(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


Beauty Blogger ေနျခည္ဦးဆိုျပီး လူစသိလာခဲ့တဲ့ ခ်ီခ်ီကေတာ့ လက္ရွိခ်ိန္မွာ ေအာင္ျမင္တဲ့ ေမာ္ဒယ္မင္းသမီး တေယာက္အျဖစ္ရပ္တည္ေနႏိုင္ပါျပီ။ စြဲမက္ဖြယ္ရာ ပံုသ႑ာန္ေလးန႔ဲ စတိုင္လ္မိမိ ဝတ္စားတတ္တဲ့ ေနျခည္ဦးကေတာ့ တျဖည္းျဖည္းနာမည္ရလာကာ ပရိသတ္လည္း အခိုင္အမာရရွိေနပါျပီ။

လက္ရွိမွာလည္း သူပထမဆံုး ပါဝင္ရုိက္ကူးထားတဲ့ ရန္သူဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးဟာ လာမည့္ ၁၄ ရက္ေန႔မွာ ရံုတင္ေတာ့မွာ ျဖစ္တာေၾကာင့္ သူ႕ပရိသတ္ေတြလည္း ရင္ခုန္ေနသလို သူကိုယ္တိုင္လည္း ရင္ခုန္ေနတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး သူပထမဆံုးပါဝင္ ရိုက္ကူးထားတဲ့ ရုပ္ရွင္ကားအတြက္သူကေတာ့ သမၼတရုပ္ရွင္ရံုအေပၚထပ္ တစ္ထပ္လံုးစာကို လက္မွတ္ေတြ ဝယ္ယူလိုက္ေၾကာင္း သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး ေနျခည္ဦးကေတာ့ The Radar နဲ႔ အင္တာဗ်ဴးတြင္ လက္မွတ္ဝယ္တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး “ဟုတ္ပါတယ္ ေနျခည္က အဓိကကေတာ့ ရုပ္ရွင္ပထဆံုးျပမယ့္ေန႔ ၁၄ ရက္ေန႔မွာ ေနျခည္နဲ႔ ပတ္သက္တဲ့သူေတြ ပရိသတ္ေတြအတြက္ အေပၚတထပ္လံုးစာလက္မွတ္ေတြ ဝယ္ျဖစ္သြားတာပါ။

ဘာလုိ႔လည္းဆိုေတာ့ ေနျခည္ပရိသတ္ေတြကလည္း မ်ားတယ္။ သူငယ္ခ်င္းေတြေရာ ျပီးေတာ့ ေနျခည္ရဲ့ ပထမဆံုးဇာတ္ကားဆိုေတာ့ အမ်ိဳးေတြေရာ နယ္က အမ်ိဳးေတြေရာ အဘိုးေတြေရာ အဘြားေတြေရာ အေမေရာ အကုန္လာမွာဆိုေတာ့ ေနျခည္မယူလို႔က မရေတာ့ဘူး။ အေယာက္ ၃၀၀ ေလာက္ရွိေတာ့။ ျပီးေတာ့ ေနျခည္အရမး္အရမ္းကို ရင္ခုန္ေနပါျပီ။

ေနျခည့္ရုပ္ရွင္ကို ပိုက္ဆံေပးျပီး အမ်ိဳးေတြကို လာၾကည့္ခိုင္းရမွာဆိုေတာ့ ေနျခည္လည္း အားနာတယ္ေလ။ ဒါေၾကာင့္အေဖ့ကိုပဲ ေျပာျပီး အေဖရယ္ဝယ္ေပးလိုက္ပါဆိုတာနဲ႔ ဝယ္ေပးတာပါ။ ျပီးေတာ့ ပရိသတ္ေတြနဲ႔အတူ ပထမဆံုးျပမယ့္ေန႔မွာပဲ ၾကည့္ခ်င္ပါတယ္။

ခံစားခ်က္နဲ႔ ပတ္သက္ျပီး “အရမ္းေၾကာက္တယ္။ ဘာလိ႔ုလဲဆိုေတာ့ မကစ္သရုပ္ေဆာင္တာ အရမ္းေကာင္းတယ္။ ေနျခည္ကိုယ္တိုင္လည္း မကစ္ကို အကယ္ဒမီမွန္းထားတာ။ ဒီကားမွာ သူ႔အျပဳအမူ သရုပ္ေဆာင္ပိုင္းမွာလည္း အရမ္းေကာင္းတာေၾကာင့္ ေနျခည္ကိုယ္တိုင္ပါ Mood ပါသြားတယ္။ တခ်ိဳ႔ေသာအခန္းေတြမွာ ေနျခည္ဘာလုပ္မလဲလို႔ စဥ္းစားေနတဲ့အခ်ိန္မွာ သူရုတ္တရတ္သရုပ္ေဆာင္ လိုက္တဲ့အခ်ိန္မွာ ေနျခည္ ဘာလုပ္ရမလဲဆိုတာကို ရုတ္တရတ္ Mood ဝင္သြားတာေပါ့။

ရန္ျဖစ္တာတို႔ စကားမ်ားတဲ့အခန္းေတြမွာ သူက ေယာက်ာ္းေလးတေယာက္လို မာန္ပါလာေတာ့ ေနျခည္မွာ Mood လိုက္ဝင္သြားတာပါ။ အဲ့တုန္းက တေယာက္နဲ႔ တေယာက္အေပးယူမ်ွတယ္လို႔ ထင္ပါတယ္။ မကစ္အတြက္လည္း ကာရိုက္တာအဆန္းျဖစ္သလို ေနျခည့္အတြက္လည္း ပထမဆံုးကား၊ ျပီးေတာ့ ရုပ္ရွင္ကားၾကီးတစ္ကားလို ၾကိဳးစားထားတာေၾကာင့္ လာၾကည့္ၾကပါလို႔ တိုက္တြန္းပါတယ္” ဟု ေျပာၾကားလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Real News


