ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
#Unicode Version#
တစ်ခေတ်တစ်ခါက နာမည်ကြီး လူသိများခဲ့ပြီး အားပေးမှုများစွာရရှိခဲ့တဲ့ အောင်ရင်ကတော့ မူးယဇ်ဆေးဝါးအမှုနဲ့ ထောင်၅နှစ်ကျသွားတဲ့ သားဖြစ်သူ မိုးအောင်ရင် မိုက်တာခဲ့တာမဟုတ် တစ်ကြိမ်တစ်ခါမှားတာပါလို့ သားနဲ့တ်သက်ပြီး အားပေးစကားကို MCရဲ့ အင်တာဗျူးတစ်ခုမှ ပြောဆိုသွားခဲ့ပါတယ်။ မိုးအောင်ရင်ဟာ မူးယဇ်ဆေးဝါးအမှုနဲ့ ဖမ်းခံထားရတာ ကြာပြီဖြစ်ပေမဲ့လည်း ပြီးခဲ့တဲ့တစ်ပတ်လောက်မှ ထောင်၅နှစ်ကျဖို့အတွက် အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။
သားဖြစ်သူ မိုးအောင်ရင်နဲ့ပတ်သက်ပြီး အဖေဖြစ်သူ အောင်ရင်က “ကျွန်တော့်ရင်ထဲက ခံစားချက်ဆိုတာ တစ်ခြား မိဘတွေ တစ်ခြား အဖေတွေကျွန်တော့်လိုပဲ ခံစားရမှာပါ။ ကိုယ်သားသမီးကိုတော့ ဒီလိုမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော် ဒါပေမဲ့ ကျွန်တော် ဒီဟာကအဆိုးထဲက အကောင်းပေါ့ ကျွန်တော်ပြောပါတယ်။ သူက သူ့ကိုယ်သူ ဘာပြောလဲဆိုတော့ သားမိုက်တယ်ပေါ့နော် အဲ့တော့ ကျွန်တော်က သားမိုက်တာမဟုတ်ပါဘူး သားက မှားသွားတယ် တစ်ကြိမ်တစ်ခါပေါ့နော် ဒီအပေါ်မှာ သားသင်ခန်းစာယူပြီးတော့ အများကြီး သားအသက်လည်း ငယ်သေးတယ်။
ကိုယ့်ဘဝကို တည့်မှန်အောင် ပြန်လျှောက်ရင် လူတွေက ပြန်လက်ခံလိုက်လိမ့်မယ်လို့ပြောတာကို သူကလည်း လက်ခံမယ်လို့ ယုံကြည်ပါတယ်။ သူဖြစ်ချင်တဲ့ဟာကို ကျွန်တော် တတ်နိုင်တဲ့ဟာကို ကိုယ်တတ်နိုင်တဲ့ ဘက်က ပံ့ပိုပေးရမှာပေါ့နော်။
သားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို facebook မှာပဲ ဖြစ်ဖြစ် အပြင်မှာပဲ ဖြစ်ဖြစ် လူတွေက သူ့ကို အားပေးနေတယ် အားပေးစကားတွေလည်း ကျွန်တော်နဲ့တစ်ဆင့် ပြောခိုင်းတာတွေရှိပါတယ်။ အဲ့အတွက်လည်း ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ သူ့လုပ်ဖော်ကိူင်ဖက်တွေပေါ့ မြင့်မြတ်တို့ နန်းဆုရတီစိုးတို့ နောက် သင်ဇာဝင့်ကျော်တို့ ဒီနေ့ပဲ ကျွန်တော့်ကို ဖုန်းဆက်ဘာညာပေါ့ သူတို့လည်း တတ်နိုင်သမျှကူညီပေးမယ်ပေါ့ အဲ့လို အားပေးစကားတွေပြောပါတယ်။ သူတို့တောင် လိုက်ကြည့်မယ်ပြောနေတာ ကျွန်တော်က ပြောလိုက်တယ် လိုက်တော့မကြည့်နဲ့လို့ ဘာလို့လဲဆိုတော့ လူတွေအမြင်မှာ လူတွေအမြင်မှာ တစ်မျိုး ဖြစ်မှာဆိုးလို့ သူတို့ကိုလည်း ဒီလိုနေရာကြီးကို မခေါ်သွားစေချင်ဘူး။
သူက အခုအချိန်အထိ ဒီအလုပ်ကြီးကိုသူ လုပ်ချင်တယ်ပေါ့နော်။ အဲ့ဒီဟာက ဆန္ဒပြင်းပြနေတဲ့ သဘောမျိုးမှာရှိပါတယ်။ တကယ်လို့ အခါအခွင့်သင့်လို့ သူလုပ်ဖြစ်တယ်ဆိုရင်လည်း အားပေးကြပါအုန်းလို့။ ကျွန်တော် သူ့ကိုယ်စား ပြောပေးလိုက်ပါတယ်။”လို ပြောဆိုသွားခဲ့ပါတယ်။ မိုးအောင်ရင်ဟာဆိုရင် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲံ မင်းသားတစ်လတ်ဖြစ်ပြီး ဟာသ အလွမ်း အက်ရှင်စတဲ့ ကာရိုက်တာတွေကို ကောင်းမွန်စွာ သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:ပြောချင်လွန်းလို့
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top