iMyanmarHouse.com - Best Property Website for Myanmar
×

မေကြးတိုင္း၊ ​ေရနံ​ေခ်ာင္​းၿမိဳ႕၊ ျပည္သူေဆး႐ံုမွာ ဒီဇင္ဘာ ၆ ရက္ ညပိုင္းက သက္ေတာ္ ၇၀ နွစ္ခန္႔ရိွ ဆရာေတာ္တပါး ပ်ားတုတ္​ခံရၿပီး ပ်ံလြန္​​ေတာ္​မူသြားပါတယ္​။

လူတရပ္အရြယ္ေလာက္ရွိတဲ့ပ်ားအံုႀကီး (ေဒသအေခၚ လွည္းဘီးပ်ား အမ်ိဳးအစား)က ပ်ားေတြ အတုပ္ခံရၿပီး ေဆး႐ံုအေရာက္မွာ ပ်ံလြန္သြားတာလို႔ ေဒသခံ ကိုေအာင္ေက်ာ္ဦးက ေျပာပါတယ္။

“က်ေနာ္ေဆး႐ံုေရာက္ေတာ့ ဆရာေတာ္က အရမ္းတုန္ေနတာပဲ။ ေရအရမ္းဆာ ေနတယ္ထင္တယ္။ ေရသာအတင္းေသာက္ေနတယ္။ ဆရာေတာ္ ခႏၶာကိုယ္အနွံ ပ်ားတုပ္ဒဏ္ရာေတြခ်ည္းပဲ ဖုေရာင္ေနတာပဲ။ မ်က္ခြံေတြဆိုဖုေရာင္ေနတယ္။ က်ေနာ့္အထင္ေတာ့ မ်က္လံုးက ေသြးေတြထြက္ေနတယ္ ထင္မိတယ္”

​ေရနံ​ေခ်ာင္​းၿမိဳ႕နယ္​၊ ေရႊၾကာငံုရပ္ကြက္ရွိ မဲထီး​ေက်ာင္းဆရာ​ေတာ္​ ဦးေကလာသဟာ ေဖာင္ကေတာေက်းရြာက ဆြမ္းစားဖိတ္ထားလို႔ ဒီဇင္​ဘာ ၅ ရက္​မနက္ပိုင္းက ဆိုင္ကယ္နဲ႔ ဆြမ္​းစားႂကြခ်ိန္ ထန္းေတာထဲက ပ်ားအတုပ္ခံရတာလို႔ ေဒသခံ အမ်ိဳးသမီးတဦးက ေျပာပါတယ္။

“တကိုယ္​လုံးပဲအတုပ္​ခံရတာ။ ဆရာ​ေတာ္​နားကုိ ဘယ္​သူမွ မကပ္​ရဲၾကဘူး။ က်မက အ​ေႏြးထည္​ကလည္​း အထူႀကီးဝတ္​ထားတာ။​ ေခါင္​းကိုလည္​းအဝတ္​ၿခံဳၿပီး လက္တဖက္​က အဝတ္​နဲ႔ရမ္​းၿပီး ဆရာ​ေတာ္​ကုိ ဇြတ္​​ဆြဲ​ေခၚထုတ္​လာရတယ္​”

ဆရာေတာ္ရဲ႕ ႐ုပ္ကလာပ္ ဒီက​ေန႔ ည​ေန ၄ နာရီခြဲ​မွာ သၿဂိဳၤလ္​မယ္​လို႔ သိရပါတယ္​။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:ကိုလင္​း(​ေခ်ာက္​)
DVB TV News

#Unicode Version#

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ပြည်သူဆေးရုံမှာ ဒီဇင်ဘာ ၆ ရက် ညပိုင်းက သက်တော် ၇၀ နှစ်ခန့်ရှိ ဆရာတော်တပါး ပျားတုတ်ခံရပြီး ပျံလွန်တော်မူသွားပါတယ်။

လူတရပ်အရွယ်လောက်ရှိတဲ့ပျားအုံကြီး (ဒေသအခေါ် လှည်းဘီးပျား အမျိုးအစား)က ပျားတွေ အတုပ်ခံရပြီး ဆေးရုံအရောက်မှာ ပျံလွန်သွားတာလို့ ဒေသခံ ကိုအောင်ကျော်ဦးက ပြောပါတယ်။

“ကျနော်ဆေးရုံရောက်တော့ ဆရာတော်က အရမ်းတုန်နေတာပဲ။ ရေအရမ်းဆာ နေတယ်ထင်တယ်။ ရေသာအတင်းသောက်နေတယ်။ ဆရာတော် ခန္ဓာကိုယ်အနှံ ပျားတုပ်ဒဏ်ရာတွေချည်းပဲ ဖုရောင်နေတာပဲ။ မျက်ခွံတွေဆိုဖုရောင်နေတယ်။ ကျနော့်အထင်တော့ မျက်လုံးက သွေးတွေထွက်နေတယ် ထင်မိတယ်”

ရေနံချောင်းမြို့နယ်၊ ရွှေကြာငုံရပ်ကွက်ရှိ မဲထီးကျောင်းဆရာတော် ဦးကေလာသဟာ ဖောင်ကတောကျေးရွာက ဆွမ်းစားဖိတ်ထားလို့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းက ဆိုင်ကယ်နဲ့ ဆွမ်းစားကြွချိန် ထန်းတောထဲက ပျားအတုပ်ခံရတာလို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“တကိုယ်လုံးပဲအတုပ်ခံရတာ။ ဆရာတော်နားကို ဘယ်သူမှ မကပ်ရဲကြဘူး။ ကျမက အနွေးထည်ကလည်း အထူကြီးဝတ်ထားတာ။ ခေါင်းကိုလည်းအဝတ်ခြုံပြီး လက်တဖက်က အဝတ်နဲ့ရမ်းပြီး ဆရာတော်ကို ဇွတ်ဆွဲခေါ်ထုတ်လာရတယ်”

ဆရာတော်ရဲ့ ရုပ်ကလာပ် ဒီကနေ့ ညနေ ၄ နာရီခွဲမှာ သဂြိုၤလ်မယ်လို့ သိရပါတယ်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:ကိုလင်း(ချောက်)

DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top