(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


Cassie De Peco ဆိုတဲ့ အမ်ိဳးသမီးဟာ ၂၀၁၇ ခုႏွစ္မွာ ကမာၻလွည့္ ခရီးသြားစံခ်ိန္ကို ပထမဆုံးခ်ိဳးခဲ့တဲ့ အမ်ိဳးသမီး ျဖစ္လာပါတယ္။ သူမဟာ ကမာၻေပၚမွာ ရွိသမွ် ႏိုင္ငံအားလုံးကို တရားဝင္သြားခဲ့တဲ့ ပထမဆုံးအမ်ိဳးတေယာက္ပါ။

အခ်ိန္ ၁၈ လနဲ႔ ၂၆ ရက္ၾကာ ခရီးထြက္ခဲ့ၿပီး ၁၉၆ ႏိုင္ငံလုံးကို လည္ပတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။


Cassie De Peco က ဒီခရီးေတြကိုသြားေရာက္ခဲ့တာဟာ ႏိုင္ငံတကာကို လုံၿခဳံစြာခရီးသြားႏိုင္ေရး သံတမန္ခရီးစဥ္ရဲ႕ အစိတ္အပိုင္း တခုျဖစ္ခဲ့ၿပီး ခရီးရဲ႕ ရည္႐ြယ္ခ်က္ေတြထဲမွာ လုံၿခဳံစြာ ခရီးသြားလာဖို႔နဲ႔ ခရီးသြားရင္း အပင္စိုက္ပ်ိဳးဖို႔ စတာေတြ ပါဝင္ပါတယ္။


“တခ်ိဳ႕ႏိုင္ငံေတြမွာ အပင္စိုက္ခြင့္ရဖို႔ ေတာ္ေတာ္ခက္ခဲပါတယ္။ ဒါေပမယ့္ က်မ တတ္ႏိုင္သေလာက္ အစြမ္းကုန္ ႀကိဳးစားႏိုင္ခဲ့ပါတယ္။ သြားခဲ့သမွ်ႏိုင္ငံေတြမွာ အပင္ေပါင္း ၈၀ ေက်ာ္ စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး အခုဆိုရင္ အပင္ ၅၀၀ ေလာက္ထပ္စိုက္ဖို႔ ႀကိဳးစားေနပါတယ္။ ဆိုေတာ့ ဒါက က်မရဲ႕ ရည္႐ြယ္ခ်က္ပါပဲ” လို႔ သူမက ဆိုပါတယ္။

The International Peace Though Tourism အဖြဲ႕က ဒီလို စိုက္ပ်ိဳးရတာဟာ အဖြဲ႕အစည္းရဲ႕ အက်ိဳးအျမတ္အတြက္ ပါရွိျခင္းမရွိေၾကာင္း ဒီလို ခရီးသြားလာရင္း အပင္စိုက္ပ်ိဳးျခင္းေၾကာင့္ ႏိုင္ငံအခ်င္းခ်င္း စည္းလုံးမႈကို ပိုမိုရရွိႏိုင္ေၾကာင္းနဲ႔ သဘာပတ္ဝန္းက်င္တိုးတက္ဖို႔ ရည္႐ြယ္ေၾကာင္း စတာေတြ ေျပာဆိုခဲ့ပါတယ္။

ဒီလို ခရီးသြားလာရင္း အပင္ စိုက္ပ်ိဳးျခင္းအားျဖင့္ စိမ္းလန္းစိုေျပတဲ့ ေတာေတာင္ေရေျမကို လူသားေတြ အေနနဲ႔ ပိုမို ဖန္တီးလာႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဒီခရီးသြားလာမႈကို ျပဳလုပ္ခဲ့တာ ျဖစ္တယ္ လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

Cassie De Peco ဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသွားစံချိန်ကို ပထမဆုံးချိုးခဲ့တဲ့ အမျိုးသမီး ဖြစ်လာပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံအားလုံးကို တရားဝင်သွားခဲ့တဲ့ ပထမဆုံးအမျိုးတယောက်ပါ။

အချိန် ၁၈ လနဲ့ ၂၆ ရက်ကြာ ခရီးထွက်ခဲ့ပြီး ၁၉၆ နိုင်ငံလုံးကို လည်ပတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


Cassie De Peco က ဒီခရီးတွေကိုသွားရောက်ခဲ့တာဟာ နိုင်ငံတကာကို လုံခြုံစွာခရီးသွားနိုင်ရေး သံတမန်ခရီးစဉ်ရဲ့ အစိတ်အပိုင်း တခုဖြစ်ခဲ့ပြီး ခရီးရဲ့ ရည်ရွယ်ချက်တွေထဲမှာ လုံခြုံစွာ ခရီးသွားလာဖို့နဲ့ ခရီးသွားရင်း အပင်စိုက်ပျိုးဖို့ စတာတွေ ပါဝင်ပါတယ်။


“တချို့နိုင်ငံတွေမှာ အပင်စိုက်ခွင့်ရဖို့ တော်တော်ခက်ခဲပါတယ်။ ဒါပေမယ့် ကျမ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားနိုင်ခဲ့ပါတယ်။ သွားခဲ့သမျှနိုင်ငံတွေမှာ အပင်ပေါင်း ၈၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အခုဆိုရင် အပင် ၅၀၀ လောက်ထပ်စိုက်ဖို့ ကြိုးစားနေပါတယ်။ ဆိုတော့ ဒါက ကျမရဲ့ ရည်ရွယ်ချက်ပါပဲ” လို့ သူမက ဆိုပါတယ်။

The International Peace Though Tourism အဖွဲ့က ဒီလို စိုက်ပျိုးရတာဟာ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်အတွက် ပါရှိခြင်းမရှိကြောင်း ဒီလို ခရီးသွားလာရင်း အပင်စိုက်ပျိုးခြင်းကြောင့် နိုင်ငံအချင်းချင်း စည်းလုံးမှုကို ပိုမိုရရှိနိုင်ကြောင်းနဲ့ သဘာပတ်ဝန်းကျင်တိုးတက်ဖို့ ရည်ရွယ်ကြောင်း စတာတွေ ပြောဆိုခဲ့ပါတယ်။

ဒီလို ခရီးသွားလာရင်း အပင် စိုက်ပျိုးခြင်းအားဖြင့် စိမ်းလန်းစိုပြေတဲ့ တောတောင်ရေမြေကို လူသားတွေ အနေနဲ့ ပိုမို ဖန်တီးလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးသွားလာမှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top