ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ဂ်ပန္ႏုိင္ငံကမ္းလြန္မွာ ေကာင္းကင္ယံမွာ ေလာင္စာဆီျဖည့္စဥ္အတြင္း အေမရိကန္စစ္ဘက္ ေလယာဥ္ႏွစ္စင္း ပ်က္က်ခဲ့ၿပီးေနာက္ မရိန္းတပ္သားေျခာက္ဦး ေပ်ာက္ဆုံးေနေၾကာင္း ႏွစ္ႏုိင္ငံလုံးမွ တာဝန္႐ွိသူေတြက AFP သတင္းဌာနကို ေျပာပါတယ္။

ေဒသစံေတာ္ခ်ိန္ ယေန႕ (ဒီဇင္ဘာ ၆ ရက္) မနက္ ၂ နာရီဝန္းက်င္က ျဖစ္ပြားခဲ့တဲ့ မေတာ္တဆမႈမွာ F/A-18 တုိက္ေလယာဥ္နဲ႕ KC-130 သယ္ယူပုိ႕ေဆာင္ေရးနဲ႕ ဆီျဖည့္ေလယာဥ္တုိ႕ ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။ အဆုိပါ ေလယာဥ္ႏွစ္စီးဟာ ေလထဲမွာ ေလာင္စာဆီျဖည့္ေနစဥ္ ပ်က္က်ခဲ့တယ္လို႕ အေမရိကန္မီဒီယာေတြက ေျပာၾကားေပမဲ့ တရားဝင္ အတည္ျပဳျခင္း မ႐ွိေသးပါဘူး။


ေလယာဥ္ႏွစ္စီးဟာ ဂ်ပန္ေတာင္ပုိင္း အိုင္ဝါကူနီၿမဳိ႕႐ွိ မရိန္းတပ္ဖြဲ႕စခန္းကေန ထြက္ခြာလာခဲ့ေၾကာင္းနဲ႕ ေလယာဥ္ႏွစ္စီးေပၚမွာ စုစုေပါင္း အေမရိကန္စစ္ဘက္အမႈထမ္း ခုနစ္ဦးလုိက္ပါသြားတယ္လုိ႕ သိရပါတယ္။ ေလယာဥ္ ပ်က္က်ခဲ့ၿပီးေနာက္ ဂ်ပန္႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕က အသက္႐ွင္သူတစ္ဦးကုိ ကယ္ဆယ္ႏုိင္ခဲ့ေပမဲ့ အျခား ေျခာက္ဦးကေတာ့ ေပ်ာက္ဆုံးေနၿပီး ဆက္လက္ ႐ွာေဖြေနဆဲျဖစ္ပါတယ္။

ယေန႕ ပ်က္က်ခဲ့တဲ့ အေမရိကန္စစ္ဘက္ ေလယာဥ္ႏွစ္စီးအနက္ KC-130 ေလယာဥ္ဟာ C-130 အမ်ဳိးအစားထက္ ခရီးအကြာအေဝး ပိုမုိပ်ံသန္းႏုိင္ၿပီး သယ္ယူပုိ႕ေဆာင္ေရးနဲ႕ ေလထဲမွာပင္ အျခားေလယာဥ္ေတြကို ေလာင္စာဆီျဖည့္ေပးရာမွာ အသုံးျပဳပါတယ္။


ေနာက္တစ္စီးျဖစ္တဲ့ McDonnell Douglas F/A-18 Hornet တုိက္ေလယာဥ္ကေတာ့ ဒုံးက်ည္နဲ႕ဗုံးမ်ား သယ္ေဆာင္ကာ ခရီး႐ွည္ပ်ံသန္းၿပီး ေလေၾကာင္းတုိက္ခိုက္မႈေတြ ျပဳလုပ္ႏုိင္ပါတယ္။ ဂ်ပန္ႏုိင္ငံမွာ အေမရိကန္တပ္ဖြဲ႕ဝင္ ၅၀,၀၀၀ ေက်ာ္ တပ္စြဲထားၿပီး ၎တုိ႕အနက္ ၁၈,၀၀၀ ေက်ာ္ဟာ မရိန္းတပ္ဖြဲ႕ဝင္ေတြ ျဖစ္တယ္လုိ႕ BBC သတင္းမွာ ေဖာ္ျပပါတယ္။

ဂ်ပန္မွာ အေမရိကန္ေလယာဥ္ေတြ စိတ္ခ်ရမႈနဲ႕ ပတ္သက္ၿပီး အေမရိကန္အေနနဲ႕ ျပႆနာမ်ား ႀကဳံေနခဲ့ရပါတယ္။ ႏုိဝင္ဘာလအတြင္းကလည္း အုိကီနာဝါကၽြန္းေတာင္ဘက္ ပင္လယ္ျပင္မွာ F/A-18 Hornet တုိက္ေလယာဥ္တစ္စီး ပ်က္က်ခဲ့ၿပီး ေလယာဥ္မွဴးႏွစ္ဦး အေရးေပၚခုန္ထြက္ႏုိင္ခဲ့ၿပီး ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။


