ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×








source-HTA

Credit: နတ်သား
# Unicode Version ဖြင့် ဖတ်ပါ #
သထုံမြို့နယ်၊ဈေးမသွယ်အုပ်စု၊ကြောင်လိမ်ကွေ့အပိုင်းနေထိုင်သူ ဒေါ်ငယ်၏မြေးအသက်(၁၄)နှစ်အရွယ် မ××××သည် ရုတ်တရက်မူးဝေအော့အန်လာသဖြင့်မသင်္ကာ၍မေးမြန်းကြည့်ကာ မြေးဖြစ်သူမှာ လွန်ခဲ့သော (၃) လခန့်က မေတ္တာဝါဒီဘုန်းကြီးကျောင်းမှ အသက် (၆၁)နှစ်အရွယ် ဦးပဉ္ဇင်းဦးသုမန၏ တစ်ပါးတည်းထိုင်ကျောင်းသို့ ဆွမ်းကျန်သွားယူစဉ်

ဆွမ်းကျန်များသွားယူရာမှ(၁၄)နှစ်အရွယ်မိန်းကလေးအားအဓမ္မပြုကျင့်မှုဖြစ်ပွား 2

ဦးသုမနမှ ပါးစပ်ပိတ်၍လည်ပင်းညှစ်ကာအဓမ္မပြုကျင့်ခဲ့ကြောင်း၊ မိသားစုများအားပြန်လည်ပြောပြပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ဦးသုမနမှ မ××××အားတစ်ရက်လျှင် (၃) ကြိမ်ခန့်အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းထံမှသိရသည်။

ထိုသို့ကြားသိရစဉ် အဖွားဖြစ်သူမှမြေးမလေးကို သထုံမြို့၊ကျုံပါကျေးရွာရှိကျေးလက်ဆေးပေးခန်းသို့ ၂၀၁၈ ခု၊ဒီဇင်ဘာ (၄ )ရက်နေ့တွင်သွားရောက်ပြသခဲ့ရာမ××××၌ကိုယ်ဝန်ရှိနေကြောင်းသိရ၍ မြေးဖြစ်သူ မ×××××အားအလိုမတူဘဲ (၃)ကြိမ်တိုင်တိုင် ကာမရယူခဲ့သူ မေတ္တာဝါဒီဘုန်းကြီးကျောင်းမှဦးသုမန(၆၁)နှစ်၊အား ဥပဒေအရအရေးယူပေးပါရန် သုဓမ္မဝတီရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဆွမ်းကျန်များသွားယူရာမှ(၁၄)နှစ်အရွယ်မိန်းကလေးအားအဓမ္မပြုကျင့်မှုဖြစ်ပွား 3

အရွယ်မရောက်သေးသောအသက်(၁၄)နှစ်အရွယ်ရှိ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊သရက်တောကျေးရွာ၊အုတ်ဖိုချောင်ဇာတိ ဦးသုမန(၆၁)နှစ်၊ဝါတော်(၁၁)ဝါ၊အား သထုံမြို့၊မြို့နယ်သံဃနာယကအဖွဲ့နှင့်မြို့နယ်သာသနာရေးဦးစီးဌာနတို့မှ သိက္ခာချလူဝတ်လဲစေပြီး

ဦးသုမန(ခ)သက်ဝင်း၊(၆၁)နှစ်အား သုဓမ္မဝတီနယ်မြေရဲစခန်းက ပြစ်မှုအမှတ်(ပ)၃၇၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

source-HTA

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်သား
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top