(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ျပည္သူ႔အခ်စ္ေတာ္ ပရဟိတမင္းသားၾကီးျဖစ္တဲ့ ေဝဠဳေက်ာ္ကေတာ့ လက္ရွိခ်ိန္ထိ ပရိသတ္အခ်စ္ကို ရေနေပမယ့္လည္း သူကိုယ္တိုင္ေတာ့ ေဂၚမစြံေသးတဲ့ လူပ်ိဳၾကီးျဖစ္ေနဆဲပါပဲ။ သူ႔ပရိသတ္ေတြကေတာ့ သူ႔အခ်စ္ေရးန႔ဲ ပတ္သက္ျပီး မ်ားစြာ ေမးခြန္းေတြ ထုတ္ေနေပမယ့္လည္း ေဝဠဳေက်ာ္ကေတာ့ လက္ရွိခ်ိန္ထိ လက္တြဲေဖာ္မရွိေသးတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဝဠဳေက်ာ္ကေတာ့ လက္ရွိခ်ိန္မွာ သူ႔အေနနဲ႔ လူပ်ိဳၾကီးဘဝကို အဆံုးသတ္ဖို႔ ၾကိဳးစားေနေၾကာင္း ေျပာၾကားလာျပီး ရည္ရြယ္ထားတဲ့သူလည္း ေတြ႔ေနျပီလို႔ ေျပာလုိ႔ရပါတယ္ဟု ဖြင့္ေျပာလာခဲ့ပါတယ္။

ေဝဠဳေက်ာ္ကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာေတာ့ “ကြ်န္ေတာ္လည္း အဆံုးသတ္ဖို႔အတြက္ ၾကိဳးစားေနပါတယ္။ ကြ်န္ေတာ္လည္း အဲ့လိုအဆံုးသတ္ဖို႔အတြက္လည္း ရွာေတြ႔ထားတယ္လို႔ ေျပာရမွာေပါ့။ ဒါေပမယ့္လည္း မေသခ်ာေသးလို႔ပါ။ ေသခ်ာရင္ေတာ့ ေျပာပါမယ္။ အဲ့ေတာ့ အျမန္ဆံုးလည္း အဆံုးသတ္ခ်င္ပါတယ္။ ဒါေပမယ့္လည္း လူဆိုတာအမွားနဲ႔ မကင္းတဲ့အခ်ိန္မွာ အဲ့ဒီအမွားအမွားေတြနဲ႔ ပတ္သက္တဲ့ ရွင္းစရာေလးေတြ ရွိတာေၾကာင့္လည္း လုိအပ္တဲ့ခရီးကို မေရာက္ေသးတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္”

အႏုပညာေလာကထဲကလားဆိုတဲ့ ေမးခြန္းကိုေတာ့ “အဲ့ဒါကေတာ့ ေျပာလို႔မရေသးဘူးေလ။ နည္းနည္းေစာေသးတယ္ေလ။ ေျဖးေျဖးေပါ့။ အေျခအေနအရ အသိေပးလို႔ရတဲ့အခ်ိန္က်ရင္ေတာ့ အသိေပးသြားပါမယ္”

ပရိဟိတသမားတစ္ေယာက္ရဲ့ ခံယူခ်က္ကေတာ့ “ပရိဟိတလုပ္ရတယ္ဆိုတာကေတာ့ ျပည္သူေတြရဲ့ အားေပးေထာက္ပံ့မႈေတြကေန ရလာတဲ့ ေငြေၾကးနဲ႔ ျပည့္စံုေအာင္ ကြ်န္ေတာ္တို႔ လုပ္ၾကရတယ္ေပါ့။ အခုခ်ိန္မွာ အႏုပညာကို ေလ်ာ့တဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႔ကို အားေပးတဲ့သူေတြ ဒုကၡေရာက္တဲ့အခ်ိန္မွာ ကူညီလို႔ရေအာင္ဆိုျပီးေတာ့ ဒီအလုပ္ကို လုပ္လာတာပါ”

