ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ေကာ့ေထာ္ေက်းရြာတြင္ အသက္ ၁၅ ႏွစ္အရြယ္မိန္းကေလးတစ္ဦးအား တည္းခို ခန္းတြင္ တစ္ပါတ္ခန္႔ ေခၚထားၿပီး မိဘမ်ားထံ ေငြေတာင္းခံသည့္ အစ္ကိုဝမ္းကြဲျဖစ္သူအား ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ေၾကာင္း ေပါင္ၿမိဳ႕မ ရဲစခန္းမွ သိရွိရသည္။

မိန္းကေလးငယ္အား ေသြးေဆာင္ဖ်ားေယာင္းၿပီး ေမာ္လၿမိဳင္ၿမိဳ႕ရွိ တည္းခိုခန္းတစ္ခုသို႔ေခၚေဆာင္သြားသူက ဒီဇင္ဘာ ၂ ရက္၊ ညပိုင္းတြင္ မိန္းကေလးငယ္၏ မိဘမ်ားထံ ေငြက်ပ္ ၆ သိန္း လာေရာက္ေပးမွသာ သမီး ျဖစ္သူအား ျပန္လႊတ္ေပးမည္ဟု ဖုန္းဆက္အေၾကာင္းၾကားၿပီး ေငြေပးရမည့္ေနရာအား ခ်ိန္းဆိုစဥ္ ဖမ္းဆီးႏိုင္ခဲ့ ေၾကာင္း သိရသည္။

"သူတို႔ေမာင္ႏွမဝမ္းကြဲခ်င္းပဲ၊ ေကာင္မေလးကို အဝတ္အစားဝယ္ေပးမယ္ေျပာၿပီး တည္းခိုခန္းမွာ တစ္ပါတ္ ေလာက္ထားထားတာ၊ ၿပီးေတာ့ ေကာင္မေလးအေမဆီဖုန္းဆက္ၿပီး ေငြေတာင္းတာ၊ သူ႔အေမက လာအ ေၾကာင္းၾကားလို႔ ေငြေပးမယ္လို႔ေျပာဆိုခ်ိန္းၿပီး ဖမ္းဆီးလိုက္တာပါ။''ဟု ေပါင္ၿမိဳ႕မ ရဲစခန္းမွ ဒုရဲမွဴး ထြန္းေဇာ္ဦး က ေျပာသည္။

ေကာ့ေထာ္ေက်းရြာေနသူ အသက္ ၁၅ ႏွစ္အရြယ္အမ်ိဳးသမီးသည္ ႏိုဝင္ဘာ ၂၄ ရက္၊ ညေနပိုင္းတြင္ သူငယ္ခ်င္းျဖစ္သူႏွင့္ ရြာအတြင္းရွိ အပ္ခ်ဳပ္ဆိုင္သို႔သြားမည္ဟုေျပာၿပီး ေနအိမ္မွထြက္ခြာသြားခဲ့ရာ ညေန ၆း၀၀ နာရီထိ ေနအိမ္သို႔ျပန္မေရာက္သျဖင့္ သမီးျဖစ္သူ၏ သူငယ္ခ်င္းထံ မိဘမ်ားက သြားေရာက္စံုစမ္းရာ ၎၏ အစ္ကို ဝမ္းကြဲျဖစ္သူ ေကာ့ေထာ္ေက်းရြာေန ပဒါးတူး(ခ)စြပ္ပရား ၂၈ ႏွစ္က ေမာ္လၿမိဳင္တြင္ အဝတ္အစား ဝယ္ေပးမည္ဟုေျပာဆိုကာ ေခၚေဆာင္သြားေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

၎ကိုေခၚေဆာင္သြားၿပီး တစ္ပါတ္ခန္႔အၾကာ ဒီဇင္ဘာ ၂ ရက္၊ ည ၁၀း၀၀ နာရီခန္႔တြင္ ပဒါးတူး(ခ)စြပ္ပရားက အသက္ ၁၅ ႏွစ္အရြယ္အမ်ိဳးသမီး၏ မိခင္ထံ ဖုန္းဆက္ၿပီး ကြ်ဲၿခံေက်းရြာ၊ ေလာင္းလိုက္ကုမၸဏီလမ္းရွိ တဲတစ္ခုတြင္ ေငြလာေပးရန္ ခ်ိန္းဆိုသျဖင့္ မိခင္ျဖစ္သူက သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ားအား အေၾကာင္းၾကားၿပီး ပဒါးတူး ခ်ိန္းဆိုသည့္ ေနရာသို႔ ဆိုင္ကယ္ျဖင့္ေရာက္ရွိလာစဥ္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသြးေဆာင္ဖ်ားေယာင္းေခၚေဆာင္ထားၿပီး ေငြေတာင္းခံသူ ပဒါးတူး(ခ)စြပ္ပရားအား အေရးယူေပးရန္ အမ်ိဳးသမီး၏ မိခင္ျဖစ္သူက တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ေပါင္ၿမိဳ႕မ ရဲစခန္းက (ပ)၅၆၇ /၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၅ (လူကိုလွ်ိဳ႕ဝွက္စြာ မတရားသျဖင့္ခ်ဳပ္ေႏွာင္ထားရန္အႀကံျဖင့္ခိုးယူမႈ (သို႔မ ဟုတ္) ေသြးေဆာင္ဆြဲေခၚမႈ)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
ဖိုးသူေတ္ာ(www.phothutaw.com)
Credit:ရတနာပုံ ေန႕စဥ္သတင္းစာ
https://www.facebook.com/yadanabonnewspaper
#Unicode Version#
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာတွင် အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးအား တည်းခို ခန်းတွင် တစ်ပါတ်ခန့် ခေါ်ထားပြီး မိဘများထံ ငွေတောင်းခံသည့် အစ်ကိုဝမ်းကွဲဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ပေါင်မြို့မ ရဲစခန်းမှ သိရှိရသည်။

