ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ဓားဖြင့် ထိုးခံရသူ အသက် ၃၂ နှစ်အမျိုးသားမှာ ညာနံစောင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ထားရသောကြောင့် နာကျင်ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သော အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ဒဂုံ အရှေ့ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
#Unicode Version#
ဒဂုံအရှေ့မြို့နယ်၊ ၁၄ ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် ဒီဇင်ဘာလ ၆ ရက် နံနက် ၈ နာရီခွဲက အရက်မူးပြီး ဆဲဆိုရိုက်နှက်နေသည့် ခင်ပွန်းဖြစ်သူကို ၎င်း၏ဇနီးက ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
“ဓားထိုးခံရသူက မကြာခဏဆိုသလို သူ့ဇနီးကို ဆဲဆိုရိုက်နှက်တယ်လို့ ပတ်ဝန်းကျင်ထံက စုံစမ်းသိရှိရတယ်။ အခင်းဖြစ်တဲ့မနက်ပိုင်းမှာလည်း သူက အရက်မူးလာပြီး မိန်းမဖြစ်သူကို ရိုက်နှက်ခဲ့တယ်။ အမျိုးသမီးက သည်းမခံနိုင်တော့လို မီးဖိုချောင်ထဲက ဓားယူပြီး သူ့ယောက်ျားကို ထိုးလိုက်တာပါ။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားပါတယ်။”ဟု ရဲအရာရှိက ပြောသည်။
ဓားဖြင့် ထိုးခံရသူ အသက် ၃၂ နှစ်အမျိုးသားမှာ ညာနံစောင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံသု့ိ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ထားရသောကြောင့် နာကျင်ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သော အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ဒဂုံ အရှေ့ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။
ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Thevoice
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top