ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


အိမ္မွာအသီးအႏွံေတြပုိေနတာရွိရင္ အလကားမျဖစ္ေတာ့ပဲ ကုိယ့္မ်က္ႏွာေလး Glow ျဖစ္ဖုိ႔သံုးလုိ႔ရေနပါျပီ။အသီးအႏွံနဲ႔ေပါင္းတင္တာျဖစ္လုိ႔ ေဘးဥပဒ္လည္းမျဖစ္ေစေတာ့ပဲ အသားအရည္ကုိပုိျပီးေတာင္ ၾကည္လင္၀င္းပလာေစမွာပါ။ေငြကုန္ေၾကးက်လည္းသက္သာတာေပါ့။ဒီေတာ့ ဘယ္လုိအသီးအႏွံေလးေတြကုိ ဘယ္လုိေပါင္းတင္ရမလဲဆုိတာ ပ်ိဳေမတို႔ရဲ႔လွပေရးအတြက္ ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

သေဘၤာသီးနဲ႔ပ်ားရည္


သေဘာၤသီးေလးအနည္းငယ္ပုိရံုနဲ႔ မ်က္ႏွာအတြက္ သံုးလုိ႔ရပါတယ္။သေဘၤာသီးအနည္းငယ္နဲ႔ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းကုိေရာျပီးၾကိတ္ေခ်လုိက္ပါ။ခပ္ပ်စ္ပ်စ္အႏွစ္ေလးရလာျပီဆုိ မ်က္ႏွာေလးကုိ အရင္ဆံုးသန္႔စင္၊ေျခာက္သြားျပီဆုိေတာ့မွ အႏွစ္ေလးကုိ မ်က္ႏွာတစ္၀ုိက္လိမ္းေပးပါ။မိနစ္ ၂၀ေလာက္ထားျပီး ေရနဲ႔ျပန္ေဆးခ်လိုုက္ပါ။

ခဏေနရင္ေတာ့ မ်က္ႏွာအစုိဓာတ္ထိန္းေပးတဲ႔ကရင္မ္တစ္ခုခုလိမ္းေပးထားလုိ႔ရပါတယ္။ဒီနည္းလမ္းက ပံုမွန္အသားအရည္နဲ႔ေျခာက္ေသြ႔တဲ႔အသားအရည္ပုိင္ရွင္ေတြအတြက္ေကာင္းမြန္ေစတဲ႔နည္းလမ္းေလးပါ။တစ္ပတ္ကုိတစ္ခါ လုပ္ေပးရံုနဲ႔ထူးျခားတဲ့ရလဒ္ကုိေတြ႔ရပါလိမ့္မယ္။

ကီ၀ီသီးနဲ႔ေထာပတ္သီး


ေထာပတ္သီးအသားနဲ႔ ကီ၀ီသီးအသားအနညး္ငယ္ကုိယူကာ ပ်စ္သြားေအာင္ေခ်ပါ။ျပီးရင္ ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာထည့္ျပီး ႏွံ႔ေအာင္ေရာေမႊလုိက္ပါ။ရလာတဲ႔အႏွစ္ကုိမ်က္ႏွာတင္မက လည္ပင္းမွာပါလိမ္းေပးလုိ႔ရပါတယ္။

နာရီ၀က္ေလာက္ေနရင္ေရေဆးခ်ပါ။သိသိသာသာ ၾကည္လင္သြားတာကုိေတြ႔ရပါလိမ့္မယ္။ဒီနည္းလမ္းေလးကေတာ့ အသားအရည္အမ်ိဳးအစားအားလံုးအတြက္ သင့္ေတာ္ပါတယ္။တစ္ပတ္ကုိတစ္ၾကိမ္လုပ္ေပးႏုိင္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးကေတာ့ လြယ္ကူစြာရႏုိင္တဲ႔အသီးအႏွံပါပဲ။ကုိယ္မစားခ်င္ဘူးဆုိရင္ေတာင္ မ်က္ႏွာအတြက္သံုးလုိက္ပါ။ငွက္ေပ်ာသီးတစ္ျခမ္းကုိ ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊သံပုရာရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ေရာေမႊလိုက္ပါ။ျပီးရင္ေသခ်ာသန္႔စင္ထားတဲ႔မ်က္ႏွာေပၚမွာလိမ္းလိုက္ပါ။

