(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×




SOurce: PAing Phyoe Thu

# Unicode Version ဖြင့် ဖတ်ပါ #
လက်တလော ပရိသတ်တွေကြားမှာ "မီ" ဆိုတဲ့ ဇာတ်ရုပ်နဲ့ အသိအမှတ်ပြုခံထားရတဲ့ အကယ်ဒမီသရုပ်ဆောင်ပိုင်ဖြိုးသု တစ်ယောက် အောင်မြင်မှု့တွေတခဲနက်ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ် ။ လက်တလောမှာလည်း သူမဟာ အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်လျက်ရှိပြီး "မီ" ဇာတ်ရုပ်ကြောင့် ဝေဖန်မှု့တွေလည်း များစွာ ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။

ပိုင်ဖြိုးသု ဟာ "ဘီလူးမ၊ သရဲမ နှင့် မိန်းမပျို" ဇာတ်ကားနှင့် အကယ်ဒမီဆုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ ယခုလည်း မီဒီယာသမားတစ်ယောက်ရဲ့ မသင့်တော်တဲ့မေးခွန်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အကြောင်းနှင့် ပတ်သတ်ပြီး ရေးသားပြောဆိုလာတာပဲဖြစ်ပါတယ်။

အဲဒီမီဒီယာသမားရဲ့ မေးခွန်းက ဆိုးရွားလွန်းတာကြောင့် မဖြေပဲတောင် ထွက်ပြေးခဲ့ရတဲ့အကြောင်းကို  “ကျေးဇူးပြုပြီး ရုပ်ရှင်ထုတ်လုပ်သူအချင်းချင်း ဒါရိုက်တာအချင်းချင်း လောကသားအချင်းချင်း သရုပ်ဆောင်အချင်းချင်း ဘယ်လိုဖြေဖြေ အထင်လွဲသွားစေနိုင်တဲ့ မေးခွန်းတွေမမေးကြပါနဲ့လားရှင်…” လို့ရေးထားပြီးလည်း မေတ္တာရပ်ခံထားပါတယ်။

SOurce: PAing Phyoe Thu

ဖိုးသူတော် (www.phothutaw.com)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top