ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူသားတို႔သည္ လွ်ာကို အာ႐ုံငါးပါးထဲတြင္ မ်က္စိနဲ႔ နားေလာက္အေရးမႀကီးဟု ေယဘူယ် သတ္မွတ္ထားၾကပါတယ္။ လူသားတို႔ရဲ႕ လွ်ာသည္တျခားေသာ တိရိစာၦန္မ်ားရဲ႕ လွ်ာနဲ႔ မတူေပ။ ဖားရဲ႕ လွ်ာသည္ ပိုးမႊားေတြကို ဖမ္းယူ စားသုံးႏိုင္ရာမွာ အသုံးက်ပါတယ္။ ဒါေပမယ့္ လူသားတို႔ရဲ႕ လွ်ာသည္ လုပ္ငန္းေတာ္ေတာ္မ်ားမ်ား လုပ္ေဆာင္တဲ့ေနရာမွာ ပါပါတယ္။

လွ်ာကို ဘာေတြနဲ႔ ဖြဲ႕စည္းထားလဲ
-တကယ္ေတာ့ လွ်ာဆိုတာ ႂကြက္သားစိုင္ႀကီး တစ္ခုသာ။
-ထိုႂကြက္သားကို အေပၚယံမွာ အေျမႇးပါးနဲ႔ ဖုံးအုပ္ထားပါတယ္။
-လွ်ာရဲ႕ အေပၚယံ မ်က္ႏွာျပင္မွာ အာ႐ုံခံတဲ့ အဖုကေလးေတြပါပါတယ္။ ထိုအဖု ကေလးမ်ားသည္ လွ်ာေအာက္ လွ်ာေဘးေတြမွာလည္း ရွိပါေသးတယ္။
-လွ်ာကို အာ႐ုံေၾကာေတြနဲ႔လည္း ေထာက္ပံ့ ေပးထားပါတယ္။

လွ်ာရဲ႕လုပ္ငန္း ေဆာင္တာေတြက ဘာေတြလဲ
-စားေသာက္လိုက္တဲ့ အစားအေသာက္ေတြရဲ႕ အရသာ ခံစား သိမႈမွာ ပါတယ္။ စားလိုက္တဲ့အစားအေသာက္ေတြကို သြားက ဝါးၿပီး တံေတြးရည္နဲ႔ ေရာထားတဲ့ အစာအစိတ္အပိုင္းကေလးမ်ားကိုလွ်ာရဲ႕ အာ႐ုံဖုကေလးေတြက အာ႐ုံခံႏိုင္ပါတယ္။ လွ်ာရဲ႕ အေရွ႕ပိုင္းက အငန္ ၊အလယ္က အခ်ိဳ အေနာက္က အခါး ၊ လွ်ာေဘးက အခ်ဥ္ေတြကို အာ႐ုံခံႏိုင္ပါတယ္။ စပ္ျခင္းဆိုတာ တကယ္ေတာ့ လွ်ာရဲ႕ အာ႐ုံဖုေလးေတြက စားလိုက္တဲ့ အစားအေသာက္ေၾကာင့္ နာတာကိုခံစားရတဲ့ သိမႈပါ။

-လွ်ာက သြားက ဝါးၿပီး ျဖစ္လာတဲ့ အ႐ြယ္အစားေသးသြားတဲ့ အစာမ်ားကို တံေတြးနဲ႔ ေရာလုံးကာ မ်ိဳခ်ရလြယ္ေအာင္ လုပ္ေပးတယ္။
-အစားအေသာက္မ်ိဳခ်တဲ့အခါ လွ်ာရဲ႕ ထိပ္ပိုင္းက ျမင့္သြားၿပီး မာတဲ့ အာေခါင္ကိုသြားထိကာ အစာမ်ားကို လည္မ်ိဳထဲ ဆင္းေအာင္ ေထာက္ကူေပးတယ္။
-ခံတြင္းထဲမွာ စားေသာက္ၿပီး က်န္ခဲ့တဲ့ စားႂကြင္းစားက်န္မ်ားကိုလည္း ရွင္းေပးေသးတယ္။ သြားႀကိဳသြားၾကား ညပ္ေနေသာ စားႂကြင္းမ်ားကို လွ်ာတထိုးထိုးနဲ႔ဖယ္ရွားၾကဖူးမွာပါ။
-လွ်ာသည္ လူသားတို႔အၾကား အေရးႀကီးတဲ့ ဆက္သြယ္မႈတစ္ခုျဖစ္တဲ့ စကားေျပာဆို အသံထြက္ဖို႔ အဓိက ေနရာက ပါဝင္လုပ္ေဆာင္ေပးပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေခတ္သစ္ ဇီဝက

