(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×



Credit:RFA Burmese
#Unicode Version#
 ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်လမ်းဂိတ်ပေါက်နားက နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်းကို မနေ့ညက အမည်မသိ လက်နက်ကိုင်သုံးဦးက လာရောက်ပစ်ခတ်တာကြောင့် ပြည်သူ့စစ်ရဲဘော်သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နယ်စပ်အပေါက်က ရဲစခန်း၊ လဝကရုံးနဲ့ ပြည်သူ့စစ်စခန်းတွေမှာ လုံခြုံရေးအဖွဲ့တွေ တာဝန်ထမ်းဆောင်နေစဉ် လဝက ရုံးအရှေ့ကနေ အမည်မသိ အရပ်ဝတ် လက်နက်ကိုင်သုံးယောက်က ပစ်ခတ်တာလို့နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

မူဆယ်မြို့နယ်အတွင်း နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်းဟာ မကြာခဏ တိုက်ခိုက်ခံနေရကြောင်းလည်း ပြောပါတယ်။
ဖိုးသူတော်(www.phothutaw.com0

Credit:RFA Burmese
https://www.rfa.org/burmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top