(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မခ်စ္ပိုဆိုသည္မွာ အရပ္က ၅ေပ၃လက္မ၊ အသားက မျဖဴမညိဳႏွင့္ ၾကည့္ေကာင္းသည့္အထဲမွာပါတယ္။ သူမရဲ႕ ေမြးခုႏွစ္က ၁၉၀၇ခု။ ေမြးရပ္ဇာတိက ထားဝယ္ျမိဳ႕ျဖစ္ျပီး ေမျမိဳ႕မွာ အိမ္ေထာင္က်ခဲ့ပါတယ္။ အိမ္ေထာင္ဖက္က တပ္ထဲမွာ ထမင္းခ်က္တာဝန္ယူရတဲ့ တပ္ၾကပ္ကိုလွေမာင္ျဖစ္တယ္။

မႏၱေလးျမိဳ႔ကို ရန္သူ႔လက္က ျပန္ယူနိုင္တဲ႔ေန႔က က်ဆံုးခဲ႔သူ ....သူရမခ်စ္ပို၏ ဂူသခ်ိဳၤင္း 2

၁၉၄၉ခု၊ ေဖေဖာ္ဝါရီလ ၂၁ရက္မွာ ေမျမိဳ႕ကို K.N.D.O အဖြဲ႕က ဝင္သိမ္းတယ္။ တပ္မေတာ္နဲ႔ K.N.D.O အဖြဲ႕ၾကား တိုက္ပြဲေတြ ခပ္စိပ္စိပ္ ျဖစ္ေနတာ။ ထမင္းခ်က္ကိုလွေမာင္လဲ မေနသာေတာ့ဘူး။ ေရွ႕တန္းထြက္တိုက္ရတယ္။

တစ္ၾကိမ္မွာ ကိုလွေမာင္ ေသနတ္ဒဏ္ရာနဲ႔ ျပန္ေရာက္လာတယ္။ မခ်စ္ပိုဟာ လင္ေယာက်ာ္းအတြက္ မခံမရပ္ႏိုင္ျဖစ္ကာ သူကိုယ္တိုင္ တိုက္ပြဲေတြထဲ ပါဝင္ဖို႔ ဆံုးျဖတ္လိုက္တယ္။

အထက္လူၾကီးေတြက မခ်စ္ပိုကို ရန္သူ႔တပ္ကို ေထာက္လွမ္းဖို႔ တာဝန္ေပးတယ္။ အဲ့သည့္အခ်ိန္တုန္းက B.E တပ္ကုန္းဘက္ကို ထြက္လာတဲ့ ေယာက်ာ္းမွန္သမွ်ကို K.N.D.O အဖြဲ႕က ဖမ္းဆီးတာ၊ ပစ္ခတ္တာေတြ လုပ္တယ္။

အမ်ိဳးသမီးေတြကေတာ့ ဟိုဘက္သည္ဘက္ကူးျပီး ေစ်းေရာင္းၾကတာမို႔ ခြင့္ျပဳထားတယ္။ မခ်စ္ပိုဟာ ႏြားတစ္အုပ္ကို ေက်ာင္းရင္း ႏြားေက်ာင္းသူ ေယာင္ေဆာင္ကာ ရန္သူ႔စခန္းအေျခအေနကို ေထာက္လွမ္းေတာ့တာပဲ။

မႏၱေလးျမိဳ႔ကို ရန္သူ႔လက္က ျပန္ယူနိုင္တဲ႔ေန႔က က်ဆံုးခဲ႔သူ ....သူရမခ်စ္ပို၏ ဂူသခ်ိဳၤင္း 3

ဓားေျမာင္တစ္လက္ကို ကိုယ္ႏွင့္မကြာ ေဆာင္ထားတတ္တယ္။ ခင္ပြန္းျဖစ္သူက လက္ပစ္ဗံုးပစ္နည္း သင္ေပးထားေတာ့ လက္ပစ္ဗံုးေတြလည္း ေဆာင္သြားတတ္တယ္။

ရန္သူ႔လက္နက္ၾကီးေနရာေတြ၊ စက္ေသနတ္ခ်တဲ့ေနရာေတြကို မွတ္သားခဲ့တယ္။ တစ္ခါတေလ ရန္သူ သံုး၊ ေလးဦးတည္း ရိွေနတာမ်ိဳးနဲ႔ၾကံဳရင္ လက္ပစ္ဗံုးနဲ႔ ထုထည့္လိုက္ေတာ့တာပါပဲ။

