ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျပီးမွာ စပါးအသင္းကို အႏိုင္ရခဲ့တဲ့အေပၚ လူမႈကြန္ယက္မွာပါ အလြန္အကၽြံေအာင္ပြဲခံမႈေတြ ျပဳလုပ္ခဲ့တဲ့ အာဆင္နယ္အသင္းကို စပါးနည္းျပ ပိုခ်က္တီႏိုက ေလွာင္ေျပာင္ေျပာဆိုလိုက္ပါတယ္။ ပိုခ်က္တီႏိုက အာဆင္နယ္အေနနဲ႔ ဆုဖလားေတြ ရရွိခဲ့ရင္ ေအာင္ပြဲခံဖို႔အတြက္ အခုလို ေအာင္ပြဲခံတာေတြကို သို၀ွက္ထားသင့္တယ္လို႔ ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။

အာဆင္နယ္က စပါးကို ၄-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္အသင္းဟာ ကြင္းအတြင္းမွာလည္း အလြန္အမင္းေအာင္ပြဲခံမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ စပါးအသင္းအတြက္ အဲရစ္ဒီယာ ေခ်ပဂိုးျပန္သြင္းခ်ိန္မွာလည္း သူ႔ရဲ႕ ေအာင္ပြဲခံမႈနဲ႔ ပတ္သက္ျပီး နွစ္ဖက္အသင္းၾကား အခ်င္းမာ်းမႈေတြ ျဖစ္ပြားခဲ့ျပီး စပါးနည္းျပ ပိုခ်က္တီႏိုကိုယ္တိုင္ ၀င္ေရာက္ထိန္းသိမ္းခဲ့ရပါတယ္။ ျပီးခဲ့တဲ့ တစ္ပတ္က ခ်ယ္လ္ဆီးကို အႏိုင္ရရွိခဲ့ေပမယ့္လည္း သူ႔အသင္းေတြဟာ ႏွိမ့္ခ်စြာနဲ႔ပဲ ရွိေနခဲ့တယ္လို႔ ပိုခ်က္တီႏိုက ခ်ီးက်ဴးေျပာဆိုခဲ့ပါေသးတယ္။


ပြဲအျပီး အ၀တ္လဲခန္းအတြင္းမွာလည္း အာဆင္နယ္အသင္းက ေအာင္ပြဲခံမႈေတြ ျပဳလုပ္ခဲ့ျပီး ေနာက္ခံလူကိုလာစီနက္က အသင္းလိုက္ ရိုက္ကူးထားတဲ့ ဓာတ္ပုံကို သူ႔ရဲ႕ တြစ္တာအေကာင့္မွာ တင္ထားခဲ့ပါတယ္။ ဒီအေပၚမွာ ပိုခ်က္တီႏိုက အထက္ပါအတိုင္း ေလွာင္ေျပာင္ ေျပာဆိုခဲ့တာ ျဖစ္တယ္လို႔ ESPN သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္တိုက္စစ္မွဴး ေအာ္ဘာမီယန္ဟာလည္း အသင္းသားေတြ ေအာင္ပြဲခံေနတဲ့ ဗီဒီယိုကို သူ႔ရဲ႕ လူမႈကြန္ယက္ျဖစ္တဲ့ အင္စတာဂရမ္ကေန ျပန္လည္မွ်ေ၀ခဲ့ပါေသးတယ္။ ကိုလာစီနက္ကေတာ့ သူတင္ထားခဲ့တဲ့ ဓာတ္ပံုမွာ "K.I.N.G.S of north London" လို႔ေရးသားခဲ့တာပါ။

"ပုဂၢိဳလ္ေရးအရေျပာမယ္ဆို ဒီလိုအျပဳအမူေတြကို ကၽြန္ေတာ္ မႏွစ္သက္ဘူး၊ ဆုဖလားေတြရလို႔ ေအာင္ပြဲခံတာက ရွင္းလင္းပါတယ္၊ ကစားသမားဘ၀တုန္းကလည္း ကၽြန္ေတာ္ အဲဒီလို ေအာင္ပြဲခံခဲ့တာပါ၊ အခု အာဆင္နယ္အသင္းရဲ႕ ေနာက္ကြယ္မွာ ေအာင္ပြဲခံပံုေတြက မွန္လားမွားလား ကၽြန္ေတာ္ မေျပာခ်င္ပါဘူး၊ အသင္းသားေတြ ေအးေဆးစြာေအာင္ပြဲခံတာကို ကၽြန္ေတာ္ သေဘာက်ပါတယ္၊ ဒါေပမယ့္ ဒါေတြကို အမ်ားျမင္ေအာင္ေတာ့ မျပဳလုပ္သင့္ပါဘူး"