ယမန္ႏွစ္ ဒီဇင္ဘာလအတြင္းမွာေတာ့ အေမရိကန္ စစ္ဘက္ရဟတ္ယာဥ္တစ္စီး အုိကီနာဝါ႐ွိ စာသင္ေက်ာင္းေပၚကုိ ပ်က္က်ခဲ့ရာ ေဒသခံေတြနဲ႕ တင္းမာမႈေတြ ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္း ဂ်ပန္မွာ အေမရိကန္တပ္ဖြဲ႕နဲ႕ ပတ္သက္ေနတဲ့ မေတာ္တဆမႈေတြနဲ႕ ရာဇဝတ္မႈေတြ ျဖစ္ပြားခဲ့ရာ အုိကီနာဝါမွာ အေမရိကန္စစ္စခန္း ထား႐ွိမႈအေပၚ ေဒသခံေတြရဲ႕ ကန္႕ကြက္မႈေတြ ျမင့္တက္လာေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ဂျပန်နိုင်ငံကမ်းလွန်မှာ ကောင်းကင်ယံမှာ လောင်စာဆီဖြည့်စဉ်အတွင်း အမေရိကန်စစ်ဘက် လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီးနောက် မရိန်းတပ်သားခြောက်ဦး ပျောက်ဆုံးနေကြောင်း နှစ်နိုင်ငံလုံးမှ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။

ဒေသစံတော်ချိန် ယနေ့ (ဒီဇင်ဘာ ၆ ရက်) မနက် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ F/A-18 တိုက်လေယာဉ်နဲ့ KC-130 သယ်ယူပို့ဆောင်ရေးနဲ့ ဆီဖြည့်လေယာဉ်တို့ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်နှစ်စီးဟာ လေထဲမှာ လောင်စာဆီဖြည့်နေစဉ် ပျက်ကျခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ပြောကြားပေမဲ့ တရားဝင် အတည်ပြုခြင်း မရှိသေးပါဘူး။

လေယာဉ်နှစ်စီးဟာ ဂျပန်တောင်ပိုင်း အိုင်ဝါကူနီမြို့ရှိ မရိန်းတပ်ဖွဲ့စခန်းကနေ ထွက်ခွာလာခဲ့ကြောင်းနဲ့ လေယာဉ်နှစ်စီးပေါ်မှာ စုစုပေါင်း အမေရိကန်စစ်ဘက်အမှုထမ်း ခုနစ်ဦးလိုက်ပါသွားတယ်လို့ သိရပါတယ်။ လေယာဉ် ပျက်ကျခဲ့ပြီးနောက် ဂျပန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်သူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အခြား ခြောက်ဦးကတော့ ပျောက်ဆုံးနေပြီး ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

ယနေ့ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်ဘက် လေယာဉ်နှစ်စီးအနက် KC-130 လေယာဉ်ဟာ C-130 အမျိုးအစားထက် ခရီးအကွာအဝေး ပိုမိုပျံသန်းနိုင်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ လေထဲမှာပင် အခြားလေယာဉ်တွေကို လောင်စာဆီဖြည့်ပေးရာမှာ အသုံးပြုပါတယ်။

နောက်တစ်စီးဖြစ်တဲ့ McDonnell Douglas F/A-18 Hornet တိုက်လေယာဉ်ကတော့ ဒုံးကျည်နဲ့ဗုံးများ သယ်ဆောင်ကာ ခရီးရှည်ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော် တပ်စွဲထားပြီး ၎င်းတို့အနက် ၁၈,၀၀၀ ကျော်ဟာ မရိန်းတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်မှာ အမေရိကန်လေယာဉ်တွေ စိတ်ချရမှုနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ ပြဿနာများ ကြုံနေခဲ့ရပါတယ်။ နိုဝင်ဘာလအတွင်းကလည်း အိုကီနာဝါကျွန်းတောင်ဘက် ပင်လယ်ပြင်မှာ F/A-18 Hornet တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦး အရေးပေါ်ခုန်ထွက်နိုင်ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းမှာတော့ အမေရိကန် စစ်ဘက်ရဟတ်ယာဉ်တစ်စီး အိုကီနာဝါရှိ စာသင်ကျောင်းပေါ်ကို ပျက်ကျခဲ့ရာ ဒေသခံတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်း ဂျပန်မှာ အမေရိကန်တပ်ဖွဲ့နဲ့ ပတ်သက်နေတဲ့ မတော်တဆမှုတွေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ရာ အိုကီနာဝါမှာ အမေရိကန်စစ်စခန်း ထားရှိမှုအပေါ် ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ မြင့်တက်လာကြောင်း သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top