လက္ပစ္ဗံုးကို ေနရာတိုင္းမွာ သံုးရတာ အဆင္မေျပတဲ့အတြက္ ေနာက္ပိုင္းမွာ ေသနတ္ကိုင္ခြင့္ ေတာင္းခဲ့ပါတယ္တဲ့။

မခ်စ္ပိုရဲ႕ ေထာက္လွမ္းေရးသတင္းေတြေၾကာင့္ ေအာင္ပြဲေတြ ဆက္လာခဲ့တယ္။ ေထာက္ပံ့ေရးကုန္းကို ဝင္စီးတဲ့ညတုိက္ပြဲမွာ မခ်စ္ပိုလဲ လိုက္ပါလာတယ္။ ထိုတိုက္ပြဲမွာ မခ်စ္ပိုဟာ ရန္သူ႔အဖြဲ႕ထဲ လက္ပစ္ဗံုးဝင္ပစ္ျပီး အျပန္မွာ ဝမ္းဗိုက္ကို က်ည္မွန္သြားတယ္။

မခ်စ္ပိုကို ျမိဳ႕ထဲသို႔ ျပန္သယ္ခ်လာျပီး နယူးေဆးတိုက္မွ ဆရာဝန္ ေဒါက္တာဘရွင္နဲ႔ တိတ္တဆိတ္ ခြဲစိတ္ကုသခဲ့ရတယ္။ ဒဏ္ရာက ၁၅ခ်က္ေတာင္ ခ်ဳပ္ရတယ္တဲ့။ ဒဏ္ရာေကာင္းေကာင္း မေပ်ာက္ခင္မွာဘဲ မခ်စ္ပိုဟာ ေဆးရံုးကဆင္းျပီး ဦးၾကြယ္အိမ္မွာ ပုန္းခိုေနတယ္။

ထံုးဘိုရပ္ထဲမွာ မခ်စ္ပုဆိုတဲ့ အမ်ိဳးသမီးတစ္ဦးလည္း ေနထိုင္တယ္။ မခ်စ္ပုရဲ႕ ေယာက်ာ္းက K.N.D.O အဖြဲ႕ဝင္ ေစာဘစံတဲ့။ မခ်စ္ပုဟာ တပ္မေတာ္ဘက္က ေထာက္လွမ္းေရးအမ်ိဳးသမီးသတင္းကို စံုစမ္းေနခဲ့တာ။

မႏၱေလးျမိဳ႔ကို ရန္သူ႔လက္က ျပန္ယူနိုင္တဲ႔ေန႔က က်ဆံုးခဲ႔သူ ....သူရမခ်စ္ပို၏ ဂူသခ်ိဳၤင္း 4

မခ်စ္ပိုရဲ႕ သရုပ္မွန္ကို သိသြားေတာ့တယ္။ မခ်စ္ပုရဲ႕ ကင္းေထာက္ခ်မႈေၾကာင့္ K.N.D.O အဖြဲ႕ဝင္ေတြ ဦးၾကြယ္အိမ္ကို လိုက္လာျပီး မခ်စ္ပိုကို ဖမ္းသြားၾကတယ္။ မခ်စ္ပိုဟာ ဓားေျမာင္တစ္ေခ်ာင္းကို ဝွက္ယူသြားခဲ့ေသးတယ္။

မခ်စ္ပို အဖမ္းခံေနရခ်ိန္မွာ အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္ေတြ ေမျမိဳ႕မွာ မရိွၾကေတာ့ဘူး။ အမိန္႔အရ မႏၱေလးကို တပ္ဆုတ္သြားၾကျပီ။ ကတိုက္ကရိုက္အေျခအေနမို႔ တပ္သားေတြရဲ႕ မိသားစုဝင္ေတြကေတာ့ ေမျမိဳ႕မွာ ပုန္းခိုျပီး က်န္ခဲ့ၾကရတယ္။

မခ်စ္ပိုကို ေစာဘစံက သူ႔မယာ မခ်စ္ပုအိမ္ကို ဖမ္းေခၚလာခဲ့တာ။ ေစာဘစံဟာ မခ်စ္ပိုကို ဖမ္းခ်ဳပ္ျပီး အံသြားေတြကို ဓားျဖင့္ ကန္႔လန္႔ထုတ္ပစ္တယ္။ မခ်စ္ပိုမွာ အံပြားတစ္ေခ်ာင္း အပိုပါလာတယ္။