"ခင္ဗ်ားအေနနဲ႔ ႏိုင္ပြဲရလို႔ ေအာင္ပြဲခံတယ္၊ ပရိသတ္ေတြကို ခင္ဗ်ားတို႔ ေပ်ာ္ရႊင္တာကို ျပသခ်င္တယ္၊ ဒါက ခမ္းနားမႈတစ္ခုပါ၊ ဒါေပမယ့္ ခင္ဗ်ားအေနနဲ႔ ဆုဖလားရတဲ့အခါ၊ ေအာင္ျမင္မႈၾကီးၾကီးမားမား တစ္ခုခု ရတဲအ့ခါမ်ိဳးမွာ ေအာင္ပြဲခံသင့္တာပါ၊ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္တို႔ရဲ႕ ပြဲအျပီးမွာ ႏွစ္သင္းလံုးက ရမွတ္ (၃၀)စီ ပါပဲ၊ အဆင့္အတူတူမွာ ရပ္တည္ေနျပီး ေနာက္ထပ္ကစားရမယ့္ ပြဲေတြ ရွိေနပါေသးတယ္"


"ဒီေန႔ဆိုရင္ ပံုမွန္ေန႔ေလးတစ္ရက္ပါပဲ၊ လူမႈကြန္ယက္ေပၚမွာ ဘာေတြျဖစ္လဲ ၾကည့္တယ္၊ ကၽြန္ေတာ့္ေခြးေလးနဲ႔ ပန္းျခံထဲသြားတယ္၊ ေခြးေလးနဲ႔ လမ္းေလွ်ာက္တာကို လူေတြသိဖို႔ မွ်ေ၀တာက ဘာမွအေရးၾကီးတာမဟုတ္ပါဘူး၊ နည္းပညာေတြ တိုးတက္လာတာကို ကၽြန္ေတာ္ လက္ခံပါတယ္၊ ဒါေပမယ့္ ဒါေပမယ့္ တတ္ႏိုင္သမွ် မသံုးစြဲျဖစ္ေအာင္ေတာ့ ကၽြန္ေတာ္ ၾကိဳးစားပါတယ္"

"အာဆင္နယ္က အျမဲတမ္း ေတာ့တင္ဟမ္အထက္မွာ ရွိေနခဲ့တာပါ၊ ဒါေပမယ့္ ျပီးခဲ့တဲ့ ေဘာလံုးရာသီ (၂)ရာသီလံုးမွာ ကၽြႏ္ေတာ္တို႔က သူတို႔ရဲ႕ အထက္မွာပါ" လို႔ ပိုခ်က္တီနိုက ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun


#Unicode Version#

မြောက်လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာ စပါးအသင်းကို အနိုင်ရခဲ့တဲ့အပေါ် လူမှုကွန်ယက်မှာပါ အလွန်အကျွံအောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းကို စပါးနည်းပြ ပိုချက်တီနိုက လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။ ပိုချက်တီနိုက အာဆင်နယ်အနေနဲ့ ဆုဖလားတွေ ရရှိခဲ့ရင် အောင်ပွဲခံဖို့အတွက် အခုလို အောင်ပွဲခံတာတွေကို သိုဝှက်ထားသင့်တယ်လို့ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်က စပါးကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ကွင်းအတွင်းမှာလည်း အလွန်အမင်းအောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စပါးအသင်းအတွက် အဲရစ်ဒီယာ ချေပဂိုးပြန်သွင်းချိန်မှာလည်း သူ့ရဲ့ အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်အသင်းကြား အချင်းမာျးမှုတွေ ဖြစ်ပွားခဲ့ပြီး စပါးနည်းပြ ပိုချက်တီနိုကိုယ်တိုင် ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ချယ်လ်ဆီးကို အနိုင်ရရှိခဲ့ပေမယ့်လည်း သူ့အသင်းတွေဟာ နှိမ့်ချစွာနဲ့ပဲ ရှိနေခဲ့တယ်လို့ ပိုချက်တီနိုက ချီးကျူးပြောဆိုခဲ့ပါသေးတယ်။

