(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာေက်း႐ြာအုပ္စုတြင္ လက္မထပ္ႏိုင္ေၾကာင္း ေျပာသည့္အသက္ ၁၈ ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသမီးအားကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့သည့္ ၎၏ရည္းစားျဖစ္သူကို ဖမ္းဆီးရမိခဲ့ ေၾကာင္း ကယားျပည္နယ္ ရဲတပ္ဖြဲ႕ထံမွ ဒီဇင္ဘာ ၆ ရက္ကသိရသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာေက်း႐ြာအုပ္စု၊ ၀ါရီေကာစူေက်း႐ြာအနီးရွိ လယ္ကြင္းအတြင္းတြင္ ႏိုဝင္ဘာ ၂၃ ရက္၊ ညေနပိုင္းက ခႏၶာကိုယ္အႏွံ႔တြင္ ထိုးသြင္းဒဏ္ရာအခ်က္ ၃၀ ခန႔္ျဖင့္ ေသဆုံးေနသည့္အသက္ ၁၈ ႏွစ္ခန႔္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၏အေလာင္းကို ေတြ႕ခဲ့ရသျဖင့္ ရဲတပ္ဖြဲ႕ကစုံစမ္းရာ ေသဆုံးသူမွာ ဆီးမီးေလာ့႐ြာတြင္ ေနထိုင္သည့္ မပြင့္ျဖဴျဖစ္ေၾကာင္း သိရၿပီး ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိရန္ စုံစမ္းေဆာင္႐ြက္ခဲ့သည္။

ယင္းသို႔ေဆာင္႐ြက္ရာ အမႈျဖင့္ မသကၤာသူ ေသဆုံးသူ၏ရည္းစားျဖစ္သူ မိုးၿဗဲၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ကိုရဲမင္းထိုက္(ခ)ေအာင္ငဲကို ၎၏ေနအိမ္တြင္ သြားေရာက္ဖမ္းဆီးစစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ မပြင့္ျဖဴကိုလက္ထပ္ရန္ ေျပာ ေသာ္လည္း လက္ခံျခင္းမရွိဘဲ ပိုက္ဆံရွိသည့္သူႏွင့္သာ လက္ထပ္မည္ဟု ေျပာဆိုခဲ့ေသာေၾကာင့္ အသင့္ပါ လာသည့္ ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္ခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကိုရဲမင္းထိုက္(ခ)ေအာင္ငဲကို လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းက (ပ) ၂၅၆/၂၀၁၈၊ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Time


#Unicode Version#

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုတွင် လက်မထပ်နိုင်ကြောင်း ပြောသည့်အသက် ၁၈ နှစ်ခန့်အရွယ် အမျိုးသမီးအားကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည့် ၎င်း၏ရည်းစားဖြစ်သူကို ဖမ်းဆီးရမိခဲ့ ကြောင်း ကယားပြည်နယ် ရဲတပ်ဖွဲ့ထံမှ ဒီဇင်ဘာ ၆ ရက်ကသိရသည်။

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောစူကျေးရွာအနီးရှိ လယ်ကွင်းအတွင်းတွင် နိုဝင်ဘာ ၂၃ ရက်၊ ညနေပိုင်းက ခန္ဓာကိုယ်အနှံ့တွင် ထိုးသွင်းဒဏ်ရာအချက် ၃၀ ခန့်ဖြင့် သေဆုံးနေသည့်အသက် ၁၈ နှစ်ခန့် အရွယ် အမျိုးသမီးတစ်ဦး၏အလောင်းကို တွေ့ခဲ့ရသဖြင့် ရဲတပ်ဖွဲ့ကစုံစမ်းရာ သေဆုံးသူမှာ ဆီးမီးလော့ရွာတွင် နေထိုင်သည့် မပွင့်ဖြူဖြစ်ကြောင်း သိရပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာ အမှုဖြင့် မသင်္ကာသူ သေဆုံးသူ၏ရည်းစားဖြစ်သူ မိုးဗြဲမြို့နယ်တွင် နေထိုင်သည့် ကိုရဲမင်းထိုက်(ခ)အောင်ငဲကို ၎င်း၏နေအိမ်တွင် သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မပွင့်ဖြူကိုလက်ထပ်ရန် ပြော သော်လည်း လက်ခံခြင်းမရှိဘဲ ပိုက်ဆံရှိသည့်သူနှင့်သာ လက်ထပ်မည်ဟု ပြောဆိုခဲ့သောကြောင့် အသင့်ပါ လာသည့် ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကိုရဲမင်းထိုက်(ခ)အောင်ငဲကို လွိုင်ကော်မြို့မရဲစခန်းက (ပ) ၂၅၆/၂၀၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top