ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


လက်ချောင်းလေးတွေလို





Credit: Marry
# Unicode Version ဖြင့် ဖတ်ပါ #
မတူညီတာတွေတိုင်းမှာ တစ်ယောက်လိုအပ်ချက်ကို ကျန်တစ်ယောက်က ဖြည့်ဆည်းပေးပြီး အိမ်ထောင်ရေးလေးရဲ့ နေ့ရက်လေးတွေတိုင်းကို ကြည်နူးခြင်းတွေနဲ့ ဖြည့်ဆည်းပေးလိုက်ပါနော်

ကွဲပြားခြားနားချက်ဆိုတာကတော့ အရာတိုင်းမှာ ရှိပါတယ်။ မတူညီတာတွေကို စုစည်းထားပြီးမှ အရာတိုင်းက ဖြစ်ပေါ်လာရတယ် ဆိုတဲ့အရာကို လက်ခံထားရမှာပါ။ အရာတိုင်းကို တူညီနေဖို့ ပြုလုပ်လို့ မရပါဘူး။ မတူညီတာတိုင်းကို လိုက် မညှိရပါဘူးနော်။ လက်ခံနိုင်အောင် ကြိုးစားသင့်တဲ့အကြောင်းကို ပြောပြပေးလိုက်ရပါတယ်။
လက်ချောင်းလေးတွေလို

အတို အရှည် မတူညီတဲ့သဘောတရားလေးကို နားလည်ပေးပါ။ လက်ချောင်းတိုင်းရဲ့ အတို အရှည်နဲ့ အရွယ်အစားက မတူညီပေမယ့် လက်ညှိုးကပဲ ကောင်းတယ်။ လက်မကတော့ မကောင်းဘူးလို့ ပြောလို့ မရပါဘူး။ လက် အချောင်းတိုင်းမှာ သူတို့ရဲ့ အသုံးတည့်ပုံကိုယ်စီ ရှိသလို လက် ငါးချောင်းလုံးပေါင်းမှ လက်တစ်ချောင်းရဲ့ အသုံးဝင်ပုံကို ထောက်ပံ့ပေးနိုင်တာကို သိထားပေးပါနော်။ အိမ်ထောင်ရေး ပိုပြီး သာယာဖို့ ဘာတွေကို ထိန်းချုပ်ရမလဲ ဆိုတာကိုလည်း သိထားပေးပါဦး။

လင်နဲ့မယား လျှာနဲ့သွားဆိုသလို

တစ်ယောက်ကို တစ်ယောက်က အလိုအပ်ဆုံးသူတွေ အဖြစ် အချင်းချင်း ဖြည့်ဆည်းပေးတတ်ပေမယ့် တခါတလေမှာ အခန့်မသင့်လို့ အဆင်မပြေတာမျိုး ဖြစ်တဲ့အချိန်မှာ မတူညီတာတွေတိုင်း အတွက် အပြစ်မရှာဘဲ တစ်ယောက်လိုအပ်ချက်ကို ကျန်တစ်ယောက်က ဖြည့်ဆည်းပေးပြီး အိမ်ထောင်ရေးလေးရဲ့ နေ့ရက်လေးတွေတိုင်းကို ကြည်နူးခြင်းတွေနဲ့ ဖြည့်ဆည်းပေးလိုက်ပါနော်။

မတူညီတဲ့အရာတိုင်းကို တွဲဆက်လိုက်တာကတော့ အလိုက်ဖက်ဆုံး အထောက်အပံ့ကို ဖြစ်စေနိုင်မို့လို့ မတူညီမှုတွေ အပေါ်မှာ တူညီအောင်လို့ လိုက်ညှိတာထက် လက်ခံပေးနိုင်အောင် ဖိုးသူတော် က ဝေမျှပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top