မိနစ္၂၀ေလာက္ထားျပီးရင္ ေရေဆးခ်လို႔ရပါျပီ။ဒီနည္းေလးကေတာ့ အဆီျပန္တဲ႔အသားအရည္နဲ႔ ၀က္ျခံျဖစ္တတ္တဲ႔အသားအရည္အတြက္အထူးသင့္ေတာ္ပါတယ္။တစ္ပတ္ကုိ တစ္ၾကိမ္ပံုမွန္လုပ္ေပးႏုိင္ပါတယ္။

လိေမၼာ္ခြံ


လိေမၼာ္သီးသံုးလံုးေလာက္စားျပီးရင္ အခြံေတြကုိသိမ္းထားဖုိ႔မေမ့ပါနဲ႔။လိေမၼာ္ခြံေတြကုိေသးေသးေလးဆီလွီးျပီး ေနေျခာက္လွမ္းထားပါ။သံုးရက္ေလာက္ၾကာတဲ႔အခါ ေျခာက္ေသြ႔သြားပါလိမ့္မယ္။ေျခာက္သြားတဲ႔အခါ ေမႊစက္ေလးနဲ႔ၾကိတ္ေခ်လိုက္ပါ။အဲ႔ဒါဆုိရင္ အမႈန္႔ေလးေတြရလာပါလိမ့္မယ္။အဲ႔ဒီအမႈန္႔ကုိ သန္႔ရွင္းေျခာက္ေသြ႔တဲ႔ဘူးထဲသိမ္းထားလုိ႔ရပါတယ္။

မ်က္ႏွာေပါင္းတင္ဖုိ႔အတြက္ လိေမၼာ္မႈန္႔ လက္ဖက္ရည္ဇြန္း ၂ဇြန္း ကုိ ပ်ားရည္၊ဒိန္ခ်ဥ္အနည္းငယ္နဲ႔ေရာစပ္ျပီးေမႊပါ။အႏွစ္ေတြကုိ မ်က္ႏွာကုိလိမ္းျပီးမိနစ္ ၂၀ၾကာထားျပီးရင္ ေရနဲ႔ေသခ်ာေဆးေၾကာလုိ႔ရပါျပီ။ဒီနည္းေလးက အဆီျပန္တဲ႔အသားအရည္အတြက္ အမ်ားၾကီးအသံုး၀င္ပါတယ္။တစ္ပတ္ကုိတစ္ခါလုပ္ေပးႏုိင္ပါတယ္။

စပ်စ္သီးနဲ႔ပန္းသီး


စပ်စ္သီးနဲ႔ပန္းသီးနည္းနည္းေလးရွိလည္း ကုိယ့္တစ္မ်က္ႏွာအတြက္အသံုး၀င္ေနပါတယ္။ကဲ ဒီေတာ့ စပ်စ္သီး ၇လံုးေလာက္နဲ႔ပန္းသီးတစ္ျခမ္းေလာက္ရွိရင္ မ်က္ႏွာေလး Glow လုိ႔ရပါျပီ။အဲ႔ဒီအသီးႏွစ္မ်ိဳးကုိေရာၾကိတ္ျပီး ခပ္ပ်စ္ပ်စ္ေလးရလာတဲ႔အခါ အႏွစ္ကုိမ်က္ႏွာမွာလိမ္းပါ။

