ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: Burmese Asia
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးစာရင်းမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်နေကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်တို့နှစ်ယောက်က အလှအပရေးရာမှာတော့ သူမတူအောင် လှနိုင်လွန်းသူလေးတွေ ဖြစ်ပါတယ်။ နတ်သမီးတစ်မျှလှပနေတဲ့ သူမတို့ရဲ့အလှကတော့ ရွှေမှုန်စားပြီး မွေးဖွားလာသလားလို့တောင် အထင်မှားမိစေနိုင်ပါတယ်။ သူမတို့နှစ်ယောက်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့ ခေါင်းဆောင်မင်းသမီးနေရာကနေ အမြဲပါဝင်သရုပ်ဆောင်နေရတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာ သဘာဝကျကျနဲ့ ကျရာဇာတ်ရုပ်မရွေး ထူးချွန်ပြောင်မြောက်ကြတဲ့ သူမတို့နှစ်ယောက်က အကယ်ဒမီဆုတွေကို အကြိမ်ကြိမ်ရယူပိုင်ဆိုင်ထားတဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင်တွေလည်း ဖြစ်ကြပါတယ်။ အခုလည်း အလှဘုရင်မနှစ်ယောက်က ” PLATINUM GARDEN DIAMOND & JEWELRY ” အတွက် ကြော်ငြာလေးတစ်ခုကို အတူရိုက်ကူးခဲ့ကြပါတယ်။ အပြစ်ဆိုဖွယ်မရှိအောင် လှကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက် ဆုံတွေ့ကြတဲ့အခါမှာတော့ မြင်ရသူအဖို့ ရင်သပ်ရှုမောသွားစေလောက်ပါတယ်။

ကလေးနှစ်ယောက် မိခင်လို့ တစ်စက်လေးတောင် ထင်ရက်စရာမရှိတဲ့ အူဝဲရဲ့အလှကတော့ ပါးစပ်အဟောင်းသားနဲ့ တစိမ့်စိမ့်ထိုင်ကြည့်ရလောက်အောင်ပါပဲ။ ငယ်ရွယ်နုပျိုပြီး ဖြူဖွေးနုဖတ်နေတဲ့ ရွှေကစ်လေးကလည်း စွဲမက်ချင်စရာအလှတရားတွေနဲ့ ညို့အားပြင်းနေပြန်ပါတယ်နော်။ ပရိသတ်တွေအတွက်ကတော့ ရွေးချယ်ရခက်စေလောက်အောင် မင်းသမီးနှစ်ဦးက ကိုယ်စီအလှတွေနဲ့ ထိမိလှပနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာနိုင်ငံရဲ့အလှနတ်မိမယ်နှစ်ဦးရဲ့ ရှုမငြီးတဲ့အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Love Space Photo Studio;

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top