ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




ဖိုးသူတော်(www.phothutaw.com)
Credit:Original

#Unicode Version#
တစ်နေ့ကုန် သွားလာလှုပ်ရှားခဲ့သမျှ ညအိပ်ရင် ခြေထောက်ရေဆေးပြီး အိပ်ရင်အပူတွေလည်း ငြိမ်းစေ ပါတယ်။ ခုတင်ပြပေးမှာကတော့ ခြေထောက်ရေဆေးပြီး အိပ်ရင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲ။ခန္ဓာကိုယ်ထဲမှာ အောင့်နေတဲ့ အပူတွေထွက် လာအောင် အိပ်ရာဝင်ခါနီး ခြေထောက်ကိုရေဆေးပြီးအိပ်ပါ။

ပြီးတော့ အိပ်ပျော်နေစဉ် ဟောက်ခြင်းကိုလည်း ခြေထောက်ရေဆေးခြင်းက ပျေက်ကင်းစေပါတယ်။ ပြီးတော့ သွားကြိတ်ခြင်း၊ လျှာကိုက်မိခြင်း၊ သားရည်ကျခြင်း၊ စတဲ့အပြုအမှုတွေကို သက်သာစေမှာဖြစ်ပါ တယ်။ညမအိပ်ခင် ခြေထောက်ရေဆေးပေးခြင်းက အိမ်မက်ဆိုးမက်ခြင်းကိုလည်း ပျေက်ကင်းစေပါတယ် ။

ခန္ဓာကိုယ်အောက်ပိုင်းကို ရေးအေးအေးလေးလောင်းပေးခြင်းက အပေါ်နဲ့အောက်ကို အပူအအေး မျှတစေ ပြီး အပူခိုးတွေကို ထုတ်ပေးပါတယ်။ ပြီးတော့ အပူကြောင့်ဖြစ်တတ်တဲ့ သွားဖုံးရောင်ခြင်း၊ သွားနာ၊ သွားကိုက်ခြင်း တို့ကိုသက်သာစေပါတယ်။ နောက်တစ်ခုကတော့ အောက်ကအပူတွေ အပေါ်ကိုတက် ဆောင့်ခြင်းကြောင့် ဆံပင်တွေကျွတ်လာရခြင်းဖြစ်ပါတယ်။ ညအိပ်ခါနီး ခြေထောက်ဆေးပေးခြင်းက ဒီပြသာနာတွေ မဖြစ်တော့ပါဘူး။ ဆံပင်ဖြူခြင်းကိုလည်း သက်သာစေမှာဖြစ်ပါတယ်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Original
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top