ဆရာ ကြတယ်လား ? ( Sorry ) ပါ ။
အထာကျတယ်လား ? ( Sorry ) ပါ ။
Credit: PHK
# Unicode Version ဖြင့် ဖတ်ပါ #
အပြောအဆိုတွေက ထဘီထဲကမထွက်ဘူး ။
ကိုယ့်နှုတ်ထွက်စကား ညစ်ညမ်းမှ အထာကျတယ်ထင်နေကြတယ် ။
ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားတာ ဘယ်ယောက်ျားမှလဲ ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး ။
အနားမှာ အားပေးတဲ့သူ ရှိကောင်းရှိလိမ့်မယ် ။ ဝိုင်းပီး မြှောက်ပေးနေတဲ့သူ ရှိကောင်းရှိလိမ့်မယ် ။
ကိုယ်ပေါင်းတဲ့တစ်ခြားသူတွေကလည်း အဲ့ဒီလို အသုံးအနှုန်းလောက်ကို အရမ်းဂေါ်တယ်လို့ တစ်လွဲတွေးနေတဲ့သူတွေ ဖြစ်လိမ့်မယ် ။
ဒီလို အောက်လုံးတွေပြောနေတဲ့ မိန်းကလေးက အလွယ်ရမယ်ဆိုတာ ယောက်ျားတိုင်း သိတယ် ။
ဘာရရ စားမယ် ဆိုတဲ့ကောင်တွေလောက်ဘဲ ရလိမ့်မယ် ။ ဒါကို ဆရာကြတယ်ထင်ရင် ညီလေးတို့ မှားလိမ့်မယ် ။
သုတ်ကြောင်တွေကလွဲရင် နှုတ်ရိုင်းတဲ့မိန်းကလေး ဘယ်သူမှ အထင်မကြီးပါ ။
ဆရာ ကြတယ်လား ? ( Sorry ) ပါ ။
သနားစရာကလေးတွေလို့ဘဲ မြင်တယ် ။ ရုပ်ကလေးတွေနဲ့မှမလိုက် ပေါက်ကရ အသူံးအနှုန်းတွေနဲ့
ကိုယ့်သိက္ခာကို ချနင်းနေတာ မမြင်ကြဘူး ။
အထာကျတယ်လား ? ( Sorry ) ပါ ။
လမ်းဘေးမှာ ပန်းရောင်းတဲ့ကလေးတောင် ယဉ်ကျေးမှုဆိုတာ နားလည်တယ် ။ ကိုယ့်တန်းဖိုးကိုယ်သိပါ ။
လမ်းဘေးအဆင့်တောင် မရှိဘူးဆိုတာ ! အရမ်းတွေ ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ် ။
ကိုယ့်အဖေ ၊ ကိုယ့်အမေ သိက္ခာ ပြန်စဉ်းစားတတ်ရင် ဒီကလေးဟာ … ။
( Facebook ) မှာ ရိုင်းစိုင်းတဲ့စကားတွေနဲ့ ဂေါ်လီလုပ်မှာမဟုတ်ဘူး ။ အဖြေက ရှင်းရှင်းလေး … ။
တန်ဖိုးဆိုတာ ရှင်းပြလဲနားလည်မှာမဟုတ်ဘူး ။ တန်ဖိုးဆိုတာ မသိရင် … ။
သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ကိုကြည့်ပါ ။ သူ့ရဲ့ ပတ်ဝန်းကျင်ကိုကြည့်ပါ ။
သူ့ကိုပိုင်ဆိုင်ထားတဲ့ကောင်လေးရဲ့ ဆက်ဆံပုံကိုကြည့်ပါ ။ သူ့အပြောအဆို ၊ သူ့နေထိုင်ပုံ ကိုယ်နဲ့ယှဉ်ကြည့်ပါ ။ မင်းကိုယ်မင်း သိမ်ငယ်လာလိမ့်မယ် ။
အတုယူမှားရင် ပြင်ပါ ။ ကိုယ်ထက်ရင့်ကျက်တဲ့သူတွေနဲ့ ပေါင်းပါ ။ အရိုင်းအစိုင်းတောထဲကနေ အပြင် အလင်းကိုထွက်ကြည့်ပါ ။
ကိုယ့်တန်ဖိုးကိုယ် နားလည်တတ်ပါစေ ။ နောင်တဆိုတာ နောက်ကျသွားရင် … ။
” ဒီစော်ကလွယ်လွယ်လေးပါ ” ဆိုတဲ့စကား … ။ တစ်သက်လုံး မင်းနာမည် နောက်တွဲလုံးဖြစ်သွားလိမ့်မယ် ။
မုန်းလည်း မတတ်နိုင်ဘူး ။ ပြင်စေချင်တာ အမှန်ပဲ ။
ဖိုးသူတော် (www.phothutaw.com)
Credit: PHK