လတ္တေလာ အႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး ေဝဠဳေက်ာ္က “အႏုပညာအလုပ္ေတြကေတာ့ မလုပ္ျဖစ္ေသးပါဘူး။ ဒါေပမယ့္လည္း ကြ်န္ေတာ့္အေနနဲ႔ ကားျပန္ရိုက္ဖို႔ရွိပါတယ္။ ဒါေၾကာင့္ ေဘာ္ဒီကို လွေအာင္ ျပန္ျပီးေတာ့ ကစားေနရပါတယ္။ ဘာလို႔လဲဆိုေတာ့ လူကနည္းနညး္ေလး ပိန္သြားတာေၾကာင့္ပါ။ လံုးဝရပ္ပစ္တာေတာ့ မဟုတ္ပါဘူး။ ဒီဖက္က အလုပ္ေတြလုပ္ေနတာေၾကာင့္ အႏုပညာလုပ္တာေတြက ၾကဲသြားတာပါ။ ကမ္းလွမ္းတဲ့သူမရွိလည္း ကိုယ့္ဘာကိုယ္ ရိုက္မွာပါ။ ကြ်န္ေတာ္နဲ႔ လိုက္ဖက္တဲ့ဇာတ္မ်ိဳးကို ရိုက္ျဖစ္ေကာင္းရိုက္ျဖစ္မွာပါ။ ဒါေပမယ့္လည္း လိုအပ္တဲ့ Message ပါေအာင္ ရိုက္မွာေပါ့။ ကြ်န္ေတာ့္ေရွ႔မွာ ရိုက္ထားတဲ့ ဇာတ္ကားေတြကလည္း အဆံုးမသတ္ရေသးပါဘူး။ ပရိသတ္ေတြ အားလံုးကိုလည္း ေက်းဇူးတင္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး
# Unicode Version ျဖင့္ ဖတ္ပါ #
ပြည်သူ့အချစ်တော် ပရဟိတမင်းသားကြီးဖြစ်တဲ့ ဝေဠုကျော်ကတော့ လက်ရှိချိန်ထိ ပရိသတ်အချစ်ကို ရနေပေမယ့်လည်း သူကိုယ်တိုင်တော့ ဂေါ်မစွံသေးတဲ့ လူပျိုကြီးဖြစ်နေဆဲပါပဲ။ သူ့ပရိသတ်တွေကတော့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး များစွာ မေးခွန်းတွေ ထုတ်နေပေမယ့်လည်း ဝေဠုကျော်ကတော့ လက်ရှိချိန်ထိ လက်တွဲဖော်မရှိသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝေဠုကျော်ကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ လူပျိုကြီးဘဝကို အဆုံးသတ်ဖို့ ကြိုးစားနေကြောင်း ပြောကြားလာပြီး ရည်ရွယ်ထားတဲ့သူလည်း တွေ့နေပြီလို့ ပြောလို့ရပါတယ်ဟု ဖွင့်ပြောလာခဲ့ပါတယ်။

ဝေဠုကျော်ကတော့ MC နဲ့ အင်တာဗျူးမှာတော့ “ကျွန်တော်လည်း အဆုံးသတ်ဖို့အတွက် ကြိုးစားနေပါတယ်။ ကျွန်တော်လည်း အဲ့လိုအဆုံးသတ်ဖို့အတွက်လည်း ရှာတွေ့ထားတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့်လည်း မသေချာသေးလို့ပါ။ သေချာရင်တော့ ပြောပါမယ်။ အဲ့တော့ အမြန်ဆုံးလည်း အဆုံးသတ်ချင်ပါတယ်။ ဒါပေမယ့်လည်း လူဆိုတာအမှားနဲ့ မကင်းတဲ့အချိန်မှာ အဲ့ဒီအမှားအမှားတွေနဲ့ ပတ်သက်တဲ့ ရှင်းစရာလေးတွေ ရှိတာကြောင့်လည်း လိုအပ်တဲ့ခရီးကို မရောက်သေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

အနုပညာလောကထဲကလားဆိုတဲ့ မေးခွန်းကိုတော့ “အဲ့ဒါကတော့ ပြောလို့မရသေးဘူးလေ။ နည်းနည်းစောသေးတယ်လေ။ ဖြေးဖြေးပေါ့။ အခြေအနေအရ အသိပေးလို့ရတဲ့အချိန်ကျရင်တော့ အသိပေးသွားပါမယ်”

ပရိဟိတသမားတစ်ယောက်ရဲ့ ခံယူချက်ကတော့ “ပရိဟိတလုပ်ရတယ်ဆိုတာကတော့ ပြည်သူတွေရဲ့ အားပေးထောက်ပံ့မှုတွေကနေ ရလာတဲ့ ငွေကြေးနဲ့ ပြည့်စုံအောင် ကျွန်တော်တို့ လုပ်ကြရတယ်ပေါ့။ အခုချိန်မှာ အနုပညာကို လျော့တဲ့အချိန်မှာ ကျွန်တော်တို့ကို အားပေးတဲ့သူတွေ ဒုက္ခရောက်တဲ့အချိန်မှာ ကူညီလို့ရအောင်ဆိုပြီးတော့ ဒီအလုပ်ကို လုပ်လာတာပါ”

လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဠုကျော်က “အနုပညာအလုပ်တွေကတော့ မလုပ်ဖြစ်သေးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ ကားပြန်ရိုက်ဖို့ရှိပါတယ်။ ဒါကြောင့် ဘော်ဒီကို လှအောင် ပြန်ပြီးတော့ ကစားနေရပါတယ်။ ဘာလို့လဲဆိုတော့ လူကနည်းနည်းလေး ပိန်သွားတာကြောင့်ပါ။ လုံးဝရပ်ပစ်တာတော့ မဟုတ်ပါဘူး။ ဒီဖက်က အလုပ်တွေလုပ်နေတာကြောင့် အနုပညာလုပ်တာတွေက ကြဲသွားတာပါ။ ကမ်းလှမ်းတဲ့သူမရှိလည်း ကိုယ့်ဘာကိုယ် ရိုက်မှာပါ။ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ဇာတ်မျိုးကို ရိုက်ဖြစ်ကောင်းရိုက်ဖြစ်မှာပါ။ ဒါပေမယ့်လည်း လိုအပ်တဲ့ Message ပါအောင် ရိုက်မှာပေါ့။ ကျွန်တော့်ရှေ့မှာ ရိုက်ထားတဲ့ ဇာတ်ကားတွေကလည်း အဆုံးမသတ်ရသေးပါဘူး။ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top