ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






ဖိုးသူတော်(www.phothutaw.com)
Credit: လပြည့်(ပြည်)

#Unicode Version#

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ် ၊ ရပ်သစ်အုပ်စု ၊ စမ်းကလေးကျေးရွာတွင်နေထိုင်သည့် အသက် ၈၀ အဘွားအိုတစ်ဦးကိုဒီဇင်ဘာလ ၃ ရက်နေ့က နေ့လည်က ၎င်းနေထိုင်ရာအိမ်ပေါ်တက်၍ အတင်းအဓမ္မပြုကျင့်ခံရကြောင်း သိရသည် ။

ပေါက်ခေါင်းမြို့နယ် ၊ ရပ်သစ်အုပ်စု ၊ ရှမ်းကလေးကျေးရွာတွင်နေ ထိုင် သည့် ဒေါ်ခင်မာချို အသက် (၄၈) နှစ်သည် တစ်ရွာထဲနေ ယောက္ခမ
ဖြစ်သူ ဒေါ်အုန်းကြည် အသက် (၈၀) နှစ်မှာ ကျန်းမာရေးမကောင်းသဖြင့် နေ့လည်စာစားသောက်ရန်ထမင်းသွားပို့စဉ် နေအိမ်တံခါးပိတ် ထားသည်ကို တွေ့ရသဖြင့်

တံခါးအားတွန်းဖွင့်ပြီးနေအိမ်အတွင်းသို့ဝင်ရောက်ခဲ့ရာ တစ်ရွာတည်းနေ ကုလား (ခ) မြင့်ဆောင် အသက် (၄၁) နှစ်အား ကိုယ်လုံးတီးဖြင့်တွေ့ရသဖြင့် “ငါ့ယောက္ခမကို ဘာလုပ်တာလဲ” ဟုအော်၍ သစ်သားတုတ်ဖြင့်ကျောကုန်းအားရိုက်ရန်ပြုစဉ် ကုလား (ခ) မြင့်ဆောင်မှာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ထို့နောက် ချွေးမဖြစ်သူ ဒေါ်ခင်မာချိုမှ ဒေါ်အုန်းကြည်အား မေးမြန်းခဲ့ရာ ကုလား (ခ)မြင့်ဆောင် မှာနေအိမ်အတွင်းသို့ အရက်သေစာသောက်စား၍ မုန့်ဟင်းခါးထုပ်ဖြင့်ရောက်ရှိလာကာ အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပက်သတ်၍ အသက် ၈၀ အဘွားအို ၏ ချွေးမတော်စပ် သူဒေါ်ခင်မာချိုမှ ဒီဇင်ဘာလ ၅ ရက်နေ့ ကတရားလိုပြု၍ တိုင်တန်းခဲ့ရာ ပေါက်ခေါင်းမြို့မရဲစခန်းမှ (ပ) ၅၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားခံဖြစ်သူ ကုလား (ခ) မြင့်
ဆောင်ကို ယခုလက်ရှိအချိန်ဖမ်းမိသေးခြင်းမရှိကြောင်းသိရသည်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit: လပြည့်(ပြည်)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top