#Unicode Version#

Beauty Blogger နေခြည်ဦးဆိုပြီး လူစသိလာခဲ့တဲ့ ချီချီကတော့ လက်ရှိချိန်မှာ အောင်မြင်တဲ့ မော်ဒယ်မင်းသမီး တယောက်အဖြစ်ရပ်တည်နေနိုင်ပါပြီ။ စွဲမက်ဖွယ်ရာ ပုံသဏ္ဍာန်လေးနဲ့ စတိုင်လ်မိမိ ဝတ်စားတတ်တဲ့ နေခြည်ဦးကတော့ တဖြည်းဖြည်းနာမည်ရလာကာ ပရိသတ်လည်း အခိုင်အမာရရှိနေပါပြီ။

လက်ရှိမှာလည်း သူပထမဆုံး ပါဝင်ရိုက်ကူးထားတဲ့ ရန်သူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ လာမည့် ၁၄ ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်တာကြောင့် သူ့ပရိသတ်တွေလည်း ရင်ခုန်နေသလို သူကိုယ်တိုင်လည်း ရင်ခုန်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး သူပထမဆုံးပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားအတွက်သူကတော့ သမ္မတရုပ်ရှင်ရုံအပေါ်ထပ် တစ်ထပ်လုံးစာကို လက်မှတ်တွေ ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေခြည်ဦးကတော့ The Radar နဲ့ အင်တာဗျူးတွင် လက်မှတ်ဝယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး “ဟုတ်ပါတယ် နေခြည်က အဓိကကတော့ ရုပ်ရှင်ပထဆုံးပြမယ့်နေ့ ၁၄ ရက်နေ့မှာ နေခြည်နဲ့ ပတ်သက်တဲ့သူတွေ ပရိသတ်တွေအတွက် အပေါ်တထပ်လုံးစာလက်မှတ်တွေ ဝယ်ဖြစ်သွားတာပါ။

ဘာလို့လည်းဆိုတော့ နေခြည်ပရိသတ်တွေကလည်း များတယ်။ သူငယ်ချင်းတွေရော ပြီးတော့ နေခြည်ရဲ့ ပထမဆုံးဇာတ်ကားဆိုတော့ အမျိုးတွေရော နယ်က အမျိုးတွေရော အဘိုးတွေရော အဘွားတွေရော အမေရော အကုန်လာမှာဆိုတော့ နေခြည်မယူလို့က မရတော့ဘူး။ အယောက် ၃၀၀ လောက်ရှိတော့။ ပြီးတော့ နေခြည်အရမ်းအရမ်းကို ရင်ခုန်နေပါပြီ။

နေခြည့်ရုပ်ရှင်ကို ပိုက်ဆံပေးပြီး အမျိုးတွေကို လာကြည့်ခိုင်းရမှာဆိုတော့ နေခြည်လည်း အားနာတယ်လေ။ ဒါကြောင့်အဖေ့ကိုပဲ ပြောပြီး အဖေရယ်ဝယ်ပေးလိုက်ပါဆိုတာနဲ့ ဝယ်ပေးတာပါ။ ပြီးတော့ ပရိသတ်တွေနဲ့အတူ ပထမဆုံးပြမယ့်နေ့မှာပဲ ကြည့်ချင်ပါတယ်။

ခံစားချက်နဲ့ ပတ်သက်ပြီး “အရမ်းကြောက်တယ်။ ဘာလိ့ုလဲဆိုတော့ မကစ်သရုပ်ဆောင်တာ အရမ်းကောင်းတယ်။ နေခြည်ကိုယ်တိုင်လည်း မကစ်ကို အကယ်ဒမီမှန်းထားတာ။ ဒီကားမှာ သူ့အပြုအမူ သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းကောင်းတာကြောင့် နေခြည်ကိုယ်တိုင်ပါ Mood ပါသွားတယ်။ တချို့သောအခန်းတွေမှာ နေခြည်ဘာလုပ်မလဲလို့ စဉ်းစားနေတဲ့အချိန်မှာ သူရုတ်တရတ်သရုပ်ဆောင် လိုက်တဲ့အချိန်မှာ နေခြည် ဘာလုပ်ရမလဲဆိုတာကို ရုတ်တရတ် Mood ဝင်သွားတာပေါ့။

ရန်ဖြစ်တာတို့ စကားများတဲ့အခန်းတွေမှာ သူက ယောကျာ်းလေးတယောက်လို မာန်ပါလာတော့ နေခြည်မှာ Mood လိုက်ဝင်သွားတာပါ။ အဲ့တုန်းက တယောက်နဲ့ တယောက်အပေးယူမျှတယ်လို့ ထင်ပါတယ်။ မကစ်အတွက်လည်း ကာရိုက်တာအဆန်းဖြစ်သလို နေခြည့်အတွက်လည်း ပထမဆုံးကား၊ ပြီးတော့ ရုပ်ရှင်ကားကြီးတစ်ကားလို ကြိုးစားထားတာကြောင့် လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်” ဟု ပြောကြားလိုက်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top