အံပြားအစြမ္းနဲ႔ ခုလို အစြမ္းထက္ေနတာလို႔ ေစာဘစံက ယံုၾကည္တယ္။ ဒါ့ေၾကာင့္ အံပြားကိုပါ မရမက ဓားနဲ႔ခြဲထုတ္ပစ္တယ္။ မခ်စ္ပိုဟာ သူ႔အံသြားကို ဓားနဲ႔ခြဲထုတ္တဲ့သူေတြကို သူ႔ရဲ႕ဓားေျမာင္နဲ႔ တိုက္ခိုက္ခဲ့ပါေသးတယ္။

သူ႔ရဲ႕ ေနာက္ဆံုးအခ်ိန္မွာေတာင္ ရန္သူကို အေဖာ္ေခၚသြားဝံ့တယ္။ တကယ့္အာဂ အမ်ိဳးသမီးပါပဲ။

မႏၱေလးျမိဳ႔ကို ရန္သူ႔လက္က ျပန္ယူနိုင္တဲ႔ေန႔က က်ဆံုးခဲ႔သူ ....သူရမခ်စ္ပို၏ ဂူသခ်ိဳၤင္း 5

ေစာဘစံဟာ သူ႔လူေတြ ထိကုန္ေတာ့ ေဒါသထြက္ကာ မခ်စ္ပိုကို ေသနတ္နဲ႔ ပစ္သတ္တယ္။ မခ်စ္ပိုတစ္ေယာက္ ဘယ္ေလာက္ေတာင္ အသက္ျပင္းသလဲဆိုရင္ သည္ေလာက္ဒဏ္ရာၾကီးမားေနတာေတာင္ ေတာ္ေတာ္နဲ႔ မေသႏိုင္ဘူးတဲ့။

အသက္ထြက္သြားမွ ေစာဘစံဟာ မခ်စ္ပိုအေလာင္းကို ေရတြင္းထဲ ပစ္ခ်ေစတယ္။ ပိုေသခ်ာေအာင္ အေပၚကေန အုတ္ခဲက်ိဳးေတြ၊ ပန္းအိုးကြဲေတြနဲ႔ပါ ဖို႔လိုုက္ေသးတယ္။

သူမ က်ဆံုးတဲ့ေန႔က ၁၉၄၉ခု၊ ဧျပီလ ၈ရက္ေန႔။ မွတ္မွတ္ရရ အဲ့သည့္ေန႔မွာပဲ ေျမာက္ပိုင္းစစ္ဌာနခ်ဳပ္ဟာ မႏၱေလးကို ရန္သူ႔လက္ကေန ျပန္သိမ္းႏိုင္ခဲ့တဲ့အတြက္ ျမိဳ႕သိမ္းေအာင္ပြဲ အခမ္းအနား လုပ္ေနတဲ့ေန႔ေပါ့။

ဧျပီ ၂ရက္ေန႔မွာ မႏၱေလးေတာင္ကို ျပန္ရျပီး ဧျပီ ၆ရက္ေန႔မွာ နန္းေတာ္ကို သိမ္းႏိုင္ခဲ့တယ္။ ဒါေတြကို မခ်စ္ပိုတစ္ေယာက္ မသိသြားခဲ့ရွာဘူး။ မခ်စ္ပိုရဲ႕အေလာင္းကို ေသဆံုးျပီး တစ္ပတ္အတြင္း ျပန္ေဖာ္ခဲ့တယ္။

မႏၱေလးျမိဳ႔ကို ရန္သူ႔လက္က ျပန္ယူနိုင္တဲ႔ေန႔က က်ဆံုးခဲ႔သူ ....သူရမခ်စ္ပို၏ ဂူသခ်ိဳၤင္း 6

ထိုႏွစ္ စက္တင္ဘာလ ၁၆ရက္ေန႔မွာ စစ္ေရးအခမ္းအနားျဖင့္ သျဂိဳၤဟ္ေပးခဲ့ပါတယ္။

မခ်စ္ပိုဟာ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္ကခ်ီးျမင့္ေသာ သူရဘြဲ႕ကို ရထားတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသမီး ျဖစ္တယ္။ သမိုင္းလက္ဆင့္ကမ္းမႈေတြ နည္းပါးလာသည္ႏွင့္အမွ် သူရမခ်စ္ပိုအုတ္ဂူအေၾကာင္း မသိေသးတဲ့လူေတြ မ်ားလာေတာ့တယ္။

