(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×

အသတ်ခံရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားလေးအတွက် သက်ဆိုင်အာဏာပိုင်များသို့ ကျောင်းသား ကျောင်းသူများ၏ သဘောထားကို ပြသ 6
အသတ်ခံရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားလေးအတွက်
အသတ်ခံရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားလေးအတွက် သက်ဆိုင်အာဏာပိုင်များသို့ ကျောင်းသား ကျောင်းသူများ၏ သဘောထားကို ပြသ 8
အသတ်ခံရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားလေးအတွက် သက်ဆိုင်အာဏာပိုင်များသို့ ကျောင်းသား ကျောင်းသူများ၏ သဘောထားကို ပြသ 10
အသတ်ခံရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားလေးအတွက်



ဖိုးသူတော်(www.phothutaw.com)
Yatanarpon Cyber City

#Unicode Version#
ကွယ်လွန်သူ ကျောင်းသား ရည်စူး၍ ယနေ့ နေ့လည်တွင် အခင်းဖြစ်ပွားခဲ့ရာ နေရာ၌ နည်းပညာ တက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီး ) ကျောင်းသား ကျောင်းသူများမှ ဝမ်းနည်းကြောင်း အထိမ်းအမှတ်နှင့် ဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စာပေအသင်းမှ ကွယ်လွန်သူ ကျောင်းသားအတွက် ရေးစပ်ထားသော ကဗျာအား ရွတ်ဖတ်ခဲ့ပြီး ခတ္တငြိမ်သက် ဆုတောင်းခဲ့ပါသည်။

ယခု ပြုလုပ်သော ဆုတောင်းပွဲသည် ကွယ်လွန်သူ ကျောင်းသားအတွက် ပြုလုပ်ခြင်းဖြစ်သည့်အပြင် တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး၊ ယခုကဲ့သို့သော အကြမ်းဖက်လုယက်မှု ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေးအတွက် သက်ဆိုင်အာဏာပိုင်များသို့ ကျွန်တော်တို့ ကျောင်းသား ကျောင်းသူများ၏ သဘောထားကို ပြသတဲ့ပွဲလည်းဖြစ်ပါသည်။

သဘောထားကြေညာချက်တွင်ပါရှိသည့်အတိုင်း ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်လည်း ထပ်လောင်း တိုက်တွန်း တောင်းဆိုလိုက်သည်။

သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဆောင်ရွက်မှုများကိုလည်း ကျွန်တော်တို့ ကျောင်းသား ကျောင်းသူများမှ စောင့်ကြည့်လျက်ရှိပါသည်။


ကွယ်လွန်သူကျောင်းသားအား မိဘများ၏ ဆန္ဒအရ နေရပ်သို့ ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်သည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:University of Technology
Yatanarpon Cyber City


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top