ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



႐ုပ္ရွင္ေလာကမွာ သာမက အျပင္ေလာကမွာပါ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေစခဲ့တဲ့ “မီ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ပိုင္ၿဖိဳးသုကို အကယ္ဒမီခန႔္မွန္းမႈမ်ားရွိေနေပမယ့္ ပိုင္ၿဖိဳးသုကေတာ့ အကယ္ဒမီအတြက္ ရင္မခုန္ရဲဘူးလို႔ ေျပာပါတယ္။

“မေမွ်ာ္လင့္ရဲပါဘူး။ ဒီႏွစ္ထဲမွာ ကားေကာင္းေတြ အမ်ားႀကီးပဲ။ အဲဒီလိုအမ်ားႀကီးဆိုေတာ့ စိတ္မွန္းၿပီး ႐ိုက္မယ္လို႔ လည္း မရွိဘူး။ ကိုယ့္စိတ္ထဲမွာ အၿမဲတမ္းကိုယ့္ဘက္က အေကာင္းဆုံးေပးဆပ္မယ္။ ေနာက္ၿပီးေတာ့ ကားေကာင္း ေတြ အမ်ားႀကီးျဖစ္လာတဲ့အေပၚမွာလည္း ေပ်ာ္တယ္။ ဒီႏွစ္ေတာ့ သုသုအတြက္ အကယ္ဒမီကို ရင္ခုန္လားဆိုရင္ ရင္မခုန္ရဲဘူး။ ျပႆနာကလည္း ျဖစ္ထားတာဆိုေတာ့ ရင္မခုန္ရဲဘူး” လို႔ပိုင္ၿဖိဳးသုက ေျပာပါတယ္။

“မီ” ႐ုပ္ရွင္ဇာတ္ကားကေတာ့ ပရိသတ္မ်ားရဲ႕အားေပးမႈေၾကာင့္ ႐ုံတင္ျပသတာ ၄ပတ္ေျမာက္ၿပီျဖစ္ၿပီး ဒီဇင္ဘာ ၆ရက္ေန႔မွာလည္း စင္ကာပူမွာ သြားေရာက္ျပသေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

“မီ ႐ုံတင္တာ ၄ပတ္ေျမာက္ရွိပါၿပီ။ မီ ကို ၆ရက္ေန႔မွာ စင္ကာပူမွာ ႐ုံတင္မွာဆိုေတာ့ သုသုရဲ႕ ဇာတ္ကားကို ပထမဆုံးပါဝင္ခြင့္ရတဲ့အတြက္ ေပ်ာ္ပါတယ္။ အဆိုးတလွည့္အေကာင္းတလွည့္ေပါ့” လို႔ ပိုင္ၿဖိဳးသု ကေျပာပါတယ္။

ပိုင္ၿဖိဳးသုကေတာ့ မၾကာခင္မွာလည္း ဒါ႐ိုက္တာ ခရစၥတီးနားခီ ႐ိုက္ကူးမယ့္ Now & Ever ႐ုပ္ရွင္ကားႀကီးမွာ သ႐ုပ္ေဆာင္ ဇဏ္ခီနဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

“ဇာတ္ေကာင္ကေတာ့ စိတ္ဒဏ္ရာေတြရေနတဲ့ မိန္းကေလးတေယာက္ေပါ့ေနာ္။ ငယ္ငယ္ေလးကတည္းက အေမကိုဆုံးရႈံးထားရၿပီး စိတ္ဒဏ္ရာေတြရေနတဲ့ ေကာင္မေလးတေယာက္နဲ႔ ေကာင္ေလးတေယာက္ၾကားထဲက သူတို႔အခ်စ္ေပါ့။ ပါဝင္ျဖစ္တာကေတာ့ မခရစၥတို႔ေျပာလာတာေပါ့ေနာ္။ ဇာတ္လမ္းေလေရာ ဇာတ္ၫႊန္းေလးေရာ ေပးတဲ့အခ်ိန္မွာ သုသုအေနနဲ႔ အရမ္းႀကိဳက္တယ္။” လို႔ ပိုင္ၿဖိဳးသုကေျပာပါတယ္။


အဲ့ဒီ Now & Ever ႐ုပ္ရွင္ကားႀကီးအတြက္ သ႐ုပ္ေဆာင္မ်ားကို Training ၂ပတ္သင္ၾကားခဲ့ရၿပီး သ႐ုပ္ေဆာင္ တာနဲ႔ပတ္သက္ၿပီးေတာ့ ပညာေတြအမ်ားႀကီးရခဲ့တယ္လို႔ ေျပာပါတယ္။

“ဒီဇာတ္ကားက ႐ိုက္ေတာင္မ႐ိုက္ရေသးဘူး။ Training တက္ရတာနဲ႔တင္ ေတာ္ေတာ္ေလးအက်ိဳးရွိတယ္လို႔ ထင္ပါတယ္။ သုသုက အစကတည္းက Training တက္ခ်င္ေနတာ ဘယ္မွာဘယ္လိုတက္ရမွန္းမသိဘူး။ အဲဒီလိုျဖစ္ေနတာေပါ့”


“ Method Acting အေၾကာင္းကို စာအုပ္ေတြဖတ္တယ္။ အဲဒီလိုေလ့လာခဲ့ေပမယ့္ သင္ေပးမယ့္ ဆရာမရွိဘူးျဖစ္ေနတာ။ ကိုယ့္ဘာသာဖတ္ေတာ့ ကိုယ့္ဘာသာ ဟုတ္ေနၿပီထင္တာ။ တကယ္တမ္းက်ေတာ့ လြဲေနတာေတြရွိတယ္။ အခုဆရာနဲ႔ ေသခ်ာသင္ရေတာ့ေပ်ာ္တယ္” လို႔ ပိုင္ၿဖိဳးသုကေျပာပါတယ္။