#Unicode Version#

လူသားတို့သည် လျှာကို အာရုံငါးပါးထဲတွင် မျက်စိနဲ့ နားလောက်အရေးမကြီးဟု ယေဘူယျ သတ်မှတ်ထားကြပါတယ်။ လူသားတို့ရဲ့ လျှာသည်တခြားသော တိရိစ္ဆာန်များရဲ့ လျှာနဲ့ မတူပေ။ ဖားရဲ့ လျှာသည် ပိုးမွှားတွေကို ဖမ်းယူ စားသုံးနိုင်ရာမှာ အသုံးကျပါတယ်။ ဒါပေမယ့် လူသားတို့ရဲ့ လျှာသည် လုပ်ငန်းတော်တော်များများ လုပ်ဆောင်တဲ့နေရာမှာ ပါပါတယ်။

လျှာကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ
-တကယ်တော့ လျှာဆိုတာ ကြွက်သားစိုင်ကြီး တစ်ခုသာ။
-ထိုကြွက်သားကို အပေါ်ယံမှာ အမြှေးပါးနဲ့ ဖုံးအုပ်ထားပါတယ်။
-လျှာရဲ့ အပေါ်ယံ မျက်နှာပြင်မှာ အာရုံခံတဲ့ အဖုကလေးတွေပါပါတယ်။ ထိုအဖု ကလေးများသည် လျှာအောက် လျှာဘေးတွေမှာလည်း ရှိပါသေးတယ်။
-လျှာကို အာရုံကြောတွေနဲ့လည်း ထောက်ပံ့ ပေးထားပါတယ်။

လျှာရဲ့လုပ်ငန်း ဆောင်တာတွေက ဘာတွေလဲ
-စားသောက်လိုက်တဲ့ အစားအသောက်တွေရဲ့ အရသာ ခံစား သိမှုမှာ ပါတယ်။ စားလိုက်တဲ့အစားအသောက်တွေကို သွားက ဝါးပြီး တံတွေးရည်နဲ့ ရောထားတဲ့ အစာအစိတ်အပိုင်းကလေးများကိုလျှာရဲ့ အာရုံဖုကလေးတွေက အာရုံခံနိုင်ပါတယ်။ လျှာရဲ့ အရှေ့ပိုင်းက အငန် ၊အလယ်က အချို အနောက်က အခါး ၊ လျှာဘေးက အချဉ်တွေကို အာရုံခံနိုင်ပါတယ်။ စပ်ခြင်းဆိုတာ တကယ်တော့ လျှာရဲ့ အာရုံဖုလေးတွေက စားလိုက်တဲ့ အစားအသောက်ကြောင့် နာတာကိုခံစားရတဲ့ သိမှုပါ။

-လျှာက သွားက ဝါးပြီး ဖြစ်လာတဲ့ အရွယ်အစားသေးသွားတဲ့ အစာများကို တံတွေးနဲ့ ရောလုံးကာ မျိုချရလွယ်အောင် လုပ်ပေးတယ်။
-အစားအသောက်မျိုချတဲ့အခါ လျှာရဲ့ ထိပ်ပိုင်းက မြင့်သွားပြီး မာတဲ့ အာခေါင်ကိုသွားထိကာ အစာများကို လည်မျိုထဲ ဆင်းအောင် ထောက်ကူပေးတယ်။
-ခံတွင်းထဲမှာ စားသောက်ပြီး ကျန်ခဲ့တဲ့ စားကြွင်းစားကျန်များကိုလည်း ရှင်းပေးသေးတယ်။ သွားကြိုသွားကြား ညပ်နေသော စားကြွင်းများကို လျှာတထိုးထိုးနဲ့ဖယ်ရှားကြဖူးမှာပါ။
-လျှာသည် လူသားတို့အကြား အရေးကြီးတဲ့ ဆက်သွယ်မှုတစ်ခုဖြစ်တဲ့ စကားပြောဆို အသံထွက်ဖို့ အဓိက နေရာက ပါဝင်လုပ်ဆောင်ပေးပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: ခေတ်သစ် ဇီဝက
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top