ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရက္သတၱပတ္တစ္ခုရဲ႕ ခုႏွစ္ရက္ေျမာက္ေန႔ျဖစ္တဲ့ တနဂၤေႏြေန႔ဟာဆိုရင္ ေနကို ကိုယ္စားျပဳတဲ့ ရက္လည္းျဖစ္ပါတယ္။ တနဂၤေႏြသားသမီးေတြဟာ ထင္ရွားတယ္၊ တီထြင္ဖန္တီးႏိုင္စြမး္ျမင့္တဲ့အျပင္ အျခားေသာ စိတ္ေနစိတ္ထားေတြနဲ႔ ေမြးရာပါ အားသာခ်က္ေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

(၁) တနဂၤေႏြသားသမီးေလးေတြဟာ ဘဝကို အေကာင္းျမင္စိတ္ရွိသူေတြျဖစ္ျပီး ေမြးရာပါ စိတ္သေဘာထားၾကီးတဲ့သူေတြျဖစ္ပါတယ္။ ယံုၾကည္စိတ္ခ်ရတဲ့သူေတြလည္း ျဖစ္ပါတယ္။

(၂) တနဂၤေႏြသားသမီးေလးေတြဟာ ေအးေအးေဆးေဆး ေနတတ္သူေတြျဖစ္တဲ့အျပင္ သီးသန္႔ေလးေနခ်င္ၾကတဲ့ သူေတြျဖစ္တာေၾကာင့္ အေပါင္းအသင္းလည္း နည္းပါတယ္။ သံသယမ်ားတတ္သူေတြျဖစ္လုိ႔ လူတုိင္းကို မယံုတတ္တဲ့သူေတြပါ။

(၃) တနဂၤေႏြသားသမီးေလးေတြဟာ အရမး္ကို ခံစားလြယ္သူေလးေတြျဖစ္သလို လူေတြဆီက ေဝဖန္ေျပာဆိုမႈေတြကို ၾကားရတဲ့အခါမွာလည္း အခ်ိန္အၾကာၾကီးေတြးေတာေနတတ္သူေတြ ျဖစ္ပါတယ္။

(၄) သူတို႔ေလးေတြဟာ အေတြးအရမး္မ်ားသူေတြျဖစ္ပါတယ္။ တစ္ခါတေလ ေတြးရင္းေတြးရင္း လက္ေတြ႕နဲ႔ ကြာဟခ်က္ေတြ အရမး္မ်ားသြားတဲ့အခါ စိတ္အားငယ္တာ၊ စိတ္ဓာတ္က်တာမ်ိဳးေတြ ခဏခဏၾကံဳရတဲ့သူေတြပါ။

(၅) တနဂၤေႏြသားသမီးေလးေတြဟာ ပင္ကိုယ္သဘာဝအရ ကူညီရိုင္းပင္းခ်င္တဲ့စိတ္ ရွိၾကတယ္ဆိုေပမယ့္ စိတ္ေတာ့သိပ္မရွည္ၾကပါဘူး။ စိတ္တို၊ စိတ္ဆတ္သူေလးေတြ ျဖစ္တဲ့အေလ်ာက္ သူတို႔နဲ႔ ပတ္သက္ေတာ့မယ္ဆိုရင္ ဘယ္အရာမွာမဆို သြယ္ဝိုက္မေနပဲ ပြင့္ပြင့္လင္းလင္း ေပါငး္သင္းဆက္ဆံဖို႔လိုပါတယ္။

(၆) တနဂၤေႏြသားသမီးေလးေတြဟာ အရမး္ကို ေစ့စပ္ေသခ်ာတဲ့သူေတြျဖစ္သလို၊ ဘယ္အရာကိုပဲလုပ္လုပ္ အေသးအမႊားကအစ အရမး္ကို ဂရုစိုက္တတ္သူေတြျဖစ္ပါတယ္။ ဘယ္အရာကိုပဲလုပ္လုပ္ အေကာင္းဆံုးျဖစ္ေအာင္ အစြမး္ကုန္ၾကိဳးစားၾကတဲ့သူေတြျဖစ္ပါတယ္။

(၇) တနဂၤေႏြသားသမီးေလးေတြဟာ အဆင့္အတန္းျမင့္ျမင့္ ေနခ်င္သူေတြျဖစ္သလို၊ မိမိရဲ႕ ဂုဏ္သိကၡာကိုလည္း အထူးဂရုစိုက္သူေတြျဖစ္ပါတယ္။ အဝတ္အစား ဝတ္တာကအစ၊ စကားေျပာတာအဆံုး ျပီးစလြယ္လုပ္တတ္တဲ့ သူေတြမဟုတ္ပါဘူး။

(၈) တနဂၤေႏြသားသမီးေလးေတြဟာ ထိန္းခ်ဳပ္ရခက္တဲ့ သူမ်ိဳးေတြျဖစ္ပါတယ္။ ကိစၥတစ္ခုခုကို လုပ္ခ်င္ျပီဆိုရင္ တားလို႔မရသလို၊ မလုပ္ခ်င္တာကိုလည္း အတင္းခိုင္းလို႔မရတဲ့ သူမ်ိဳးေတြျဖစ္ပါတယ္။

(၉) တနဂၤေႏြသားသမီးေလးေတြဟာ ဥာဏ္ရည္ျမင့္မားတဲ့သူေတြျဖစ္ျပီး အရမး္ကို အကင္းပါးကာ မ်က္ႏွာရိပ္မ်က္ႏွာကဲ ခ်က္ခ်င္း ဖမ္းတတ္တဲ့သူေတြျဖစ္ပါတယ္။