အေျခအေန ဘယ္ေလာက္ေတာင္ ဆိုးလာသလဲဆိုရင္ သူရမခ်စ္ပိုရဲ႕ အုတ္ဂူကို ျမိဳ႕ထဲမွာရိွေနလို႔ဆိုျပီး ျမိဳ႕ျပင္ ေရႊ႕ပစ္ဖို႔အထိေတာင္ ၾကံစည္ေနသူေတြ ရိွလာခဲ့တယ္ေလ။

Photo by Ko Kyaw Kyaw Naing

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရန္​နိုင္​ေဆြ
# Unicode Version ျဖင့္ ဖတ္ပါ #
မချစ်ပိုဆိုသည်မှာ အရပ်က ၅ပေ၃လက်မ၊ အသားက မဖြူမညိုနှင့် ကြည့်ကောင်းသည့်အထဲမှာပါတယ်။ သူမရဲ့ မွေးခုနှစ်က ၁၉၀၇ခု။ မွေးရပ်ဇာတိက ထားဝယ်မြို့ဖြစ်ပြီး မေမြို့မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ဖက်က တပ်ထဲမှာ ထမင်းချက်တာဝန်ယူရတဲ့ တပ်ကြပ်ကိုလှမောင်ဖြစ်တယ်။

မန္တလေးမြို့ကို ရန်သူ့လက်က ပြန်ယူနိုင်တဲ့နေ့က ကျဆုံးခဲ့သူ ....သူရမချစ်ပို၏ ဂူသချိုၤင်း 2

၁၉၄၉ခု၊ ဖေဖော်ဝါရီလ ၂၁ရက်မှာ မေမြို့ကို K.N.D.O အဖွဲ့က ဝင်သိမ်းတယ်။ တပ်မတော်နဲ့ K.N.D.O အဖွဲ့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတာ။ ထမင်းချက်ကိုလှမောင်လဲ မနေသာတော့ဘူး။ ရှေ့တန်းထွက်တိုက်ရတယ်။

တစ်ကြိမ်မှာ ကိုလှမောင် သေနတ်ဒဏ်ရာနဲ့ ပြန်ရောက်လာတယ်။ မချစ်ပိုဟာ လင်ယောကျာ်းအတွက် မခံမရပ်နိုင်ဖြစ်ကာ သူကိုယ်တိုင် တိုက်ပွဲတွေထဲ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အထက်လူကြီးတွေက မချစ်ပိုကို ရန်သူ့တပ်ကို ထောက်လှမ်းဖို့ တာဝန်ပေးတယ်။ အဲ့သည့်အချိန်တုန်းက B.E တပ်ကုန်းဘက်ကို ထွက်လာတဲ့ ယောကျာ်းမှန်သမျှကို K.N.D.O အဖွဲ့က ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ လုပ်တယ်။

အမျိုးသမီးတွေကတော့ ဟိုဘက်သည်ဘက်ကူးပြီး ဈေးရောင်းကြတာမို့ ခွင့်ပြုထားတယ်။ မချစ်ပိုဟာ နွားတစ်အုပ်ကို ကျောင်းရင်း နွားကျောင်းသူ ယောင်ဆောင်ကာ ရန်သူ့စခန်းအခြေအနေကို ထောက်လှမ်းတော့တာပဲ။

မန္တလေးမြို့ကို ရန်သူ့လက်က ပြန်ယူနိုင်တဲ့နေ့က ကျဆုံးခဲ့သူ ....သူရမချစ်ပို၏ ဂူသချိုၤင်း 3

ဓားမြောင်တစ်လက်ကို ကိုယ်နှင့်မကွာ ဆောင်ထားတတ်တယ်။ ခင်ပွန်းဖြစ်သူက လက်ပစ်ဗုံးပစ်နည်း သင်ပေးထားတော့ လက်ပစ်ဗုံးတွေလည်း ဆောင်သွားတတ်တယ်။

