ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မႏၲေလးနန္းတြင္းတြင္ ဆက္သြယ္ေရးပစၥည္း ထိန္းသိမ္း ေရးတပ္ခြဲ(၂)မွ တပ္သားတစ္ဦး အရက္မူးၿပီး မီး႐ႈိ႕မႈျဖစ္ပြား ေၾကာင္း မႏၲေလးခ႐ုိင္မီးသတ္ဦးစီးမွဴး ဦးထက္ေအာင္က ေျပာ သည္။

မႏၲေလးခ႐ုိင္ ေအာင္ေျမ သာစံၿမိဳ႕နယ္ရွိ နန္းတြင္းတြင္ ဒီ ဇင္ဘာ ၂ ရက္ ည ၁၁ နာရီခြဲခန္႔ ၌ ဆက္သြယ္ေရးပစၥည္းထိန္း သိမ္းေရးတပ္ခြဲ(၂)မွ တပ္သား တစ္ဦးက အရက္မူးကာ တပ္မ ေတာ္ ဆက္သြယ္ေရးဂုိေဒါင္ ေဟာင္းကုိ မီး႐ႈိ႕ခဲ့ေၾကာင္း မႏၲေလးခ႐ုိင္မီးသတ္ဦးစီးဌာန မွတ္ တမ္းမ်ား၌ ေဖာ္ျပထားသည္။

မီးေလာင္မႈေၾကာင့္ ေပ ၁၆၀ × ၃၀ ရွိ တစ္ထပ္ဂုိေဒါင္ေဟာင္း ႏွင့္ အတြင္းရွိပစၥည္း (သစ္သား ေဟာင္း၊ သြပ္ စသည့္ ပစၥည္း)မ်ား မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေသဆုံးမႈႏွင့္ ထိခုိက္ဒဏ္ရာရရွိမႈမရွိဘဲ ဆုံး႐ႈံးမႈတန္ဖုိး က်ပ္ေလးသိန္း ႏွင့္ ပစၥည္းေဟာင္းမ်ားမွ ဆုံး႐ႈံးမႈက်ပ္ႏွစ္သိန္းခန္႔ရွိေၾကာင္း မီး သတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္မႈသည္ နာရီ၀က္ ခန္႔ ၾကာျမင့္ၿပီး မီးသတ္ယာဥ္ ၃၅ စီး၊ သေႏၶတပ္ဖြဲ႕၀င္ ၄၀၊ အရန္တပ္ဖြဲ႕၀င္ ၁၅၀ တို႔ သြားေရာက္ၿငိႇမ္းသတ္ခဲ့သည္။

မီး႐ႈိ႕သူကုိ စစ္ဘက္ဆိုင္ရာ ဥပေဒအရ အေရးယူမည္ျဖစ္ ေၾကာင္း မီးသတ္ဦးစီးဌာန မွတ္ တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆက္သြယ္ေရးပစၥည္း ထိန္း သိမ္းေရးတပ္ခြဲ(၂)သုိ႔ 7Day Daily သတင္းစာက ဆက္သြယ္ေသာ္ လည္း မရခဲ့ေပ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7Daydaily

#Unicode Version#

မန္တလေးနန်းတွင်းတွင် ဆက်သွယ်ရေးပစ္စည်း ထိန်းသိမ်း ရေးတပ်ခွဲ(၂)မှ တပ်သားတစ်ဦး အရက်မူးပြီး မီးရှို့မှုဖြစ်ပွား ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြော သည်။

မန္တလေးခရိုင် အောင်မြေ သာစံမြို့နယ်ရှိ နန်းတွင်းတွင် ဒီ ဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲခန့် ၌ ဆက်သွယ်ရေးပစ္စည်းထိန်း သိမ်းရေးတပ်ခွဲ(၂)မှ တပ်သား တစ်ဦးက အရက်မူးကာ တပ်မ တော် ဆက်သွယ်ရေးဂိုဒေါင် ဟောင်းကို မီးရှို့ခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာန မှတ် တမ်းများ၌ ဖော်ပြထားသည်။

မီးလောင်မှုကြောင့် ပေ ၁၆၀ × ၃၀ ရှိ တစ်ထပ်ဂိုဒေါင်ဟောင်း နှင့် အတွင်းရှိပစ္စည်း (သစ်သား ဟောင်း၊ သွပ် စသည့် ပစ္စည်း)များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုး ကျပ်လေးသိန်း နှင့် ပစ္စည်းဟောင်းများမှ ဆုံးရှုံးမှုကျပ်နှစ်သိန်းခန့်ရှိကြောင်း မီး သတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုသည် နာရီဝက် ခန့် ကြာမြင့်ပြီး မီးသတ်ယာဉ် ၃၅ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၄၀၊ အရန်တပ်ဖွဲ့ဝင် ၁၅၀ တို့ သွားရောက်ငြှိမ်းသတ်ခဲ့သည်။

မီးရှို့သူကို စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာန မှတ် တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်ရေးပစ္စည်း ထိန်း သိမ်းရေးတပ်ခွဲ(၂)သို့ 7Day Daily သတင်းစာက ဆက်သွယ်သော် လည်း မရခဲ့ပေ။


ဖိုးသူတော်(www.phothutaw.com)
Credit:7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top