ပွဲအပြီး အဝတ်လဲခန်းအတွင်းမှာလည်း အာဆင်နယ်အသင်းက အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ခံလူကိုလာစီနက်က အသင်းလိုက် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ်။ ဒီအပေါ်မှာ ပိုချက်တီနိုက အထက်ပါအတိုင်း လှောင်ပြောင် ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ESPN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်ဟာလည်း အသင်းသားတွေ အောင်ပွဲခံနေတဲ့ ဗီဒီယိုကို သူ့ရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ အင်စတာဂရမ်ကနေ ပြန်လည်မျှဝေခဲ့ပါသေးတယ်။ ကိုလာစီနက်ကတော့ သူတင်ထားခဲ့တဲ့ ဓာတ်ပုံမှာ "K.I.N.G.S of north London" လို့ရေးသားခဲ့တာပါ။

 play
Photo : ESPN


"ပုဂ္ဂိုလ်ရေးအရပြောမယ်ဆို ဒီလိုအပြုအမူတွေကို ကျွန်တော် မနှစ်သက်ဘူး၊ ဆုဖလားတွေရလို့ အောင်ပွဲခံတာက ရှင်းလင်းပါတယ်၊ ကစားသမားဘဝတုန်းကလည်း ကျွန်တော် အဲဒီလို အောင်ပွဲခံခဲ့တာပါ၊ အခု အာဆင်နယ်အသင်းရဲ့ နောက်ကွယ်မှာ အောင်ပွဲခံပုံတွေက မှန်လားမှားလား ကျွန်တော် မပြောချင်ပါဘူး၊ အသင်းသားတွေ အေးဆေးစွာအောင်ပွဲခံတာကို ကျွန်တော် သဘောကျပါတယ်၊ ဒါပေမယ့် ဒါတွေကို အများမြင်အောင်တော့ မပြုလုပ်သင့်ပါဘူး"

"ခင်ဗျားအနေနဲ့ နိုင်ပွဲရလို့ အောင်ပွဲခံတယ်၊ ပရိသတ်တွေကို ခင်ဗျားတို့ ပျော်ရွှင်တာကို ပြသချင်တယ်၊ ဒါက ခမ်းနားမှုတစ်ခုပါ၊ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဆုဖလားရတဲ့အခါ၊ အောင်မြင်မှုကြီးကြီးမားမား တစ်ခုခု ရတဲအ့ခါမျိုးမှာ အောင်ပွဲခံသင့်တာပါ၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ရဲ့ ပွဲအပြီးမှာ နှစ်သင်းလုံးက ရမှတ် (၃၀)စီ ပါပဲ၊ အဆင့်အတူတူမှာ ရပ်တည်နေပြီး နောက်ထပ်ကစားရမယ့် ပွဲတွေ ရှိနေပါသေးတယ်"

"ဒီနေ့ဆိုရင် ပုံမှန်နေ့လေးတစ်ရက်ပါပဲ၊ လူမှုကွန်ယက်ပေါ်မှာ ဘာတွေဖြစ်လဲ ကြည့်တယ်၊ ကျွန်တော့်ခွေးလေးနဲ့ ပန်းခြံထဲသွားတယ်၊ ခွေးလေးနဲ့ လမ်းလျှောက်တာကို လူတွေသိဖို့ မျှဝေတာက ဘာမှအရေးကြီးတာမဟုတ်ပါဘူး၊ နည်းပညာတွေ တိုးတက်လာတာကို ကျွန်တော် လက်ခံပါတယ်၊ ဒါပေမယ့် ဒါပေမယ့် တတ်နိုင်သမျှ မသုံးစွဲဖြစ်အောင်တော့ ကျွန်တော် ကြိုးစားပါတယ်"

"အာဆင်နယ်က အမြဲတမ်း တော့တင်ဟမ်အထက်မှာ ရှိနေခဲ့တာပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီလုံးမှာ ကျွန်တော်တို့က သူတို့ရဲ့ အထက်မှာပါ" လို့ ပိုချက်တီနိုက ပြောသွားခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top