ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





ဖိုးသူတော်(www.phothutaw.com)
Credit:DVB
#Unicode Version#

အီတလီရဲတွေဟာ စစ်စလီကျွန်းက မာဖီးယားဂိုဏ်းသားတွေလို့ သံသယရှိသူ ၄၅ယောက်နဲ့အတူ ဂိုဏ်းချုပ်မှူးကြီးအသစ်ကို ဖမ်းဆီးလိုက်တယ်လို့ ဒုဝန်ကြီးချုပ် လွေဂျီဒီမာယိုက ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

ဒါဟာ မြေထဲပင်လယ်ထဲက ကျွန်းတွေ အပေါ်မှာ အုပ်စုဖွဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားကောင်းကောင်းနဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မာဖီးယား ဂိုဏ်းချုပ်မှူးကြီးဟောင်း ဆယ်လ်ဗာတိုရေ တိုတိုရီးနာဟာ မနှစ်က ထောင်ထဲမှာ သေဆုံးသွားခဲ့ပါတယ်။  သူဟာ ဒါဇင်နဲ့ချီတဲ့လူသတ်မှုတွေကို အမိန့် ပေးခဲ့တဲ့အတွက် မသေဆုံးခင် ထောင်ထဲမှာ နှစ်အစိတ်နီးပါး နေခဲ့ရပါတယ်။

လတ်တလော ဖမ်းဆီးခံရသူတွေထဲမှာ ဒေသခံ မာဖီးယား မိသားစုခေါင်းဆောင် ဆကတီမို မီနီယိုလဲ ပါတယ်လို့ အီတလီရဲတွေက ပြောပါတယ်။ ဖမ်းဆီးစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက ဆက်လက် ထုတ်ပြန်ဖို့ ရှိနေပါတယ်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit:DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top