ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




# Unicode Version ဖြင့် ဖတ်ပါ #
တိုင်းစကွဲရင်ပြင်ပေါ်မှာ ချစ်သူကို ပရိုပို့စ်လုပ်ခဲ့တဲ့ အမျိုးသားဟာ ကံဆိုးစွာနဲ့ပဲ ချစ်သူကိုပေးမယ့် လက်စွပ်မှာ ရေနှုတ်မြောင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ချစ်သူရဲ့ မျက်နှာမရ ခြေထောက်ရအခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာည လက်စွပ်ကို ကြိုးစားပန်းစား ရှာပေမယ့် မတွေ့ခဲ့ရပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေက အဲဒီ ပျောက်သွားတဲ့ လက်စွပ်ကို Metal Detector နဲ့ ပြန်ရှာခဲ့ရာ လက်စွပ်ကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် လက်စွပ်ပိုင်ရှင် John နဲ့ Daniella တို့ကို လိုက်လံရှာဖွေခဲ့ပါတယ်။ နောက် လက်စွပ်ကို ပိုင်ရှင်ထံ ပြန်အပ်နိုင်ခဲ့ပါတယ်။

ဒီအတွက်ကာယကံရှင်ဖြစ်သူJohn က ”ကျွန်တော်တို့ အတိုင်းမသိဝမ်းသာရပါတယ်…အခုလိုအဖြစ်အပျက်ကိုယုံတောင် မယုံနိုင်ပါဘူး… ပြောရရင်ဆုံးပြီလို့ကိုထင်ထားတာ…လက်စွပ်ကလေးကို ငွေနဲ့ပေးဝယ်ခဲ့တယ်ဆိုတာထက်…သူ့ကို ပေးဖို့ လက်ဆောင်ဖြစ်လို့ နှမြောတာပေါ့“လို့ ဖွင့်ဟခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နေသူရိန် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top