ္ရည္တခြက္ကို မိနစ္ ၂၀ ကေန နာရီဝက္ေလာက္ပဲခံတာမို႔ အိမ္ကေန ေဖ်ာ္ၿပီး ေတာင္ ႐ုံးယူသြားဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္လဲ အခုေနာက္ဆုံးနည္းလမ္းေတြအရ သဘာဝအသီး ေဖ်ာ္ရည္ေတြကို ဒီထက္အခ်ိန္ၾကာၾကာပိုခံေစမယ့္ အခ်က္ေတြေတြ႕ရွိလာၾကပါၿပီ။

သစ္သီးေဖ်ာ္ရည္ကို ပိုခံေစခ်င္ရင္ အေရးႀကီးဆုံးအခ်က္က သဘာဝနည္းနဲ႔စိုက္ပ်ိဳးထားတဲ့ ေအာ္ဂဲနစ္အသီးကို ေ႐ြးပါ။ လတ္ဆတ္တဲ့အသီးျဖစ္ဖို႔လည္း လိုပါတယ္။ ေနာက္တခ်က္ကေတာ့ သစ္သီးေဖ်ာ္ရည္စက္ပါ။ တခ်ိဳ႕ ေဖ်ာ္စက္ေတြက အပူသုံးၿပီး အသီးေတြကိုေဖ်ာ္တာမို႔ အလြယ္တကူဓာတ္ျပယ္လြယ္သလို အာဟာရဓာတ္ေတြ လည္း ဆုံးရႈံးမႈမ်ားေစပါတယ္။

ေအာက္စီဂ်င္နဲ႔ ဓာတ္ျပဳပိုလြယ္တာမို႔ ေဖ်ာ္ၿပီး အေအးထဲေသခ်ာသိမ္းရင္ေတာင္ ၂ နာရီေလာက္ထိပဲခံတာေၾကာင့္ အဆင္မေျပပါဘူး။


ဒါေၾကာင့္ အသီးေဖ်ာ္ရည္ေတြ တာရွည္ခံခ်င္တယ္ဆိုရင္ Cold Press Juicer လို႔ေခၚတဲ့ အပူဓာတ္ကို အနည္း ဆုံး ဒါမွမဟုတ္ လုံးဝမပါဘဲသုံးတဲ့စက္ကိုေ႐ြးပါ။ ဒီစက္ေတြနဲ႔ေဖ်ာ္ထားတဲ့ ေဖ်ာ္ရည္ေတြက ေအာက္စီဂ်င္နဲ႔ ဓာတ္ျပဳမႈေႏွးတာေၾကာင့္ ၂၄ နာရီေလာက္ထိ အေကာင္းဆုံးအေနအထားအတိုင္းရွိေနတတ္ပါတယ္။

ေဖ်ာ္ထားတဲ့အသီးေဖ်ာ္ရည္ေတြကို သိမ္းတဲ့ေနရာမွာလည္း နည္းလမ္းမွန္ဖို႔လိုပါတယ္။ ပလတ္စတစ္ဘူးေတြနဲ႔ ထည့္တာထက္ ဖန္နဲ႔လုပ္ထားတဲ့ပုလင္းေတြက ဓာတ္ျပဳမႈနည္းလို႔ အသုံးျပဳသင့္ပါတယ္။ ေဖ်ာ္ရည္ထည့္တဲ့အခါ အဖုံးထိပ္မွာအနည္းငယ္ခ်န္ၿပီး ထည့္ပါ။ အဖုံးကို ေလမဝင္ေအာင္ အလုံပိတ္ထားႏိုင္တဲ့ ပုလင္းပုံစံမ်ိဳးေ႐ြးပါ။ တခါေသာက္ၿပီးၿပီဆို က်န္တာကို ေရခဲေသတၱာထဲ ဒါမွမဟုတ္ အေအးဘူးထဲ ထည့္သိမ္းထားတာ ပိုေကာင္း ပါတယ္။


အေကာင္းဆုံးကေတာ့ အသီးေဖ်ာ္ရည္ေတြဆိုတာ ေဖ်ာ္ၿပီးၿပီးခ်င္း လတ္လတ္ဆတ္ဆတ္ ေသာက္သုံးသင့္တယ္ ဆိုေပမယ့္ အခ်ိန္မရတဲ့အခါ၊ ေဖ်ာ္ၿပီးအျပင္ကို သယ္သြားခ်င္တဲ့အခါမ်ိဳးမွာ အထက္ပါနည္းအတိုင္း တာရွည္ ခံေအာင္ ျပင္ဆင္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်းနေမယ်ဆိုရင် အသားအရေလှဖို့နဲ့ အာဟာရတန်ဖိုးတွေရအောင် သဘာဝအချိုဓာတ်ပါဝင်တဲ့ အသီးဖျော်ရည်တွေ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

မအားလပ်တဲ့အချိန်တွေ ကြောင့် နေ့တိုင်းသစ်သီးဖျော်ရည် ဖျော်မသောက်နိုင်တဲ့အခါ ဘယ်လိုစီစဉ်ထားသင့်လဲ။

