ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပန္းေတာင္းၿမိဳ႕နယ္၊ ကံမလမ္းခြဲအနီး ကားလမ္းေပၚတြင္ ဆိုင္ကယ္ေမာင္းလာသည့္ မိန္းကေလးႏွစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္မွုေၾကာင့္ အေရးေပၚ ေဆး႐ုံတင္လိုက္ရ

ပဲခူးတိုင္းေဒသႀကီး (အေနာက္ပိုင္း)၊ ပန္းေတာင္းၿမိဳ႕နယ္ ကံမလမ္းခြဲအနီး ကားလမ္းေပၚတြင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ မိန္းကေလးႏွစ္ဦးအား ေသနတ္ (အမ်ိဳးအစားစုံစမ္းဆဲ) ျဖင့္ ပစ္ခတ္မွုေၾကာင့္ အေရးေပၚ ေဆး႐ုံတင္လိုက္ရေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မွုမွာ ဒီဇင္ဘာလ ၈ ရက္ ေန႔လည္ ၁၁ နာရီခြဲခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ျပည္-ေတာင္ကုတ္ ကား လမ္းမႀကီး ကံမလမ္းခြဲမွ အတြင္းသို႔ ၁ မိုင္ေက်ာ္ခန႔္တြင္ ဆိုင္ကယ္စီးနင္းလာသည့္ မိန္းကေလးႏွစ္ဦးအာ လမ္းမေဘးတြင္ ဆိုင္ကယ္ရပ္တန႔္ေနသူ အမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းလာသည့္ မိန္းကေလးႏွစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္ခံရ 2

“အေသးစိတ္ကိုေတာ့ ကၽြန္ေတာ္တို႔ စုံစမ္းေနဆဲပါ ျဖစ္ျဖစ္ျခင္းေတာ့ ကၽြန္ေတာ္တို႔ လာခဲ့ပါတယ္။ တစ္ေယာက္ကေတာ့ ေသနတ္ ႏွစ္ခ်က္ထိသြားတယ္လို႔ သိရတယ္။ ဘာမွမျဖစ္တဲ့ ကေလးမ ေျပာထားတာကေတာ့ သူတို႔ဘာသူတို႔ ဆိုင္ကယ္စီးလာတာကို အတက္နားအေရာက္ လမ္းေဘးမွာ ဆိုင္ကယ္နဲ႔ ရပ္ထားတဲ့ အမ်ိဳးသား ႏွစ္ေယာက္က အနားအေရာက္က်မွ ေသနတ္နဲ႔ ခ်ိန္ပစ္တယ္လို႔ ေျပာတယ္။ ေလေသနတ္လား ဘာလား ဆိုတာေတာ့ ေသခ်ာမေျပာနိုင္ေသးဘူး။ ထိထိခ်င္း ဆိုင္ကယ္ကို ဆက္ေမာင္းနိုင္ေသးတယ္ တစ္ဖာလုံ ေက်ာ္ေက်ာ္ေလာက္မွာ လဲသြားတယ္လို႔ သိရတယ္။ သူတို႔ေျပာျပတဲ့ ပုံစံၾကမ္းကိုေတာ့ ရဲဂိတ္ေတြကို ေျပာျပထားပါၿပီ” ဟု အခင္းျဖစ္ပြားရာတြင္ အခ်က္လက္ရယူေနသည့္ ကံမလမ္းခြဲရဲကင္း တပ္ၾကပ္ႀကီး ဝင္းေဌးက ေျပာၾကားသည္။

အခင္းျဖစ္ပြားၿပီး အနားတြင္ ျဖတ္သန္းလာသည့္ ေကာက္လွိုင္းတိုက္ လွည္းေမာင္းသမားက ျပဳစုထားၿပီး အေရးေပၚကားေခၚကာ ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ အေရးေပၚ တင္ပို႔လိုက္ရေၾကာင္း ကူညီေပးသူ တစ္ဦးက ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ကို ေျပာတာေတာ့ သူတို႔ျဖစ္ေနတာ ဆယ္မိနစ္ေလာက္ရွိၿပီလို႔ေျပာတယ္။ လမ္းေပၚမွာလဲေနတာနဲ႔ အေရးေပၚကားေခၚၿပီး ေဆး႐ုံပို႔လိုက္တယ္ ဆိုင္ကယ္လက္ကိုင္မွာေတာ့ ေသြးေတြအမ်ားႀကီးေတြ႕တယ္။ သူ႔ရင္ဘတ္မွာလည္း ေသြးေတြနဲ႔ ကေလးမက ကေယာင္ကတမ္းေတြ ၿငီးေနၿပီ ညာဘက္ရင္ညႊန႔္ အထက္မွာ ဒဏ္ရာေတြ႕တယ္ ႏွစ္ခ်က္ထိတယ္လို႔ ေျပာတယ္” ဟု ကူညီေပးခဲ့သူ ခရီးသြားတစ္ဦးက ေျပာၾကားသည္။

