ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သခြားသီးဟာ ျမန္မာတို႔ အဖို႔ အစိမ္းစားတဲ့ အသီးျဖစ္ၿပီး သုပ္စား၊ တို႔စရာအျဖစ္ စားၾကတာမ်ားၿပီး ခ်က္စားၾကတာ နည္းပါတယ္။ ေဖ်ာ္ရည္အျဖစ္ ေသာက္ၾကတာကေတာ့ မရွိသေလာက္ နည္းပါတယ္။ Detox Water အျဖစ္ ေသာက္ၾကတဲ့ အထဲမွာေတာ့ စိမ္ၿပီး ေသာက္ၾကပါတယ္။ သခြားသီးကို ႀကိတ္ၿပီး ေဖ်ာ္ရည္အေနနဲ႔ ေသာက္ေပးရင္ေတာ့ အက်ိဳးမ်ားေစၿပီး အသစ္အဆန္း
ျဖစ္ေစပါမယ္။

သခြားသီးဟာ ရင္ေအးေစၿပီး ေရငတ္ေျပေစတာေတာ့ သိၾကမွာပါ။ သခြားသီးမွာ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ ဆိုဒီယမ္၊ သံဓာတ္၊ ဆီလီကြန္၊ ကလိုရင္း၊ ေဖာ့စဖရပ္စ္၊ ဆာလ္ဖာ၊ အစရွိတဲ့ သဘာ၀အတိုင္း ပါ၀င္တဲ့ သတၱဳဓာတ္ေတြ  ျဖစ္တာေၾကာင့္ ခႏာကိုယ္အတြင္း ေသြးနီဥျဖစ္ေစမယ့္ဓာတ္ေတြကို အားေပးပါတယ္။ သခြားသီးဟာ ကိုယ္တြင္းက အဆိပ္ေတြကို
ေျပေစႏုိင္တဲ့ အစြမ္း ရွိပါတယ္။

သခြားသီးကို ႀကိတ္ၿပီး ေဖ်ာ္ရည္အျဖစ္ေသာက္ဖို႔ အတြက္ သခြားသီး ခပ္ရြယ္ရြယ္ တစ္လံုးကို သန္႔စင္ၿပီး ႀကိတ္ေပးပါ။ အရည္ကို အခ်ိဳပါတယ္ဆိုရံုပဲ ထည့္ၿပီး ေသာက္ႏုိင္ပါတယ္။ သခြားသီးရည္ကို မုန္လာဥနီ၊ တရုတ္နံနံတို႔နဲ႔ ေရာစပ္ၿပီး ေသာက္သံုးေပးရင္ေတာ့ အဆစ္အျမစ္ေရာင ္ေရာဂါေတြကို သက္သာေစႏုိင္ပါတယ္။ သခြားသီးေဖ်ာ္ရည္ဟာ ဆီးရႊင္ေစႏုိင္ၿပီး ကိုယ္တြင္း အဆိပ္နဲ႔ မလိုအပ္တဲ့ အဆီေတြကို ထုတ္ေပးႏုိင္ပါတယ္။

ေသြးတြင္း ကိုလက္စထေရာကို က်ေစႏုိင္တဲ့ အျပင္ အေရျပားနဲ႔ ပတ္သက္တဲ့ ေရာဂါေတြကို သက္သာေစႏုိင္ပါတယ္။ သခြားသိီး ေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္သံုးေပးပါက ေသြးေပါင္ က်ေစႏုိင္ၿပီး ၀မ္းခ်ဳပ္သူ၊ ဆီးလမ္းေၾကာင္း ပိုး၀င္သူေတြအတြက္ သင့္ေတာ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: future health

#Unicode Version#
သခွားသီးဟာ မြန်မာတို့ အဖို့ အစိမ်းစားတဲ့ အသီးဖြစ်ပြီး သုပ်စား၊ တို့စရာအဖြစ် စားကြတာများပြီး ချက်စားကြတာ နည်းပါတယ်။ ဖျော်ရည်အဖြစ် သောက်ကြတာကတော့ မရှိသလောက် နည်းပါတယ်။ Detox Water အဖြစ် သောက်ကြတဲ့ အထဲမှာတော့ စိမ်ပြီး သောက်ကြပါတယ်။ သခွားသီးကို ကြိတ်ပြီး ဖျော်ရည်အနေနဲ့ သောက်ပေးရင်တော့ အကျိုးများစေပြီး အသစ်အဆန်း
ဖြစ်စေပါမယ်။

သခွားသီးဟာ ရင်အေးစေပြီး ရေငတ်ပြေစေတာတော့ သိကြမှာပါ။ သခွားသီးမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ဆီလီကွန်၊ ကလိုရင်း၊ ဖော့စဖရပ်စ်၊ ဆာလ်ဖာ၊ အစရှိတဲ့ သဘာဝအတိုင်း ပါဝင်တဲ့ သတ္တုဓာတ်တွေ  ဖြစ်တာကြောင့် ခနာကိုယ်အတွင်း သွေးနီဥဖြစ်စေမယ့်ဓာတ်တွေကို အားပေးပါတယ်။ သခွားသီးဟာ ကိုယ်တွင်းက အဆိပ်တွေကို
ပြေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

Cucumber-Juice

သခွားသီးကို ကြိတ်ပြီး ဖျော်ရည်အဖြစ်သောက်ဖို့ အတွက် သခွားသီး ခပ်ရွယ်ရွယ် တစ်လုံးကို သန့်စင်ပြီး ကြိတ်ပေးပါ။ အရည်ကို အချိုပါတယ်ဆိုရုံပဲ ထည့်ပြီး သောက်နိုင်ပါတယ်။ သခွားသီးရည်ကို မုန်လာဥနီ၊ တရုတ်နံနံတို့နဲ့ ရောစပ်ပြီး သောက်သုံးပေးရင်တော့ အဆစ်အမြစ်ရောင ်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သခွားသီးဖျော်ရည်ဟာ ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်း အဆိပ်နဲ့ မလိုအပ်တဲ့ အဆီတွေကို ထုတ်ပေးနိုင်ပါတယ်။

သွေးတွင်း ကိုလက်စထရောကို ကျစေနိုင်တဲ့ အပြင် အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သခွားသီး ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးပါက သွေးပေါင် ကျစေနိုင်ပြီး ဝမ်းချုပ်သူ၊ ဆီးလမ်းကြောင်း ပိုးဝင်သူတွေအတွက် သင့်တော်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit: future health
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top