များသောအားဖြင့် သစ်သီးဖျော်ရည်ဆို တနေ့စာတနေ့ဖျော်သင့်တာမလို့ မနက်အချိန်မီရုံးပြေးရတဲ့သူတွေအတွက် ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမယ့် နေ့တိုင်းသောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီလိုဆိုရင် ၂ ရက်တခါ ၃ ရက်တခါလောက်ပဲ သောက်မလား ဒါမှမဟုတ် ပိတ်ရက်ကျမှပဲသောက်ရတော့မလားဆိုပြီး စိုးရိမ် နေသူတွေအတွက် သတင်းကောင်းရှိပါတယ်။ အသီးဖျော်ရည်တွေက တရက်ပဲခံတယ်လို့ သတ်မှတ်ကြပေမယ့် စနစ်တကျ ပြင်ဆင်ထားရင် အသီးဖျော်ရည်တွေလဲ သိမ်းထားလို့ရပါတယ်။

ဒါဆိုရင် ဘယ်လောက်ကြာကြာဖျော်ပြီး သိမ်းထားနိုင်မလဲ၊ ကိုယ်တိုင်ဖျော်ထားတဲ့ အသီးဖျော်ရည်တွေက ဘယ်လောက်ကြာအောင် သိမ်းထားသင့်လဲ၊ ဘယ်အချိန်အတိုင်းအတာထိဆို လတ်ဆတ်တဲ့အသီးဖျော်ရည်အ ဖြစ်သောက်သုံးသင့်လဲ စတဲ့မေးခွန်းတွေလဲ မေးစရာရှိလာပါတယ်။

ပုံမှန်အားဖြင့်တော့ သဘာဝအသီးဖျော်ရည်တခွက်ကို မိနစ် ၂၀ ကနေ နာရီဝက်လောက်ပဲခံတာမို့ အိမ်ကနေ ဖျော်ပြီး တောင် ရုံးယူသွားဖို့ မလွယ်ပါဘူး။ ဒါပေမယ့်လဲ အခုနောက်ဆုံးနည်းလမ်းတွေအရ သဘာဝအသီး ဖျော်ရည်တွေကို ဒီထက်အချိန်ကြာကြာပိုခံစေမယ့် အချက်တွေတွေ့ရှိလာကြပါပြီ။

သစ်သီးဖျော်ရည်ကို ပိုခံစေချင်ရင် အရေးကြီးဆုံးအချက်က သဘာဝနည်းနဲ့စိုက်ပျိုးထားတဲ့ အော်ဂဲနစ်အသီးကို ရွေးပါ။ လတ်ဆတ်တဲ့အသီးဖြစ်ဖို့လည်း လိုပါတယ်။ နောက်တချက်ကတော့ သစ်သီးဖျော်ရည်စက်ပါ။ တချို့ ဖျော်စက်တွေက အပူသုံးပြီး အသီးတွေကိုဖျော်တာမို့ အလွယ်တကူဓာတ်ပြယ်လွယ်သလို အာဟာရဓာတ်တွေ လည်း ဆုံးရှုံးမှုများစေပါတယ်။

အောက်စီဂျင်နဲ့ ဓာတ်ပြုပိုလွယ်တာမို့ ဖျော်ပြီး အအေးထဲသေချာသိမ်းရင်တောင် ၂ နာရီလောက်ထိပဲခံတာကြောင့် အဆင်မပြေပါဘူး။

ဒါကြောင့် အသီးဖျော်ရည်တွေ တာရှည်ခံချင်တယ်ဆိုရင် Cold Press Juicer လို့ခေါ်တဲ့ အပူဓာတ်ကို အနည်း ဆုံး ဒါမှမဟုတ် လုံးဝမပါဘဲသုံးတဲ့စက်ကိုရွေးပါ။ ဒီစက်တွေနဲ့ဖျော်ထားတဲ့ ဖျော်ရည်တွေက အောက်စီဂျင်နဲ့ ဓာတ်ပြုမှုနှေးတာကြောင့် ၂၄ နာရီလောက်ထိ အကောင်းဆုံးအနေအထားအတိုင်းရှိနေတတ်ပါတယ်။

ဖျော်ထားတဲ့အသီးဖျော်ရည်တွေကို သိမ်းတဲ့နေရာမှာလည်း နည်းလမ်းမှန်ဖို့လိုပါတယ်။ ပလတ်စတစ်ဘူးတွေနဲ့ ထည့်တာထက် ဖန်နဲ့လုပ်ထားတဲ့ပုလင်းတွေက ဓာတ်ပြုမှုနည်းလို့ အသုံးပြုသင့်ပါတယ်။ ဖျော်ရည်ထည့်တဲ့အခါ အဖုံးထိပ်မှာအနည်းငယ်ချန်ပြီး ထည့်ပါ။ အဖုံးကို လေမဝင်အောင် အလုံပိတ်ထားနိုင်တဲ့ ပုလင်းပုံစံမျိုးရွေးပါ။ တခါသောက်ပြီးပြီဆို ကျန်တာကို ရေခဲသေတ္တာထဲ ဒါမှမဟုတ် အအေးဘူးထဲ ထည့်သိမ်းထားတာ ပိုကောင်း ပါတယ်။

အကောင်းဆုံးကတော့ အသီးဖျော်ရည်တွေဆိုတာ ဖျော်ပြီးပြီးချင်း လတ်လတ်ဆတ်ဆတ် သောက်သုံးသင့်တယ် ဆိုပေမယ့် အချိန်မရတဲ့အခါ၊ ဖျော်ပြီးအပြင်ကို သယ်သွားချင်တဲ့အခါမျိုးမှာ အထက်ပါနည်းအတိုင်း တာရှည် ခံအောင် ပြင်ဆင်နိုင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top