ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





အာဂျင်တီးနားပြည်တွင်းမီဒီယာတို့၏ ဖော်ပြချက်အရ ကျောင်းဆရာ၏ အမည်မှာ ဂျော့ခ်ျ ခရူစီနိုဟု အမည်ရပြီး အသက် ၃၀ အရွယ်ရှိသည်ဟု ဆိုသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:Burmese.asia


#Unicode Version#

အာဂျင်တီးနားနိုင်ငံ၊ ဆန် ဂျူအန်မြို့၊ ဆန်တာ မာတာ မိန်းကလေးကျောင်းတွင် ပညာသင်ယူနေသည့် ၁၅ နှစ်အရွယ် မိန်းကလေးကို ဆရာဖြစ်သူက ကြိမ်ဖန်များစွာ မဖွယ်မရာလုပ်ခဲ့မှုအပေါ် မိန်းကလေး၏ ဖခင်က လက်စားချေခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

စီစီတီဗွီကင်မရာမှတ်တမ်းများအရ မိန်းကလေး၏ ဖခင်သည် အဆိုပါကျောင်းဆရာကို ၁၅ စက္ကန့်အတွင်း လက်သီးဖြင့် ၂၂ ချက်ထိုးခဲ့ပြီးနောက် သမီးနှင့်အတူ လမ်းလျှောက်ထွက်သွားသည်ကို တွေ့ရသည်။

အာဂျင်တီးနားပြည်တွင်းမီဒီယာတို့၏ ဖော်ပြချက်အရ ကျောင်းဆရာ၏ အမည်မှာ ဂျော့ချ် ခရူစီနိုဟု အမည်ရပြီး အသက် ၃၀ အရွယ်ရှိသည်ဟု ဆိုသည်။

စီစီတီဗွီမှတ်တမ်းအတွင်း ကျောင်းဆရာက လက်သီးဒဏ်ကို ကာကွယ်ရန်အတွက် ဦးခေါင်းကို ကာကွယ်ခုခံမှုများ ပြုလုပ်ခဲ့ပုံကိုလည်း တွေ့ရသည်။မိန်းကလေး၏ ဖခင်လည်း ကျောင်းဆရာကို တွေ့မြင်ရချိန်တွင် ဒေါသတကြီးပြေးသွားကာ အချက်ပေါင်းများစွာ ဆွဲထိုးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါကျောင်းဆရာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးဖြစ်သည်ဟု ဆိုသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top