(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လာအိုနယ္စပ္က ထုိင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္္တဲ့ မုဒၵါဟန္ၿမိဳမွာရွိတဲ့ ေရွးေဟာင္း သခၤ်ဳိင္းတစ္ခုကို တူးေဖာ္ရာမွာ အ႐ိုးက်ေနၿပီျဖစ္ေပမယ့္ အေရျပား မပ်က္မစီးဘဲ က်န္ရွိေနတဲ့ ႐ုပ္အေလာင္းတစ္ေလာင္းကို တူးေဖာ္ေတြ႔ရွိပါတယ္။ အဲဒီ ေရွးသခၤ်ဳိင္းကို အာဏာပိုင္ေတြက ရွင္းလင္းေရး လုပ္ေဆာင္ေစရာကေန သုဘရာဇာေတြ တူးေဖာ္ေတြ႔ရွိခဲ့တဲ့ ဒီ ေရွးေဟာင္း႐ုပ္အေလာင္းမွာ အင္းကြက္ေဆးမင္ေၾကာင္ေတြထိုးထားတဲ့ အေရျပားဟာ မပ်က္မစီးဘဲ အေကာင္းအတိုင္း ရွိေနတာကို အံ့ၾသစဖြယ္ ေတြ႔ရွိရတာပါ။

႐ုပ္အေလာင္းရဲ႕ မပ်က္မစီးတဲ့ အေရျပားေပၚမွာ သကၠတဘာသာက ဆင္းသက္တဲ့ ထိုင္းေရွးစာျဖစ္တဲ့ သံသက႐ိုက္ စာလုံးေတြနဲ႔ အင္းစီရင္ထားတဲ့ ေဆးမင္ေတြကို ထိုးထားတာ ျဖစ္ပါတယ္။ဒီ အင္းအစီအရင္ဟာ ျမန္မာလိုဆိုရရင္ ဓားပီးအစီအရင္လို႔ ဆိုရမွာျဖစ္ၿပီး မကြဲမရွ မေပါက္ၿပဲႏုိင္တဲ့ ပီးေဆးအစီအရင္ အင္းကြက္ေဆးမင္ေၾကာင္ေတြျဖစ္တယ္လို႔ ယူဆထားၾကပါတယ္။ဒါေပမယ့္ အင္း၊ မႏၱန္၊ ေဆးအစီအရင္အစြမ္းေၾကာင့္ ဘယ္ေလာက္ပဲ ပီးတယ္ဆိုဆို ဒီ ဓားပီးေဆး အစီရင္ေၾကာင့္ပဲ ဥပဒ္ျဖစ္ၿပီး ေသဆုံးရတဲ့ ႐ုပ္အလာင္းျဖစ္ပုံရေၾကာင္း ေဒသခံေတြက ဆိုၾကပါတယ္။

ေဒသခံ တူးေဖာ္ရွာေဖြေရးအဖြဲ႔ဟာ ဒီ႐ုပ္အေလာင္းဟာ အူအတက္ေရာင္ရမ္းတဲ့ ေ၀ဒနာ ခံစားရေပမယ့္ ခြဲစိတ္ဖို႔ ဓားမတိုးတာေၾကာင့္ အဲဒီ ေရာဂါေ၀ဒနာနဲ႔ပဲ ေသဆုံးတာျဖစ္တယ္လို႔ ယူဆေနၾကပါတယ္။ အ႐ိုးက်ေနတဲ့ ႐ုပ္အေလာင္းက အေရျပား မပုပ္မသိုးတာေၾကာင့္လည္း ဒီယူဆခ်က္ကို သက္ေသထူသလို ရွိေနေတာ့တာပါ။

“ေဆးမင္အျပည့္နဲ႔ အဲဒီ အေရျပားကေတာ့ မပုပ္မသိုး မေဆြးျမည့္ဘူး။ မႏၱန္အစီအရင္ေတြက အစြမ္းထက္ေနတယ္။ သူ႔ အူအတက္ေရာင္တာကို ခြဲစိတ္ဖို႔ ဓားမတိုးသလုိ ေသဆုံးသြားတဲ့တုိင္ေအာင္ အေရးျပား မေပါက္မၿပဲ မေဆြးျမည့္ေအာင္ အစြမ္းထက္ေနေသးတဲ့ ပီးေဆးအစီအရင္ပဲ ျဖစ္ပါတယ္။”လို႔ သခၤ်ဳိင္းေျမ တူးေဖာ္ေရး အစိုးရအဖြဲ႔အစည္း GJGS က ထုတ္ျပန္ေျပာဆိုပါတယ္။

ေဆးအစီရင္၊ ဂါထာမႏၱန္ေတြကို ေတာ္ေတာ္မ်ားမ်ား ယုံၾကည္သက္၀င္တဲ့ ထုိင္းႏိုင္ငံမွာ ဒီ အင္းကြက္အစီအရင္နဲ႔ မပ်က္စီးတဲ့ အေရးျပားကို အြန္လိုင္းေပၚ တင္ခဲ့ရာမွာ အံ့ဖြယ္ခမန္းလည္း ျဖစ္သြားၾကပါတယ္။

