(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အမ်ဳိးသား ၄ ဦးသည္ ေခြးထီးကေလးတစ္ေကာင္ကို အုပ္စုဖြဲ႔ကာ ဝိုင္းဝန္းအဓမၼျပဳက်င့္ခဲ့ၾကျပီးေနာက္ ေသြးအိုင္ထဲတြင္ ထားခဲ့သည့္ျဖစ္ရပ္ အိႏိၵယႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည္။

ေခြးထီးေလးမွာ မည္သည့္မ်ဳိးစိတ္ေခြးမ်ဳိးျဖစ္သည္ကိုမူ မသိရေခ်။

ေခြးေလး၏ ေျခႏွစ္ဖက္၊ လက္ႏွစ္ဖက္ကို ပူးခ်ည္ျပီး ေကြးညႊတ္ထားကာ ျပင္းထန္စြာ အဓမၼက်င့္ခံခဲ့ရျခင္း ျဖစ္သည္။

“ကၽြႏု္ပ္အတြက္ တိရ စၦာန္ေရးရာ (AMTM)”ဟု အမည္ရေသာ NGo အဖြဲ႔တစ္ခုက ေျပာၾကားရာတြင္ အဓမၼက်င့္ခံရသည့္ ေခြးေလးကို မြမ္ဘိုင္းရွိ တိရ စၦာန္ကု ေဆးခန္းသို႔ ေခၚေဆာင္သြားကာ ေဆးကုသမႈမ်ား ေပးခဲ့ရေၾကာင္း ေျပာၾကားသည္။

ေၾကာက္မက္ဖြယ္ ေခြးမုဒိမ္းမႈ ျဖစ္ပြားခဲ့သည္မွာ အိႏိၵယ၏ ေဟာလိဝုဒ္ဟုေခၚၾကေသာ မြမ္ဘိုင္းတြင္ျဖစ္

ေခြးကေလးကို မယ္လ္ဝါနီ ဘုရားေက်ာင္းအနီးတြင္ ေသြးအိုင္ထဲ၌ လဲေနစဥ္ေတြ႔ခဲ့ရျခင္းျဖစ္ျပီး နာက်င္စြာ ေအာ္ျမည္ေနသည္ဟု ဆိုသည္။

AMTM တည္ေထာင္သူ ေဒါက္တာ အန္ကီတာ ပါသက္က ေျပာၾကားရာတြင္ ေခြးကေလးသည္ ယခုအခါ စိတ္ဖိစီးမႈ အျပင္းအထန္ ခံစားေနရေၾကာင္း ေျပာၾကားသည္။

ေခြးကေလးမွာ ယခုအခါ တစ္စံုတစ္ဦးက လာထိလိုက္သည္ႏွင့္ ေၾကာက္လန္႔တၾကား ေအာ္ဟစ္ေနေၾကာင္း ေဒါက္တာ အန္ကီတာက ေျပာၾကားခဲ့ျပီး ယခုအခါတြင္ ေခြးကေလးကို တည္ျငိမ္မႈျပန္ရလာေစရန္ ဆရာဝန္မ်ားက ၾကိဳးပမ္းလ်က္ရွိေနသည္။

အခင္းျဖစ္ရပ္အနီးတြင္ ေနထုိင္သူ ဆုဒါ ဖာနန္ဒက္အမည္ရွိ အမ်ဳိးသမီးက ေျပာၾကားရာတြင္ သူသည္ အဆိုပါေခြးေလးကို ပံုမွန္အစာေကၽြးေနသူျဖစ္ေၾကာင္း၊ အခင္းျဖစ္သည့္ေန႔တြင္ ေခြးေလးမွာ နာက်င္စြာျဖင့္ တကိန္ကိန္ေအာ္ေနသည္ကို ေတြ႔ခဲ့ရေၾကာင္း ေျပာၾကားသည္။

ေဒသတြင္းရွိ ကားေမာင္းသူတစ္ဦးက ဆုဒါကို ေနာက္ပိုင္းတြင္ ေျပာျပသည္မွာ အရက္မူးေနသူ ၄ ဦးက အဆိုပါေခြးကေလးအား အဓမၼက်င့္ေနသည္ကို ကားေမာင္းရင္းေတြ႔ခဲ့ရေၾကာင္း ေျပာျပခဲ့သည္ဟု ဆိုသည္။

ကားေမာင္းသူက ေျပာၾကားရာတြင္ ေခြးကေလးက နာနာက်င္က်င္ ေအာ္ဟစ္ျမည္တမ္းကာ အကူအညီေတာင္းခံေနသံကို ၾကားခဲ့ရေၾကာင္း၊ မိမိ၏ ကားျဖတ္သန္းသြားခ်ိန္တြင္ လူ ၄ ဦးမွာ ထြက္ေျပးသြားခဲ့ၾကေၾကာင္း ေျပာၾကားသည္။

ဆုဒါက ေျပာၾကားရာတြင္ ၎သည္ ရဲစခန္းတြင္ အမႈဖြင့္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