နာရီ၀က္ေလာက္ၾကာရင္ေရေဆးခ်ျပီး မ်က္ႏွာေလးေျခာက္သြားတဲ႔အခါ အစုိဓာတ္ထိန္းကရင္မ္ေလးလိမ္းေပးထားပါ။ဒီနည္းေလးက ဘယ္လုိအသားအရည္မ်ိဳးအတြက္မဆုိအသံုး၀င္ေနပါတယ္။တစ္ပတ္ကုိ ၂ၾကိမ္လုပ္ေပးရံုနဲ႔ ၾကည္လင္၀င္းပျပီး မိတ္ကပ္မလိမ္းလဲ လွေနတဲ႔မ်က္ႏွာေလးကုိပုိင္ဆုိင္ႏုိင္ပါျပီ။

ကုိယ့္အသားအရည္နဲ႔လိုက္ဖက္တဲ႔နည္းေလးကုိသံုးျပီး ထူးျခားတဲ႔ရလဒ္ေလးေတြပုိင္ဆုိင္ၾကပါေစေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend

#Unicode Version#

အိမ်မှာအသီးအနှံတွေပိုနေတာရှိရင် အလကားမဖြစ်တော့ပဲ ကိုယ့်မျက်နှာလေး Glow ဖြစ်ဖို့သုံးလို့ရနေပါပြီ။အသီးအနှံနဲ့ပေါင်းတင်တာဖြစ်လို့ ဘေးဥပဒ်လည်းမဖြစ်စေတော့ပဲ အသားအရည်ကိုပိုပြီးတောင် ကြည်လင်ဝင်းပလာစေမှာပါ။ငွေကုန်ကြေးကျလည်းသက်သာတာပေါ့။ဒီတော့ ဘယ်လိုအသီးအနှံလေးတွေကို ဘယ်လိုပေါင်းတင်ရမလဲဆိုတာ ပျိုမေတို့ရဲ့လှပရေးအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

သင်္ဘောသီးနဲ့ပျားရည်

သဘောၤသီးလေးအနည်းငယ်ပိုရုံနဲ့ မျက်နှာအတွက် သုံးလို့ရပါတယ်။သင်္ဘောသီးအနည်းငယ်နဲ့ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောပြီးကြိတ်ချေလိုက်ပါ။ခပ်ပျစ်ပျစ်အနှစ်လေးရလာပြီဆို မျက်နှာလေးကို အရင်ဆုံးသန့်စင်၊ခြောက်သွားပြီဆိုတော့မှ အနှစ်လေးကို မျက်နှာတစ်ဝိုက်လိမ်းပေးပါ။မိနစ် ၂၀လောက်ထားပြီး ရေနဲ့ပြန်ဆေးချလိုက်ပါ။

ခဏနေရင်တော့ မျက်နှာအစိုဓာတ်ထိန်းပေးတဲ့ကရင်မ်တစ်ခုခုလိမ်းပေးထားလို့ရပါတယ်။ဒီနည်းလမ်းက ပုံမှန်အသားအရည်နဲ့ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေအတွက်ကောင်းမွန်စေတဲ့နည်းလမ်းလေးပါ။တစ်ပတ်ကိုတစ်ခါ လုပ်ပေးရုံနဲ့ထူးခြားတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။

ကီဝီသီးနဲ့ထောပတ်သီး

ထောပတ်သီးအသားနဲ့ ကီဝီသီးအသားအနည်းငယ်ကိုယူကာ ပျစ်သွားအောင်ချေပါ။ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး နှံ့အောင်ရောမွှေလိုက်ပါ။ရလာတဲ့အနှစ်ကိုမျက်နှာတင်မက လည်ပင်းမှာပါလိမ်းပေးလို့ရပါတယ်။

