ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပုသိမ္ခ႐ိုင္ ေခ်ာင္းသာကမ္းေျခတြင္ ဒီဇင္ဘာ ၅ ရက္ နံနက္ ၅ နာရီခန႔္တြင္ ရွားပါးေရသတၱဝါမ်ိဳးစိတ္တစ္ခုျဖစ္သည့္ ေရဝက္ အေသတစ္ေကာင္ လာေရာက္ကမ္းတင္ေနေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ အဆိုပါေန႔တြင္ ေခ်ာင္းသာကမ္းေျခ ေ႐ႊဟသၤာဟိုတယ္ေရွ႕အနီးရွိ ပင္လယ္ကမ္းစပ္ေသာင္ျပင္တြင္ ေရဝက္ အေသတစ္ေကာင္ လာေရာက္ကမ္းတင္လ်က္ရွိေၾကာင္း၊ အဆိုပါေရဝက္မွာ အလ်ား ကိုးေပေက်ာ္ခန႔္ရွိၿပီး အမျဖစ္ေၾကာင္း၊ ယင္း ေရဝက္ေသအား ကမ္းေျခတြင္ပင္ အသားမ်ားဖယ္ထုတ္၍ အ႐ိုးမ်ားကို ငါးဦးစီးဌာနသို႔ အပ္ႏွံခဲ့ေၾကာင္း သိရသည္။

“မနက္ ၅ နာရီေလာက္ေပါ့။ ေ႐ႊဟသၤာနဲ႔ ဧကရာဇ္ဟိုတယ္အၾကား ကမ္းေျခဆင္းနားမွာ ေတြ႕တာ။ ေဒသခံေတြ ေျပာပုံအရဆိုရင္ မုဆိုးလိုက္လို႔ ေသတာမဟုတ္ဘူး။ ေရဝက္ ေတြရဲ႕ သေဘာတရားအရ အခ်င္းခ်င္းတိုက္ ၾကကိုက္ၾကရင္းေသတာ။ အေကာင္က အမ  အလ်ားက ၉ ေပနဲ႔ ၄ လက္မရွိတယ္။ ခန႔္မွန္း ေျခကေတာ့ ပိႆာ ၇၀ ေလာက္ရွိတယ္။  ေသတာက သုံးရက္ေလာက္ရွိၿပီးေတာ့ ေရထဲ ေမ်ာေနရာကေန ေသာင္လာတင္တာ။အေသကိုေတာ့ ငါးလုပ္ငန္းဦးစီးက သူ႔လုပ္ငန္းသေဘာတရားအရ အ႐ိုးကိုယူတယ္။ အသားေတြကေတာ့ ရိ႐ြဲေနၿပီမို႔ ေျမျမႇဳပ္တယ္။ တခ်ိဳ႕ ေဒသခံေတြကေတာ့ အၿမီးပိုင္းက အသား နည္းနည္းကို စားရဲတဲ့သူေတြက ယူတယ္။  အေရျပားေတြကိုေတာ့ ေျမျမႇဳပ္ပစ္လိုက္တယ္” ဟု ေခ်ာင္းသာၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူက ေျပာၾကားသည္။

ေခ်ာင္းသာကမ္းေျခတြင္ ရွားပါးေရ သတၱဝါမ်ား မၾကာခဏ လာေရာက္ကမ္းတင္ ေလ့ရွိၿပီး လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္ကလည္း ေဝလငါးငယ္တစ္ေကာင္ လာေရာက္ကမ္း တင္ခဲ့ေၾကာင္း သိရသည္။
ဖိုးသူေတ္ာ(www.phothutaw.com)
Credit:news-eleven

#Unicode Version#
ပုသိမ်ခရိုင် ချောင်းသာကမ်းခြေတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီခန့်တွင် ရှားပါးရေသတ္တဝါမျိုးစိတ်တစ်ခုဖြစ်သည့် ရေဝက် အသေတစ်ကောင် လာရောက်ကမ်းတင်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ချောင်းသာကမ်းခြေ ရွှေဟင်္သာဟိုတယ်ရှေ့အနီးရှိ ပင်လယ်ကမ်းစပ်သောင်ပြင်တွင် ရေဝက် အသေတစ်ကောင် လာရောက်ကမ်းတင်လျက်ရှိကြောင်း၊ အဆိုပါရေဝက်မှာ အလျား ကိုးပေကျော်ခန့်ရှိပြီး အမဖြစ်ကြောင်း၊ ယင်း ရေဝက်သေအား ကမ်းခြေတွင်ပင် အသားများဖယ်ထုတ်၍ အရိုးများကို ငါးဦးစီးဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

“မနက် ၅ နာရီလောက်ပေါ့။ ရွှေဟင်္သာနဲ့ ဧကရာဇ်ဟိုတယ်အကြား ကမ်းခြေဆင်းနားမှာ တွေ့တာ။ ဒေသခံတွေ ပြောပုံအရဆိုရင် မုဆိုးလိုက်လို့ သေတာမဟုတ်ဘူး။ ရေဝက် တွေရဲ့ သဘောတရားအရ အချင်းချင်းတိုက် ကြကိုက်ကြရင်းသေတာ။ အကောင်က အမ  အလျားက ၉ ပေနဲ့ ၄ လက်မရှိတယ်။ ခန့်မှန်း ခြေကတော့ ပိဿာ ၇၀ လောက်ရှိတယ်။  သေတာက သုံးရက်လောက်ရှိပြီးတော့ ရေထဲ မျောနေရာကနေ သောင်လာတင်တာ။အသေကိုတော့ ငါးလုပ်ငန်းဦးစီးက သူ့လုပ်ငန်းသဘောတရားအရ အရိုးကိုယူတယ်။ အသားတွေကတော့ ရိရွဲနေပြီမို့ မြေမြှုပ်တယ်။ တချို့ ဒေသခံတွေကတော့ အမြီးပိုင်းက အသား နည်းနည်းကို စားရဲတဲ့သူတွေက ယူတယ်။  အရေပြားတွေကိုတော့ မြေမြှုပ်ပစ်လိုက်တယ်” ဟု ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။

ချောင်းသာကမ်းခြေတွင် ရှားပါးရေ သတ္တဝါများ မကြာခဏ လာရောက်ကမ်းတင် လေ့ရှိပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကလည်း ဝေလငါးငယ်တစ်ကောင် လာရောက်ကမ်း တင်ခဲ့ကြောင်း သိရသည်။
ဖိုးသူတေ်ာ(www.phothutaw.com)
Credit:news-eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top