ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






Credit: စွယ်စုံ
# Unicode Version ဖြင့် ဖတ်ပါ #
အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ကိုရီးယားမင်းသားလေးလို ချောမောတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ကြားမှာ နာမည်ကြီးနေတဲ့ မော်ဒယ် ညိမ်းသော်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာသူတစ်ဦးပဲ ဖြစ်ပါတယ်။ အချိုးအစားကျတဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ ညိမ်းသော်ကတော့ လတ်တလောမှာ အင်စတာဂရမ်ပေါ်မှတစ်ဆင့် အကြမ်းစားပုံရိပ်တစ်ခုကို ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် မော်ဒယ်ညိမ်းသော်ရဲ့အမိုက်စားပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ညိမ်းသော်ကတော့ နာမည်ကြီးကိုရီးယားမင်းသားတစ်ဦးဖြစ်တဲ့ လီမင်ဟိုနဲ့ တူတယ်လို့လည်း ပရိသတ်တစ်ချို့က မှတ်ချက်ပေးခြင်းကို ခံထားရသူတစ်ဦးပဲ ဖြစ်ပါတယ်။

အထာကျတဲ့ ဖက်ရှင်တွေကိုလည်း အမိုက်စားဝတ်ဆင်တတ်တဲ့ ညိမ်းသော်ကတော့ အမြဲလိုလို ဖက်ရှင်ကျနေတတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေမျက်လုံးပြူးသွားစေလောက်နိုင်တဲ့ ငြိမ်းသော်ရဲ့ အကြမ်းစားပုံရိပ်

မော်ဒယ်တစ်ဦးရဲ့ ကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့သူတစ်ဦးဖြစ်တဲ့ ညိမ်းသော်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျနဲ့ အမိုက်စားသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ညိမ်းသော်က ဇာတ်ကားတွေရိုက်ကူးရင်း၊ တစ်ခြားသော အနုပညာအလုပ်တွေလည်း ဆက်တိုက် ပြုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ရူးခါနေအောင်မိုက်တဲ့ ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ညိမ်းသော်ကိုချစ်တယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: စွယ်စုံ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top