နာရီဝက်လောက်နေရင်ရေဆေးချပါ။သိသိသာသာ ကြည်လင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီနည်းလမ်းလေးကတော့ အသားအရည်အမျိုးအစားအားလုံးအတွက် သင့်တော်ပါတယ်။တစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကတော့ လွယ်ကူစွာရနိုင်တဲ့အသီးအနှံပါပဲ။ကိုယ်မစားချင်ဘူးဆိုရင်တောင် မျက်နှာအတွက်သုံးလိုက်ပါ။ငှက်ပျောသီးတစ်ခြမ်းကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ပြီးရင်သေချာသန့်စင်ထားတဲ့မျက်နှာပေါ်မှာလိမ်းလိုက်ပါ။

မိနစ်၂၀လောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။ဒီနည်းလေးကတော့ အဆီပြန်တဲ့အသားအရည်နဲ့ ဝက်ခြံဖြစ်တတ်တဲ့အသားအရည်အတွက်အထူးသင့်တော်ပါတယ်။တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။

လိမ္မော်ခွံ

လိမ္မော်သီးသုံးလုံးလောက်စားပြီးရင် အခွံတွေကိုသိမ်းထားဖို့မမေ့ပါနဲ့။လိမ္မော်ခွံတွေကိုသေးသေးလေးဆီလှီးပြီး နေခြောက်လှမ်းထားပါ။သုံးရက်လောက်ကြာတဲ့အခါ ခြောက်သွေ့သွားပါလိမ့်မယ်။ခြောက်သွားတဲ့အခါ မွှေစက်လေးနဲ့ကြိတ်ချေလိုက်ပါ။အဲ့ဒါဆိုရင် အမှုန့်လေးတွေရလာပါလိမ့်မယ်။အဲ့ဒီအမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ဘူးထဲသိမ်းထားလို့ရပါတယ်။

မျက်နှာပေါင်းတင်ဖို့အတွက် လိမ္မော်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကို ပျားရည်၊ဒိန်ချဉ်အနည်းငယ်နဲ့ရောစပ်ပြီးမွှေပါ။အနှစ်တွေကို မျက်နှာကိုလိမ်းပြီးမိနစ် ၂၀ကြာထားပြီးရင် ရေနဲ့သေချာဆေးကြောလို့ရပါပြီ။ဒီနည်းလေးက အဆီပြန်တဲ့အသားအရည်အတွက် အများကြီးအသုံးဝင်ပါတယ်။တစ်ပတ်ကိုတစ်ခါလုပ်ပေးနိုင်ပါတယ်။

စပျစ်သီးနဲ့ပန်းသီး

စပျစ်သီးနဲ့ပန်းသီးနည်းနည်းလေးရှိလည်း ကိုယ့်တစ်မျက်နှာအတွက်အသုံးဝင်နေပါတယ်။ကဲ ဒီတော့ စပျစ်သီး ၇လုံးလောက်နဲ့ပန်းသီးတစ်ခြမ်းလောက်ရှိရင် မျက်နှာလေး Glow လို့ရပါပြီ။အဲ့ဒီအသီးနှစ်မျိုးကိုရောကြိတ်ပြီး ခပ်ပျစ်ပျစ်လေးရလာတဲ့အခါ အနှစ်ကိုမျက်နှာမှာလိမ်းပါ။

နာရီဝက်လောက်ကြာရင်ရေဆေးချပြီး မျက်နှာလေးခြောက်သွားတဲ့အခါ အစိုဓာတ်ထိန်းကရင်မ်လေးလိမ်းပေးထားပါ။ဒီနည်းလေးက ဘယ်လိုအသားအရည်မျိုးအတွက်မဆိုအသုံးဝင်နေပါတယ်။တစ်ပတ်ကို ၂ကြိမ်လုပ်ပေးရုံနဲ့ ကြည်လင်ဝင်းပပြီး မိတ်ကပ်မလိမ်းလဲ လှနေတဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။

ကိုယ့်အသားအရည်နဲ့လိုက်ဖက်တဲ့နည်းလေးကိုသုံးပြီး ထူးခြားတဲ့ရလဒ်လေးတွေပိုင်ဆိုင်ကြပါစေနော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top