ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

႐ုရွားႏိုင္ငံက လူစည္ကားတဲ့ ရထားဘူတာ႐ုံတစ္ခုမွာ လူ႐ြယ္ႏွစ္ဦးဟာ လူေသအေလာင္းကို အနီေရာင္ အေခါင္းထဲမွာထည့္ၿပီး သယ္ယူလာလို႔ ခရီးသည္ေတြ ထိတ္ထိတ္ျပာျပာ ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ဒါကို Prank လို႔ ထင္ျမင္ ယူဆေနၿပီး၊ သတင္းေတြမွာေတာ့ ဒါဟာ တကယ့္ လူေသအေလာင္းျဖစ္ၿပီး၊ အဲဒီအမ်ိဳးသားႏွစ္ဦးရဲ႕ ေဆြမ်ိဳးနီးစပ္ ေတာ္စပ္သူလို႔လည္း ေဖာ္ျပေနပါတယ္။ သူတို႔တစ္ေတြဟာ ရထားဘူတာအတြင္းကို ေအးေအးေဆးေဆး သယ္လာခဲ့ၾကတာပါ။

တကယ္ဆို ေလးေယာက္ေလာက္မမွ သက္ေတာင့္သက္သာ သယ္ႏိုင္မယ့္ အေနအထားျဖစ္လို႔ အခုလို ေလးလံတဲ့ အေလာင္းကို သယ္ေဆာင္လာျခင္းဟာ သူတို႔အတြက္ေတာ့ ႀကီးမားတဲ့ ဝန္ထုပ္ပါဘဲ။ သက္ဆိုင္ရာ ရထားအဖြဲ႕အစည္းကေတာ့ အဲဒီလူ႐ြယ္ႏွစ္ဦးဟာ ဘာကန႔္သက္ခ်က္မွ မခ်ိဳးေဖာက္ခဲ့ဖူးလို႔ အတည္ျပဳခဲ့ပါတယ္

ဒါေပမယ့္ ရထားေပၚကို အေလာင္းႀကီး တင္တဲ့အခါမွာေတာ့ ဝန္ထမ္းအခ်ိဳ႕ လာေရာက္တားျမစ္မႈေတြ ရွိခဲ့ေၾကာင္း သိရၿပီး၊ သူတို႔ဟာ လိုရာခရီးကို ဆက္ႏိုင္မဆက္ႏိုင္ကိုေတာ့ သတင္းမွာ အတည္ျပဳမထားပါဘူး။ လူ႐ြယ္ႏွစ္ဦးကို ျမင္လိုက္သူ တစ္ဦးကေတာ့ သူတို႔ဟာ အေလာင္းကို မလိုက္၊ တစ္ေနရာမွာ နားလိုက္နဲ႔ သယ္လာတာလို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿမိဳ႕ပတ္ရထားေတြ ေျပးဆြဲေပးေနတဲ့ Novokosino ဘူတာမွာ ျဖစ္ခဲ့တာပါ။ စဥ္းစားစရာအခ်က္က အေလာင္းကို သယ္ဖို႔ ကူညီေရးအသင္းေတြ မ်ားစြာရွိတဲ့အနက္၊ ဘာလို႔ ရထားကို ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာပါဘဲ။ ဒါေပမယ့္ အထဲမွာ အေလာင္းပါမပါကိုေတာ့ လုံၿခဳံေရးဝန္ထမ္းေတြက အတည္ျပဳတာမ်ိဳး မရွိပါဘူး။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းသုတ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ရုရှားနိုင်ငံက လူစည်ကားတဲ့ ရထားဘူတာရုံတစ်ခုမှာ လူရွယ်နှစ်ဦးဟာ လူသေအလောင်းကို အနီရောင် အခေါင်းထဲမှာထည့်ပြီး သယ်ယူလာလို့ ခရီးသည်တွေ ထိတ်ထိတ်ပြာပြာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ချို့ကတော့ ဒါကို Prank လို့ ထင်မြင် ယူဆနေပြီး၊ သတင်းတွေမှာတော့ ဒါဟာ တကယ့် လူသေအလောင်းဖြစ်ပြီး၊ အဲဒီအမျိုးသားနှစ်ဦးရဲ့ ဆွေမျိုးနီးစပ် တော်စပ်သူလို့လည်း ဖော်ပြနေပါတယ်။ သူတို့တစ်တွေဟာ ရထားဘူတာအတွင်းကို အေးအေးဆေးဆေး သယ်လာခဲ့ကြတာပါ။

တကယ်ဆို လေးယောက်လောက်မမှ သက်တောင့်သက်သာ သယ်နိုင်မယ့် အနေအထားဖြစ်လို့ အခုလို လေးလံတဲ့ အလောင်းကို သယ်ဆောင်လာခြင်းဟာ သူတို့အတွက်တော့ ကြီးမားတဲ့ ဝန်ထုပ်ပါဘဲ။ သက်ဆိုင်ရာ ရထားအဖွဲ့အစည်းကတော့ အဲဒီလူရွယ်နှစ်ဦးဟာ ဘာကန့်သက်ချက်မှ မချိုးဖောက်ခဲ့ဖူးလို့ အတည်ပြုခဲ့ပါတယ်

ဒါပေမယ့် ရထားပေါ်ကို အလောင်းကြီး တင်တဲ့အခါမှာတော့ ဝန်ထမ်းအချို့ လာရောက်တားမြစ်မှုတွေ ရှိခဲ့ကြောင်း သိရပြီး၊ သူတို့ဟာ လိုရာခရီးကို ဆက်နိုင်မဆက်နိုင်ကိုတော့ သတင်းမှာ အတည်ပြုမထားပါဘူး။ လူရွယ်နှစ်ဦးကို မြင်လိုက်သူ တစ်ဦးကတော့ သူတို့ဟာ အလောင်းကို မလိုက်၊ တစ်နေရာမှာ နားလိုက်နဲ့ သယ်လာတာလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ မြို့ပတ်ရထားတွေ ပြေးဆွဲပေးနေတဲ့ Novokosino ဘူတာမှာ ဖြစ်ခဲ့တာပါ။ စဉ်းစားစရာအချက်က အလောင်းကို သယ်ဖို့ ကူညီရေးအသင်းတွေ များစွာရှိတဲ့အနက်၊ ဘာလို့ ရထားကို ရွေးချယ်ခဲ့တာလဲဆိုတာပါဘဲ။ ဒါပေမယ့် အထဲမှာ အလောင်းပါမပါကိုတော့ လုံခြုံရေးဝန်ထမ်းတွေက အတည်ပြုတာမျိုး မရှိပါဘူး။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသုတ (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top