ရန်သူ့လက်နက်ကြီးနေရာတွေ၊ စက်သေနတ်ချတဲ့နေရာတွေကို မှတ်သားခဲ့တယ်။ တစ်ခါတလေ ရန်သူ သုံး၊ လေးဦးတည်း ရှိနေတာမျိုးနဲ့ကြုံရင် လက်ပစ်ဗုံးနဲ့ ထုထည့်လိုက်တော့တာပါပဲ။

လက်ပစ်ဗုံးကို နေရာတိုင်းမှာ သုံးရတာ အဆင်မပြေတဲ့အတွက် နောက်ပိုင်းမှာ သေနတ်ကိုင်ခွင့် တောင်းခဲ့ပါတယ်တဲ့။

မချစ်ပိုရဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့် အောင်ပွဲတွေ ဆက်လာခဲ့တယ်။ ထောက်ပံ့ရေးကုန်းကို ဝင်စီးတဲ့ညတိုက်ပွဲမှာ မချစ်ပိုလဲ လိုက်ပါလာတယ်။ ထိုတိုက်ပွဲမှာ မချစ်ပိုဟာ ရန်သူ့အဖွဲ့ထဲ လက်ပစ်ဗုံးဝင်ပစ်ပြီး အပြန်မှာ ဝမ်းဗိုက်ကို ကျည်မှန်သွားတယ်။

မချစ်ပိုကို မြို့ထဲသို့ ပြန်သယ်ချလာပြီး နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင်နဲ့ တိတ်တဆိတ် ခွဲစိတ်ကုသခဲ့ရတယ်။ ဒဏ်ရာက ၁၅ချက်တောင် ချုပ်ရတယ်တဲ့။ ဒဏ်ရာကောင်းကောင်း မပျောက်ခင်မှာဘဲ မချစ်ပိုဟာ ဆေးရုံးကဆင်းပြီး ဦးကြွယ်အိမ်မှာ ပုန်းခိုနေတယ်။

ထုံးဘိုရပ်ထဲမှာ မချစ်ပုဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း နေထိုင်တယ်။ မချစ်ပုရဲ့ ယောကျာ်းက K.N.D.O အဖွဲ့ဝင် စောဘစံတဲ့။ မချစ်ပုဟာ တပ်မတော်ဘက်က ထောက်လှမ်းရေးအမျိုးသမီးသတင်းကို စုံစမ်းနေခဲ့တာ။

မန္တလေးမြို့ကို ရန်သူ့လက်က ပြန်ယူနိုင်တဲ့နေ့က ကျဆုံးခဲ့သူ ....သူရမချစ်ပို၏ ဂူသချိုၤင်း 4

မချစ်ပိုရဲ့ သရုပ်မှန်ကို သိသွားတော့တယ်။ မချစ်ပုရဲ့ ကင်းထောက်ချမှုကြောင့် K.N.D.O အဖွဲ့ဝင်တွေ ဦးကြွယ်အိမ်ကို လိုက်လာပြီး မချစ်ပိုကို ဖမ်းသွားကြတယ်။ မချစ်ပိုဟာ ဓားမြောင်တစ်ချောင်းကို ဝှက်ယူသွားခဲ့သေးတယ်။

မချစ်ပို အဖမ်းခံနေရချိန်မှာ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေ မေမြို့မှာ မရှိကြတော့ဘူး။ အမိန့်အရ မန္တလေးကို တပ်ဆုတ်သွားကြပြီ။ ကတိုက်ကရိုက်အခြေအနေမို့ တပ်သားတွေရဲ့ မိသားစုဝင်တွေကတော့ မေမြို့မှာ ပုန်းခိုပြီး ကျန်ခဲ့ကြရတယ်။

မချစ်ပိုကို စောဘစံက သူ့မယာ မချစ်ပုအိမ်ကို ဖမ်းခေါ်လာခဲ့တာ။ စောဘစံဟာ မချစ်ပိုကို ဖမ်းချုပ်ပြီး အံသွားတွေကို ဓားဖြင့် ကန့်လန့်ထုတ်ပစ်တယ်။ မချစ်ပိုမှာ အံပွားတစ်ချောင်း အပိုပါလာတယ်။

