ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ယုန္ေလးကေတာ့ အေပါင္းအသင္းေတြနဲ႔ အရက္ဘီယာဆုိင္ ထုိင္ရင္ေတာင္ မေသာက္စားမိေအာင္ ေနေတာ့မယ္လုိ႔ ဆုံးျဖတ္ ခ်က္ ခ်လိုက္တဲ့ အေၾကာင္း ေျပာျပလာပါတယ္။ လက္ရွိမွာလည္း သူကုိယ္တုိင္ ဒါရုိက္တာတစ္ေယာက္အျဖစ္ ရုပ္ရွင္ဇာတ္ကား ေကာင္းေတြ ဖန္တီးေနတာ ကုိ ေတြ႔ရပါတယ္။

ယုန္ေလး တစ္ေယာက္ အရက္ဘီယာေတြလည္း မေသာက္မိေအာင္ ေရွာင္ေတာ့မယ္လုိ႔ ဆုိလာပါတယ္။ သူ႔အေနနဲ႔ အရက္ဘီယာထက္ အားကစားကုိ ပုိၿပီး လုပ္ေတာ့မယ္လုိ႔ ေျပာျပထားပါတယ္။ သူ႔အေနနဲ႔ ဇာတ္ကားေကာင္းေတြ ဖန္တီးႏုိင္ေအာင္ ႀကိဳးစားသြား မယ့္အေၾကာင္း ေတြ ရင္ဖြင့္ေျပာျပလာပါတယ္။

''အားကစား သမားပဲလုပ္ေတာ့မယ္။ အရက္သမား မလုပ္ေတာ့ဘူး ။ ကိုယ္ခ်စ္တဲ့ ညီအစ္ကိုေမာင္ႏွစ္မေတြနဲ႔ဆို ပိုေသာက္ခ်င္တယ္။ အရက္ အရသာစြဲမွာ ႀကိဳက္တက္မွာစိုးလို႔ အရသာမခံံပဲ အျမဲ ကမ္းေပ့ ကမ္းေပ့ ပဲ အိပ္ေရးလည္း ေတာက္ေလ်ာက္ပ်က္ေဘာလံုးလည္း ကန္လာၿပီး ထိုင္ေတာ့စြတ္ဆက္ေရာက္ '' လုိ႔ ဆုိပါတယ္။

ယုန္ေလးက မိတ္ေဆြ၊ အေပါင္းအသင္းေတြနဲ႔ အတူ အရက္ဘီယာဆုိင္ ထုိင္ရင္ေတာင္ မေသာက္မိေအာင္ ေနမယ္လုိ႔ေျပာပါတယ္။ သူကုိယ္ တုိင္ကလည္း လက္ရွိမွာ အႏုပညာအလုပ္ေတြအေပၚ ေသခ်ာ ဂရုတစုိက္ လုပ္မယ္လုိ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပခဲ့ဖူးပါတယ္။

''ေတာ္ၿပီ အရက္ဆိုတာႀကီးကို မေသာက္ေတာ့ဘူး။ ရသေလာက္ထိန္းၿပီ။ ညီအစ္ကိုေတြ ဝိုင္းေတြမွာ မေသာက္ပဲ လိုက္ထိုင္ စကားေျပာ တတ္ေအာင္ ရေအာင္Try မယ္ '' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၆ ရက္ေန႔ ေန႔လည္ ၂ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ဖူးပါတယ္။


ယုန္ေလး ရုိက္ကူးခဲ့တဲ့ Original Gangster ရုပ္ရွင္ဇာတ္ကားႀကီး၊ Speical 9 ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူ က်ခဲ့တာျဖစ္ပါတယ္။ အက္ရွင္ဇာတ္ကားေကာင္းေကာင္းေတြကုိ ဖန္တီးတတ္တဲ့ ယုန္ေလးကေတာ့ ေနာက္ထပ္ ဘယ္လို ဇာတ္ေကာင္းေတြ ျပင္ဆင္သြားမလဲဆုိတာကေတာ့ မၾကာခင္ သိရေတာ့မွာပါ။

ယုန္ေလးက  သူကိုယ္တုိင္ေရးသားတဲ့ ကုိယ့္သမုိင္းကုိယ္ေရးၾကသူမ်ား ၁ ၊ Original Gangster 1 စတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္ ခဲ့သူပါ။ ဒီရုပ္ရွင္ဇာတ္ကားႀကီးေတြကေနတဆင့္ ပရိသတ္အားေပးမႈလည္း ပုိမုိရရွိလာတာျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း သီခ်င္းေတြ ေရးေပးျဖစ္ေနတယ္လုိ႔ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ယုန်လေးကတော့ အပေါင်းအသင်းတွေနဲ့ အရက်ဘီယာဆိုင် ထိုင်ရင်တောင် မသောက်စားမိအောင် နေတော့မယ်လို့ ဆုံးဖြတ် ချက် ချလိုက်တဲ့ အကြောင်း ပြောပြလာပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား ကောင်းတွေ ဖန်တီးနေတာ ကို တွေ့ရပါတယ်။

ယုန်လေး တစ်ယောက် အရက်ဘီယာတွေလည်း မသောက်မိအောင် ရှောင်တော့မယ်လို့ ဆိုလာပါတယ်။ သူ့အနေနဲ့ အရက်ဘီယာထက် အားကစားကို ပိုပြီး လုပ်တော့မယ်လို့ ပြောပြထားပါတယ်။ သူ့အနေနဲ့ ဇာတ်ကားကောင်းတွေ ဖန်တီးနိုင်အောင် ကြိုးစားသွား မယ့်အကြောင်း တွေ ရင်ဖွင့်ပြောပြလာပါတယ်။

''အားကစား သမားပဲလုပ်တော့မယ်။ အရက်သမား မလုပ်တော့ဘူး ။ ကိုယ်ချစ်တဲ့ ညီအစ်ကိုမောင်နှစ်မတွေနဲ့ဆို ပိုသောက်ချင်တယ်။ အရက် အရသာစွဲမှာ ကြိုက်တက်မှာစိုးလို့ အရသာမခံံပဲ အမြဲ ကမ်းပေ့ ကမ်းပေ့ ပဲ အိပ်ရေးလည်း တောက်လျောက်ပျက်ဘောလုံးလည်း ကန်လာပြီး ထိုင်တော့စွတ်ဆက်ရောက် '' လို့ ဆိုပါတယ်။

ယုန်လေးက မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အတူ အရက်ဘီယာဆိုင် ထိုင်ရင်တောင် မသောက်မိအောင် နေမယ်လို့ပြောပါတယ်။ သူကိုယ် တိုင်ကလည်း လက်ရှိမှာ အနုပညာအလုပ်တွေအပေါ် သေချာ ဂရုတစိုက် လုပ်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါတယ်။
''တော်ပြီ အရက်ဆိုတာကြီးကို မသောက်တော့ဘူး။ ရသလောက်ထိန်းပြီ။ ညီအစ်ကိုတွေ ဝိုင်းတွေမှာ မသောက်ပဲ လိုက်ထိုင် စကားပြော တတ်အောင် ရအောင်Try မယ် '' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

ယုန်လေး ရိုက်ကူးခဲ့တဲ့ Original Gangster ရုပ်ရှင်ဇာတ်ကားကြီး၊ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ယုန်လေးကတော့ နောက်ထပ် ဘယ်လို ဇာတ်ကောင်းတွေ ပြင်ဆင်သွားမလဲဆိုတာကတော့ မကြာခင် သိရတော့မှာပါ။

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top