လက္ရွိအားျဖင့္ အဆုိပါအမႈကို ရဲတပ္ဖြဲ႔က လိုက္လံေဖာ္ထုတ္လ်က္ ရွိ၊ မရွိကိုမူ မသိရေခ်။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese - Asia
# Unicode Version ျဖင့္ဖတ္ပါ #
အမျိုးသား ၄ ဦးသည် ခွေးထီးကလေးတစ်ကောင်ကို အုပ်စုဖွဲ့ကာ ဝိုင်းဝန်းအဓမ္မပြုကျင့်ခဲ့ကြပြီးနောက် သွေးအိုင်ထဲတွင် ထားခဲ့သည့်ဖြစ်ရပ် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

ခွေးထီးလေးမှာ မည်သည့်မျိုးစိတ်ခွေးမျိုးဖြစ်သည်ကိုမူ မသိရချေ။

ခွေးလေး၏ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ကို ပူးချည်ပြီး ကွေးညွှတ်ထားကာ ပြင်းထန်စွာ အဓမ္မကျင့်ခံခဲ့ရခြင်း ဖြစ်သည်။

“ကျွနု်ပ်အတွက် တိရ စ္ဆာန်ရေးရာ (AMTM)”ဟု အမည်ရသော NGo အဖွဲ့တစ်ခုက ပြောကြားရာတွင် အဓမ္မကျင့်ခံရသည့် ခွေးလေးကို မွမ်ဘိုင်းရှိ တိရ စ္ဆာန်ကု ဆေးခန်းသို့ ခေါ်ဆောင်သွားကာ ဆေးကုသမှုများ ပေးခဲ့ရကြောင်း ပြောကြားသည်။

ကြောက်မက်ဖွယ် ခွေးမုဒိမ်းမှု ဖြစ်ပွားခဲ့သည်မှာ အိန္ဒိယ၏ ဟောလိဝုဒ်ဟုခေါ်ကြသော မွမ်ဘိုင်းတွင်ဖြစ်

ခွေးကလေးကို မယ်လ်ဝါနီ ဘုရားကျောင်းအနီးတွင် သွေးအိုင်ထဲ၌ လဲနေစဉ်တွေ့ခဲ့ရခြင်းဖြစ်ပြီး နာကျင်စွာ အော်မြည်နေသည်ဟု ဆိုသည်။

AMTM တည်ထောင်သူ ဒေါက်တာ အန်ကီတာ ပါသက်က ပြောကြားရာတွင် ခွေးကလေးသည် ယခုအခါ စိတ်ဖိစီးမှု အပြင်းအထန် ခံစားနေရကြောင်း ပြောကြားသည်။

ခွေးကလေးမှာ ယခုအခါ တစ်စုံတစ်ဦးက လာထိလိုက်သည်နှင့် ကြောက်လန့်တကြား အော်ဟစ်နေကြောင်း ဒေါက်တာ အန်ကီတာက ပြောကြားခဲ့ပြီး ယခုအခါတွင် ခွေးကလေးကို တည်ငြိမ်မှုပြန်ရလာစေရန် ဆရာဝန်များက ကြိုးပမ်းလျက်ရှိနေသည်။

အခင်းဖြစ်ရပ်အနီးတွင် နေထိုင်သူ ဆုဒါ ဖာနန်ဒက်အမည်ရှိ အမျိုးသမီးက ပြောကြားရာတွင် သူသည် အဆိုပါခွေးလေးကို ပုံမှန်အစာကျွေးနေသူဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် ခွေးလေးမှာ နာကျင်စွာဖြင့် တကိန်ကိန်အော်နေသည်ကို တွေ့ခဲ့ရကြောင်း ပြောကြားသည်။

ဒေသတွင်းရှိ ကားမောင်းသူတစ်ဦးက ဆုဒါကို နောက်ပိုင်းတွင် ပြောပြသည်မှာ အရက်မူးနေသူ ၄ ဦးက အဆိုပါခွေးကလေးအား အဓမ္မကျင့်နေသည်ကို ကားမောင်းရင်းတွေ့ခဲ့ရကြောင်း ပြောပြခဲ့သည်ဟု ဆိုသည်။

ကားမောင်းသူက ပြောကြားရာတွင် ခွေးကလေးက နာနာကျင်ကျင် အော်ဟစ်မြည်တမ်းကာ အကူအညီတောင်းခံနေသံကို ကြားခဲ့ရကြောင်း၊ မိမိ၏ ကားဖြတ်သန်းသွားချိန်တွင် လူ ၄ ဦးမှာ ထွက်ပြေးသွားခဲ့ကြကြောင်း ပြောကြားသည်။

ဆုဒါက ပြောကြားရာတွင် ၎င်းသည် ရဲစခန်းတွင် အမှုဖွင့်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိအားဖြင့် အဆိုပါအမှုကို ရဲတပ်ဖွဲ့က လိုက်လံဖော်ထုတ်လျက် ရှိ၊ မရှိကိုမူ မသိရချေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top