အဆိုပါ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသူမွာ ပန္းေတာင္းၿမိဳ႕နယ္၊ မန္က်ည္းပင္ေက်းရြာမွ အမ်ိဳးသမီးတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media Group

#Unicode Version#
ပန်းတောင်းမြို့နယ်၊ ကံမလမ်းခွဲအနီး ကားလမ်းပေါ်တွင် ဆိုင်ကယ်မောင်းလာသည့် မိန်းကလေးနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ် ကံမလမ်းခွဲအနီး ကားလမ်းပေါ်တွင် ဆိုင်ကယ် မောင်းနှင်လာသည့် မိန်းကလေးနှစ်ဦးအား သေနတ် (အမျိုးအစားစုံစမ်းဆဲ) ဖြင့် ပစ်ခတ်မှုကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ဒီဇင်ဘာလ ၈ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်-တောင်ကုတ် ကား လမ်းမကြီး ကံမလမ်းခွဲမှ အတွင်းသို့ ၁ မိုင်ကျော်ခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးနှစ်ဦးအာ လမ်းမဘေးတွင် ဆိုင်ကယ်ရပ်တန့်နေသူ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလာသည့် မိန်းကလေးနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံရ 2

“အသေးစိတ်ကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ ဖြစ်ဖြစ်ခြင်းတော့ ကျွန်တော်တို့ လာခဲ့ပါတယ်။ တစ်ယောက်ကတော့ သေနတ် နှစ်ချက်ထိသွားတယ်လို့ သိရတယ်။ ဘာမှမဖြစ်တဲ့ ကလေးမ ပြောထားတာကတော့ သူတို့ဘာသူတို့ ဆိုင်ကယ်စီးလာတာကို အတက်နားအရောက် လမ်းဘေးမှာ ဆိုင်ကယ်နဲ့ ရပ်ထားတဲ့ အမျိုးသား နှစ်ယောက်က အနားအရောက်ကျမှ သေနတ်နဲ့ ချိန်ပစ်တယ်လို့ ပြောတယ်။ လေသေနတ်လား ဘာလား ဆိုတာတော့ သေချာမပြောနိုင်သေးဘူး။ ထိထိချင်း ဆိုင်ကယ်ကို ဆက်မောင်းနိုင်သေးတယ် တစ်ဖာလုံ ကျော်ကျော်လောက်မှာ လဲသွားတယ်လို့ သိရတယ်။ သူတို့ပြောပြတဲ့ ပုံစံကြမ်းကိုတော့ ရဲဂိတ်တွေကို ပြောပြထားပါပြီ” ဟု အခင်းဖြစ်ပွားရာတွင် အချက်လက်ရယူနေသည့် ကံမလမ်းခွဲရဲကင်း တပ်ကြပ်ကြီး ဝင်းဌေးက ပြောကြားသည်။

အခင်းဖြစ်ပွားပြီး အနားတွင် ဖြတ်သန်းလာသည့် ကောက်လှိုင်းတိုက် လှည်းမောင်းသမားက ပြုစုထားပြီး အရေးပေါ်ကားခေါ်ကာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့လိုက်ရကြောင်း ကူညီပေးသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ကို ပြောတာတော့ သူတို့ဖြစ်နေတာ ဆယ်မိနစ်လောက်ရှိပြီလို့ပြောတယ်။ လမ်းပေါ်မှာလဲနေတာနဲ့ အရေးပေါ်ကားခေါ်ပြီး ဆေးရုံပို့လိုက်တယ် ဆိုင်ကယ်လက်ကိုင်မှာတော့ သွေးတွေအများကြီးတွေ့တယ်။ သူ့ရင်ဘတ်မှာလည်း သွေးတွေနဲ့ ကလေးမက ကယောင်ကတမ်းတွေ ငြီးနေပြီ ညာဘက်ရင်ညွှန့် အထက်မှာ ဒဏ်ရာတွေ့တယ် နှစ်ချက်ထိတယ်လို့ ပြောတယ်” ဟု ကူညီပေးခဲ့သူ ခရီးသွားတစ်ဦးက ပြောကြားသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ ပန်းတောင်းမြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)

Credit:Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top