မိန်းကလေးငယ်အား သွေးဆောင်ဖျားယောင်းပြီး မော်လမြိုင်မြို့ရှိ တည်းခိုခန်းတစ်ခုသို့ခေါ်ဆောင်သွားသူက ဒီဇင်ဘာ ၂ ရက်၊ ညပိုင်းတွင် မိန်းကလေးငယ်၏ မိဘများထံ ငွေကျပ် ၆ သိန်း လာရောက်ပေးမှသာ သမီး ဖြစ်သူအား ပြန်လွှတ်ပေးမည်ဟု ဖုန်းဆက်အကြောင်းကြားပြီး ငွေပေးရမည့်နေရာအား ချိန်းဆိုစဉ် ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။

"သူတို့မောင်နှမဝမ်းကွဲချင်းပဲ၊ ကောင်မလေးကို အဝတ်အစားဝယ်ပေးမယ်ပြောပြီး တည်းခိုခန်းမှာ တစ်ပါတ် လောက်ထားထားတာ၊ ပြီးတော့ ကောင်မလေးအမေဆီဖုန်းဆက်ပြီး ငွေတောင်းတာ၊ သူ့အမေက လာအ ကြောင်းကြားလို့ ငွေပေးမယ်လို့ပြောဆိုချိန်းပြီး ဖမ်းဆီးလိုက်တာပါ။''ဟု ပေါင်မြို့မ ရဲစခန်းမှ ဒုရဲမှူး ထွန်းဇော်ဦး က ပြောသည်။

ကော့ထော်ကျေးရွာနေသူ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးသည် နိုဝင်ဘာ ၂၄ ရက်၊ ညနေပိုင်းတွင် သူငယ်ချင်းဖြစ်သူနှင့် ရွာအတွင်းရှိ အပ်ချုပ်ဆိုင်သို့သွားမည်ဟုပြောပြီး နေအိမ်မှထွက်ခွာသွားခဲ့ရာ ညနေ ၆း၀၀ နာရီထိ နေအိမ်သို့ပြန်မရောက်သဖြင့် သမီးဖြစ်သူ၏ သူငယ်ချင်းထံ မိဘများက သွားရောက်စုံစမ်းရာ ၎င်း၏ အစ်ကို ဝမ်းကွဲဖြစ်သူ ကော့ထော်ကျေးရွာနေ ပဒါးတူး(ခ)စွပ်ပရား ၂၈ နှစ်က မော်လမြိုင်တွင် အဝတ်အစား ဝယ်ပေးမည်ဟုပြောဆိုကာ ခေါ်ဆောင်သွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

၎င်းကိုခေါ်ဆောင်သွားပြီး တစ်ပါတ်ခန့်အကြာ ဒီဇင်ဘာ ၂ ရက်၊ ည ၁၀း၀၀ နာရီခန့်တွင် ပဒါးတူး(ခ)စွပ်ပရားက အသက် ၁၅ နှစ်အရွယ်အမျိုးသမီး၏ မိခင်ထံ ဖုန်းဆက်ပြီး ကျွဲခြံကျေးရွာ၊ လောင်းလိုက်ကုမ္ပဏီလမ်းရှိ တဲတစ်ခုတွင် ငွေလာပေးရန် ချိန်းဆိုသဖြင့် မိခင်ဖြစ်သူက သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များအား အကြောင်းကြားပြီး ပဒါးတူး ချိန်းဆိုသည့် နေရာသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သွေးဆောင်ဖျားယောင်းခေါ်ဆောင်ထားပြီး ငွေတောင်းခံသူ ပဒါးတူး(ခ)စွပ်ပရားအား အရေးယူပေးရန် အမျိုးသမီး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပေါင်မြို့မ ရဲစခန်းက (ပ)၅၆၇ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅ (လူကိုလျှို့ဝှက်စွာ မတရားသဖြင့်ချုပ်နှောင်ထားရန်အကြံဖြင့်ခိုးယူမှု (သို့မ ဟုတ်) သွေးဆောင်ဆွဲခေါ်မှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖိုးသူတေ်ာ(www.phothutaw.com)

Credit:ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top