အံပွားအစွမ်းနဲ့ ခုလို အစွမ်းထက်နေတာလို့ စောဘစံက ယုံကြည်တယ်။ ဒါ့ကြောင့် အံပွားကိုပါ မရမက ဓားနဲ့ခွဲထုတ်ပစ်တယ်။ မချစ်ပိုဟာ သူ့အံသွားကို ဓားနဲ့ခွဲထုတ်တဲ့သူတွေကို သူ့ရဲ့ဓားမြောင်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

သူ့ရဲ့ နောက်ဆုံးအချိန်မှာတောင် ရန်သူကို အဖော်ခေါ်သွားဝံ့တယ်။ တကယ့်အာဂ အမျိုးသမီးပါပဲ။

မန္တလေးမြို့ကို ရန်သူ့လက်က ပြန်ယူနိုင်တဲ့နေ့က ကျဆုံးခဲ့သူ ....သူရမချစ်ပို၏ ဂူသချိုၤင်း 5

စောဘစံဟာ သူ့လူတွေ ထိကုန်တော့ ဒေါသထွက်ကာ မချစ်ပိုကို သေနတ်နဲ့ ပစ်သတ်တယ်။ မချစ်ပိုတစ်ယောက် ဘယ်လောက်တောင် အသက်ပြင်းသလဲဆိုရင် သည်လောက်ဒဏ်ရာကြီးမားနေတာတောင် တော်တော်နဲ့ မသေနိုင်ဘူးတဲ့။

အသက်ထွက်သွားမှ စောဘစံဟာ မချစ်ပိုအလောင်းကို ရေတွင်းထဲ ပစ်ချစေတယ်။ ပိုသေချာအောင် အပေါ်ကနေ အုတ်ခဲကျိုးတွေ၊ ပန်းအိုးကွဲတွေနဲ့ပါ ဖို့လိုက်သေးတယ်။

သူမ ကျဆုံးတဲ့နေ့က ၁၉၄၉ခု၊ ဧပြီလ ၈ရက်နေ့။ မှတ်မှတ်ရရ အဲ့သည့်နေ့မှာပဲ မြောက်ပိုင်းစစ်ဌာနချုပ်ဟာ မန္တလေးကို ရန်သူ့လက်ကနေ ပြန်သိမ်းနိုင်ခဲ့တဲ့အတွက် မြို့သိမ်းအောင်ပွဲ အခမ်းအနား လုပ်နေတဲ့နေ့ပေါ့။

ဧပြီ ၂ရက်နေ့မှာ မန္တလေးတောင်ကို ပြန်ရပြီး ဧပြီ ၆ရက်နေ့မှာ နန်းတော်ကို သိမ်းနိုင်ခဲ့တယ်။ ဒါတွေကို မချစ်ပိုတစ်ယောက် မသိသွားခဲ့ရှာဘူး။ မချစ်ပိုရဲ့အလောင်းကို သေဆုံးပြီး တစ်ပတ်အတွင်း ပြန်ဖော်ခဲ့တယ်။

မန္တလေးမြို့ကို ရန်သူ့လက်က ပြန်ယူနိုင်တဲ့နေ့က ကျဆုံးခဲ့သူ ....သူရမချစ်ပို၏ ဂူသချိုၤင်း 6

ထိုနှစ် စက်တင်ဘာလ ၁၆ရက်နေ့မှာ စစ်ရေးအခမ်းအနားဖြင့် သဂြိုၤဟ်ပေးခဲ့ပါတယ်။

မချစ်ပိုဟာ မြန်မာနိုင်ငံမှာ နိုင်ငံတော်ကချီးမြင့်သော သူရဘွဲ့ကို ရထားတဲ့ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်တယ်။ သမိုင်းလက်ဆင့်ကမ်းမှုတွေ နည်းပါးလာသည်နှင့်အမျှ သူရမချစ်ပိုအုတ်ဂူအကြောင်း မသိသေးတဲ့လူတွေ များလာတော့တယ်။

အခြေအနေ ဘယ်လောက်တောင် ဆိုးလာသလဲဆိုရင် သူရမချစ်ပိုရဲ့ အုတ်ဂူကို မြို့ထဲမှာရှိနေလို့ဆိုပြီး မြို့ပြင် ရွှေ့ပစ်ဖို့အထိတောင် ကြံစည်နေသူတွေ ရှိလာခဲ့တယ်လေ။

Photo by Ko Kyaw Kyaw Naing

ဖိုးသူတော် (www.phothutaw.com)
Credit: ရန်နိုင်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top