ပိုင္ၿဖိဳးသုကေတာ့ မၾကာခင္ဇန္နဝါရီလအတြင္းမွာလည္း သူမရဲ႕မဂၤလာပြဲကို က်င္းပသြားမွာျဖစ္ၿပီး မဂၤလာပြဲအတြက္လည္း ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

ရုပ်ရှင်လောကမှာ သာမက အပြင်လောကမှာပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ပိုင်ဖြိုးသုကို အကယ်ဒမီခန့်မှန်းမှုများရှိနေပေမယ့် ပိုင်ဖြိုးသုကတော့ အကယ်ဒမီအတွက် ရင်မခုန်ရဲဘူးလို့ ပြောပါတယ်။

“မမျှော်လင့်ရဲပါဘူး။ ဒီနှစ်ထဲမှာ ကားကောင်းတွေ အများကြီးပဲ။ အဲဒီလိုအများကြီးဆိုတော့ စိတ်မှန်းပြီး ရိုက်မယ်လို့ လည်း မရှိဘူး။ ကိုယ့်စိတ်ထဲမှာ အမြဲတမ်းကိုယ့်ဘက်က အကောင်းဆုံးပေးဆပ်မယ်။ နောက်ပြီးတော့ ကားကောင်း တွေ အများကြီးဖြစ်လာတဲ့အပေါ်မှာလည်း ပျော်တယ်။ ဒီနှစ်တော့ သုသုအတွက် အကယ်ဒမီကို ရင်ခုန်လားဆိုရင် ရင်မခုန်ရဲဘူး။ ပြဿနာကလည်း ဖြစ်ထားတာဆိုတော့ ရင်မခုန်ရဲဘူး” လို့ပိုင်ဖြိုးသုက ပြောပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်များရဲ့အားပေးမှုကြောင့် ရုံတင်ပြသတာ ၄ပတ်မြောက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၆ရက်နေ့မှာလည်း စင်ကာပူမှာ သွားရောက်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“မီ ရုံတင်တာ ၄ပတ်မြောက်ရှိပါပြီ။ မီ ကို ၆ရက်နေ့မှာ စင်ကာပူမှာ ရုံတင်မှာဆိုတော့ သုသုရဲ့ ဇာတ်ကားကို ပထမဆုံးပါဝင်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။ အဆိုးတလှည့်အကောင်းတလှည့်ပေါ့” လို့ ပိုင်ဖြိုးသု ကပြောပါတယ်။

ပိုင်ဖြိုးသုကတော့ မကြာခင်မှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် Now & Ever ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် ဇဏ်ခီနဲ့အတူ တွဲဖက်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“ဇာတ်ကောင်ကတော့ စိတ်ဒဏ်ရာတွေရနေတဲ့ မိန်းကလေးတယောက်ပေါ့နော်။ ငယ်ငယ်လေးကတည်းက အမေကိုဆုံးရှုံးထားရပြီး စိတ်ဒဏ်ရာတွေရနေတဲ့ ကောင်မလေးတယောက်နဲ့ ကောင်လေးတယောက်ကြားထဲက သူတို့အချစ်ပေါ့။ ပါဝင်ဖြစ်တာကတော့ မခရစ္စတို့ပြောလာတာပေါ့နော်။ ဇာတ်လမ်းလေရော ဇာတ်ညွှန်းလေးရော ပေးတဲ့အချိန်မှာ သုသုအနေနဲ့ အရမ်းကြိုက်တယ်။” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

အဲ့ဒီ Now & Ever ရုပ်ရှင်ကားကြီးအတွက် သရုပ်ဆောင်များကို Training ၂ပတ်သင်ကြားခဲ့ရပြီး သရုပ်ဆောင် တာနဲ့ပတ်သက်ပြီးတော့ ပညာတွေအများကြီးရခဲ့တယ်လို့ ပြောပါတယ်။

“ဒီဇာတ်ကားက ရိုက်တောင်မရိုက်ရသေးဘူး။ Training တက်ရတာနဲ့တင် တော်တော်လေးအကျိုးရှိတယ်လို့ ထင်ပါတယ်။ သုသုက အစကတည်းက Training တက်ချင်နေတာ ဘယ်မှာဘယ်လိုတက်ရမှန်းမသိဘူး။ အဲဒီလိုဖြစ်နေတာပေါ့”

“ Method Acting အကြောင်းကို စာအုပ်တွေဖတ်တယ်။ အဲဒီလိုလေ့လာခဲ့ပေမယ့် သင်ပေးမယ့် ဆရာမရှိဘူးဖြစ်နေတာ။ ကိုယ့်ဘာသာဖတ်တော့ ကိုယ့်ဘာသာ ဟုတ်နေပြီထင်တာ။ တကယ်တမ်းကျတော့ လွဲနေတာတွေရှိတယ်။ အခုဆရာနဲ့ သေချာသင်ရတော့ပျော်တယ်” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ပိုင်ဖြိုးသုကတော့ မကြာခင်ဇန်နဝါရီလအတွင်းမှာလည်း သူမရဲ့မင်္ဂလာပွဲကို ကျင်းပသွားမှာဖြစ်ပြီး မင်္ဂလာပွဲအတွက်လည်း ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top