ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit: Nay Myo
# Unicode Version ဖြင့် ဖတ်ပါ #
မသိသူများ လူစိမ်းများကို အိမ်ခြံဝန်းအတွင်းသို့ အဝင်မခံပါနဲ့
လားရှိုးမြို့ ။ မနေ့က ညနေ ၃း၃၀ အချိန်ခန့်က ကျနော့်မိတ်ဆွေတစ်ဦးရဲ့အိမ်မှာ အနုကြမ်းစီးခံရမယ့်ပုံစံမျိုး ဖြစ်သွားတယ်။ အိမ်မှာ ၁၈ နှစ်အရွယ်ကလေးမနဲ့ အသက် ၆၅ နှစ်အရွယ်အဖွားတို့ ၂ ဦးတည်းရှိနေတုန်း
ဆိုင်ကယ်နဲ့ လူငယ်တစ်ဦး မီးပြင်ပေးမလို့ဆိုတဲ့အကြောင်းပြချက်နဲ့ရောက်လာကြောင်းသိရပါတယ်။ အိမ်ထဲရောက်တော့ မီးပြင်ပေးဖို့လှေကားလိုတယ် ဟိုနေ့က မီးပြင်ဖို့ ထားခဲ့တဲ့ အမဲရောင်အိတ်ဘယ်မှာထားလဲ ဆိုပြီး ကလေးမကိုမေးတယ်တဲ့။
၁၈ နှစ်အရွယ်ကလေးမနဲ့ ၆၅ နှစ်အရွယ်အဖွားတို့ ၂ ဦးတည်းရှိနေတုန်း အနုကြမ်းစီးခံရ 2
ကလေးမက အဲ့ဒါတွေမသိတော့ မိဘတွေကိုဖုန်းဆက်မေးပေးမယ်လို့ပြောစဉ်မှာပဲ အဆိုပါလူငယ်က ကလေးမရဲ့ပါးစပ်ကို ပိတ်ထားပြီး သူဝှက်ယူလာတဲ့ဓားနဲ့ ကလေးမရဲ့ဝမ်းဗိုက်နဲ့ပေါင်တို့ကို ထိုးလိုက်တယ်တဲ့။
ကလေးမက အဖွားဖြစ်သူကို အော်ဟစ်ပြီးအကူအညီတောင်းတော့ အဖွားဖြစ်သူရောက်လာပြီး မလုပ်ဖို့တားတာကို အဖွားဖြစ်သူကိုလည်း ဓားနဲ့ ၃ ချက် ထပ်မံထိုးသွားပြီး ထွက်ပြေးသွားကြောင်း သိရပါတယ်။
နှစ်ဦးစလုံးကိုတော့ ဆေးရုံပ်ု့ိထားပါပြီ။ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့တော့သိရတယ်။ စိတ်မကောင်းပါဘူး။ သူတို့နေတာ လားရှိုးမြို့ ရပ်ကွက် ၉ ဘက်မှာပါ။
ဒါကြောင့် ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး အုပ်မှူး ဒါမှမဟုတ် သိသူတစ်ယောက်ယောက်မပါရင် ကိုယ်နဲ့မသိသူတွေကို အိမ်အတွင်းသို့ အဝင်မခံကြပါနဲ့။
ဖိုးသူတော် (www.phothutaw.com)
Credit: Nay Myo
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top