“ေတာ္ေတာ္ေလး အံ့ၾသစရာေကာင္းတယ္။ ေဆးမႏၱန္အစီအရင္ေတြက အမွန္ပဲ အသက္၀င္အစြမ္းထက္ေနတုန္းပဲ ျဖစ္တယ္။”လို႔ တူးေဖာ္ေရးအဖဲြ႕က တာ၀န္ရွိသူတစ္ဦးက ေျပာခဲ့ပါတယ္။

Rf; The Sun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
လာအိုနယ်စပ်က ထိုင်းမြို့တစ်မြို့ဖြစ်တဲ့ မုဒ္ဒါဟန်မြိုမှာရှိတဲ့ ရှေးဟောင်း သင်္ချိုင်းတစ်ခုကို တူးဖော်ရာမှာ အရိုးကျနေပြီဖြစ်ပေမယ့် အရေပြား မပျက်မစီးဘဲ ကျန်ရှိနေတဲ့ ရုပ်အလောင်းတစ်လောင်းကို တူးဖော်တွေ့ရှိပါတယ်။ အဲဒီ ရှေးသင်္ချိုင်းကို အာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ဆောင်စေရာကနေ သုဘရာဇာတွေ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီ ရှေးဟောင်းရုပ်အလောင်းမှာ အင်းကွက်ဆေးမင်ကြောင်တွေထိုးထားတဲ့ အရေပြားဟာ မပျက်မစီးဘဲ အကောင်းအတိုင်း ရှိနေတာကို အံ့သြစဖွယ် တွေ့ရှိရတာပါ။

ရုပ်အလောင်းရဲ့ မပျက်မစီးတဲ့ အရေပြားပေါ်မှာ သက္ကတဘာသာက ဆင်းသက်တဲ့ ထိုင်းရှေးစာဖြစ်တဲ့ သံသကရိုက် စာလုံးတွေနဲ့ အင်းစီရင်ထားတဲ့ ဆေးမင်တွေကို ထိုးထားတာ ဖြစ်ပါတယ်။ဒီ အင်းအစီအရင်ဟာ မြန်မာလိုဆိုရရင် ဓားပီးအစီအရင်လို့ ဆိုရမှာဖြစ်ပြီး မကွဲမရှ မပေါက်ပြဲနိုင်တဲ့ ပီးဆေးအစီအရင် အင်းကွက်ဆေးမင်ကြောင်တွေဖြစ်တယ်လို့ ယူဆထားကြပါတယ်။ဒါပေမယ့် အင်း၊ မန္တန်၊ ဆေးအစီအရင်အစွမ်းကြောင့် ဘယ်လောက်ပဲ ပီးတယ်ဆိုဆို ဒီ ဓားပီးဆေး အစီရင်ကြောင့်ပဲ ဥပဒ်ဖြစ်ပြီး သေဆုံးရတဲ့ ရုပ်အလာင်းဖြစ်ပုံရကြောင်း ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံ တူးဖော်ရှာဖွေရေးအဖွဲ့ဟာ ဒီရုပ်အလောင်းဟာ အူအတက်ရောင်ရမ်းတဲ့ ဝေဒနာ ခံစားရပေမယ့် ခွဲစိတ်ဖို့ ဓားမတိုးတာကြောင့် အဲဒီ ရောဂါဝေဒနာနဲ့ပဲ သေဆုံးတာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ အရိုးကျနေတဲ့ ရုပ်အလောင်းက အရေပြား မပုပ်မသိုးတာကြောင့်လည်း ဒီယူဆချက်ကို သက်သေထူသလို ရှိနေတော့တာပါ။

“ဆေးမင်အပြည့်နဲ့ အဲဒီ အရေပြားကတော့ မပုပ်မသိုး မဆွေးမြည့်ဘူး။ မန္တန်အစီအရင်တွေက အစွမ်းထက်နေတယ်။ သူ့ အူအတက်ရောင်တာကို ခွဲစိတ်ဖို့ ဓားမတိုးသလို သေဆုံးသွားတဲ့တိုင်အောင် အရေးပြား မပေါက်မပြဲ မဆွေးမြည့်အောင် အစွမ်းထက်နေသေးတဲ့ ပီးဆေးအစီအရင်ပဲ ဖြစ်ပါတယ်။”လို့ သင်္ချိုင်းမြေ တူးဖော်ရေး အစိုးရအဖွဲ့အစည်း GJGS က ထုတ်ပြန်ပြောဆိုပါတယ်။

ဆေးအစီရင်၊ ဂါထာမန္တန်တွေကို တော်တော်များများ ယုံကြည်သက်ဝင်တဲ့ ထိုင်းနိုင်ငံမှာ ဒီ အင်းကွက်အစီအရင်နဲ့ မပျက်စီးတဲ့ အရေးပြားကို အွန်လိုင်းပေါ် တင်ခဲ့ရာမှာ အံ့ဖွယ်ခမန်းလည်း ဖြစ်သွားကြပါတယ်။

“တော်တော်လေး အံ့သြစရာကောင်းတယ်။ ဆေးမန္တန်အစီအရင်တွေက အမှန်ပဲ အသက်ဝင်အစွမ်းထက်နေတုန်းပဲ ဖြစ်တယ်။”လို့ တူးဖော်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

Rf; The Sun

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top