(၁၀) တနဂၤေႏြသားသမီးေလးေတြဟာ ေခါင္းေဆာင္ႏုိင္စြမး္ ျမင့္မားသူေတြျဖစ္တာေၾကာင့္ ထူးခၽြန္တဲ့ ေခါင္းေဆာင္ေကာင္းေတြ ျဖစ္လာႏိုင္သလုိ၊ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူေတြလည္း ျဖစ္လာႏိုင္တဲ့ အရည္အခ်င္းေတြ ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 21HrNews
# Unicode Version ျဖင့္ ဖတ္ပါ #
ရက်သတ္တပတ်တစ်ခုရဲ့ ခုနှစ်ရက်မြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ဟာဆိုရင် နေကို ကိုယ်စားပြုတဲ့ ရက်လည်းဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးတွေဟာ ထင်ရှားတယ်၊ တီထွင်ဖန်တီးနိုင်စွမ်းမြင့်တဲ့အပြင် အခြားသော စိတ်နေစိတ်ထားတွေနဲ့ မွေးရာပါ အားသာချက်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) တနင်္ဂနွေသားသမီးလေးတွေဟာ ဘဝကို အကောင်းမြင်စိတ်ရှိသူတွေဖြစ်ပြီး မွေးရာပါ စိတ်သဘောထားကြီးတဲ့သူတွေဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၂) တနင်္ဂနွေသားသမီးလေးတွေဟာ အေးအေးဆေးဆေး နေတတ်သူတွေဖြစ်တဲ့အပြင် သီးသန့်လေးနေချင်ကြတဲ့ သူတွေဖြစ်တာကြောင့် အပေါင်းအသင်းလည်း နည်းပါတယ်။ သံသယများတတ်သူတွေဖြစ်လို့ လူတိုင်းကို မယုံတတ်တဲ့သူတွေပါ။

(၃) တနင်္ဂနွေသားသမီးလေးတွေဟာ အရမ်းကို ခံစားလွယ်သူလေးတွေဖြစ်သလို လူတွေဆီက ဝေဖန်ပြောဆိုမှုတွေကို ကြားရတဲ့အခါမှာလည်း အချိန်အကြာကြီးတွေးတောနေတတ်သူတွေ ဖြစ်ပါတယ်။

(၄) သူတို့လေးတွေဟာ အတွေးအရမ်းများသူတွေဖြစ်ပါတယ်။ တစ်ခါတလေ တွေးရင်းတွေးရင်း လက်တွေ့နဲ့ ကွာဟချက်တွေ အရမ်းများသွားတဲ့အခါ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာမျိုးတွေ ခဏခဏကြုံရတဲ့သူတွေပါ။

(၅) တနင်္ဂနွေသားသမီးလေးတွေဟာ ပင်ကိုယ်သဘာဝအရ ကူညီရိုင်းပင်းချင်တဲ့စိတ် ရှိကြတယ်ဆိုပေမယ့် စိတ်တော့သိပ်မရှည်ကြပါဘူး။ စိတ်တို၊ စိတ်ဆတ်သူလေးတွေ ဖြစ်တဲ့အလျောက် သူတို့နဲ့ ပတ်သက်တော့မယ်ဆိုရင် ဘယ်အရာမှာမဆို သွယ်ဝိုက်မနေပဲ ပွင့်ပွင့်လင်းလင်း ပေါင်းသင်းဆက်ဆံဖို့လိုပါတယ်။

(၆) တနင်္ဂနွေသားသမီးလေးတွေဟာ အရမ်းကို စေ့စပ်သေချာတဲ့သူတွေဖြစ်သလို၊ ဘယ်အရာကိုပဲလုပ်လုပ် အသေးအမွှားကအစ အရမ်းကို ဂရုစိုက်တတ်သူတွေဖြစ်ပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးစားကြတဲ့သူတွေဖြစ်ပါတယ်။

(၇) တနင်္ဂနွေသားသမီးလေးတွေဟာ အဆင့်အတန်းမြင့်မြင့် နေချင်သူတွေဖြစ်သလို၊ မိမိရဲ့ ဂုဏ်သိက္ခာကိုလည်း အထူးဂရုစိုက်သူတွေဖြစ်ပါတယ်။ အဝတ်အစား ဝတ်တာကအစ၊ စကားပြောတာအဆုံး ပြီးစလွယ်လုပ်တတ်တဲ့ သူတွေမဟုတ်ပါဘူး။

(၈) တနင်္ဂနွေသားသမီးလေးတွေဟာ ထိန်းချုပ်ရခက်တဲ့ သူမျိုးတွေဖြစ်ပါတယ်။ ကိစ္စတစ်ခုခုကို လုပ်ချင်ပြီဆိုရင် တားလို့မရသလို၊ မလုပ်ချင်တာကိုလည်း အတင်းခိုင်းလို့မရတဲ့ သူမျိုးတွေဖြစ်ပါတယ်။

(၉) တနင်္ဂနွေသားသမီးလေးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့သူတွေဖြစ်ပြီး အရမ်းကို အကင်းပါးကာ မျက်နှာရိပ်မျက်နှာကဲ ချက်ချင်း ဖမ်းတတ်တဲ့သူတွေဖြစ်ပါတယ်။

(၁၀) တနင်္ဂနွေသားသမီးလေးတွေဟာ ခေါင်းဆောင်နိုင်စွမ်း မြင့်မားသူတွေဖြစ်တာကြောင့် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်သလို၊ အောင်မြင်ကျော်ကြားတဲ့သူတွေလည်း ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 21HrNews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top